မဖြစ်မနေ တပ်ဆင်ရန် လိုအပ်သည့် အသက်ကယ် ထိုင်ခုံခါးပတ်နှင့် ရောင်ပြန်များအကြောင်း


ကနဦးမှတ်ပုံတင်ယာဉ်များ စစ်ဆေးရာတွင် မူလထုတ်လုပ်သူ၏ စံသတ်မှတ်ချက် ပုံစံအတိုင်း အသက်ကယ် ထိုင်ခုံခါးပတ် (Selt Belt) ပါရှိကြောင်း စစ်ဆေးပြီး ပြည့်စုံ ကောင်းမွန်မှု ရှိမှသာ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

နှစ်လဲနှင့် အခြားမှတ်ပုံတင်လုပ်ငန်းများတွင် (Seat Belt) တပ်ဆင်ထားမှုနှင့် အသုံးပြုနိုင်မှုကို အောက်ပါနည်းလမ်းများအတိုင်း စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

 

  • “6C” အက္ခရာနှင့်အထက် လူစီးယာဉ်များအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) များ တပ်ဆင် ပါရှိရမည်။
  • “6C” အက္ခရာအောက် ယာဉ်ဖြစ်သော်လည်း ၁၉၉၅ ခုနှစ်နှင့်အထက် ထုတ်လုပ်သည့် ယာဉ်များအားလုံး မူလစက်ရုံထုတ်ပုံစံတွင် ပါရှိသည့်အတိုင်း အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) တပ်ဆင်ပါရှိရမည်။
  • Pick Up, Light Truck, Truck, City Bus ယာဉ်များအားလုံး ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံခါးပတ် (Driver Seat Belt) မဖြစ်မနေ တပ်ဆင် ပါရှိရမည်။
  • ကျောင်းသားများ ပို့ဆောင်သော School Bus နှင့် ခရီးသည်ပို့ဆောင်သော အဝေးပြေး Express Bus ယာဉ်များအားလုံး ယာဉ်မောင်းနှင့် စီးနင်းသူများအတွက် အသက်ကယ် ထိုင်ခုံခါးပတ် (Seat Belt) ပြည့်စုံစွာ တပ်ဆင် ပါရှိရမည်။

 

အထက်ဖော်ပြပါ ယာဉ်များတွင် (Seat Belt) များ ပြည့်စုံစွာ မပါရှိခြင်း၊ ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း မရှိပါက မှတ်ပုံတင်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးမည် မဟုတ်သည့်အပြင် အရေးယူမှုများလည်း လုပ်ဆောင်သွားမည် ဖြစ်သည်။

 

မော်တော်ယာဉ်အမျိုးအစားအလိုက် တပ်ဆင်ရမည့် ရောင်ပြန်များကို အောက်ဖော်ပြပါပုံတွင် ကြည့်ရှုနိုင်သည်။

 

 

Read 28 times