မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ဈေးကွက်ဟာ ၂၀၂၅ ခုနှစ်မှာ တော်တော်အောင်မြင်လာနေပြီး2025ခုနှစ်ရဲ့ ပထမသုံးလ အတွင်း ရောင်းအား (၂၅.၇%) တိုးတက်ခဲ့တာကို တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ BYD, MG, Leap Motor နဲ့ Neta တို့က ပူးပေါင်းပြီး (၈၅%) ဝင်ရောက်မှုရှိခဲ့ပြီး၊ အဓိကအဖြစ် BYD ဟာ (၃၅.၉%) နဲ့ ဦးဆောင်နေပါတယ်။
မော်ဒယ်အလိုက်အရ BYD-Atto-3 ဟာ ထိပ်ဆုံးနေရာကို ရယူထားပြီး၊ MG ZS EV ဟာ မျှော်လင့်ထားသလိုမရှိပေမယ့် စျေးကွက်အနေနဲ့ ထပ်မံတိုးလာဖို့မျှော်လင့်ရပါတယ်။ Toyota ကလည်း (၁၈၄%) ခန့်တက်လာပြီး ထိပ်တန်း Top 5 ထဲကို ပြန်ဝင်လာတာကိုတွေ့ရပါတယ်။
ဒါ့အပြင် EV ဈေးကွက်အနေနဲ့တော့ ၂၀၂၅ ပထမသုံးလ အတွင်း Ev ကားတွေရဲ့ရောင်းအား (၃၁.၇%) တိုးလာခဲ့ပြီး၊ အစိုးရရဲ့ အခွန်လျော့ ကကောက်ပေးမှု၊ တရုတ်ကုမ္ပဏီ BYD နဲ့ MG တို့ရဲ့ ဦးတည်တိုးချဲ့မှုကိုမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။
Article Reference: Focus2Move – Myanmar Vehicle Industry 2025