ကနဦးယာဉ်မှတ်ပုံတင်ခများကို မတ်လကုန်အထိ ငွေသားဖြင့်သာ လက်ခံမည်


၂၀၂၃- ၂ဝ၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ကနဦးမှတ်ပုံတင်လုပ်ငန်း ငွေခန်းပိတ်ချိန်နှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးချက် ထုတ်ပြန် ကြေညာထားသည်။

 

ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့် ဌာနစာရင်း ကိုက်ညီမှု ရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်အခငွေများကို PO၊ ဘဏ်ငွေသွင်း ချလန်ဖြင့် လက်ခံ ဆောင်ရွက်ခြင်းအား ယခု မတ်လ (၂၂) ရက်ထိသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်သည်။ 

 

လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှု ရှိစေရန်အတွက် မတ်လ (၂၅) ရက်မှ မတ်လ (၂၉) ရက်နေ့ နေ့လည် (၁၂) နာရီအထိ ငွေသားဖြင့် လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

လာမည့် ဧပြီလ (၁) ရက်နေ့မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် ပြန်လည် လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်လုပ်ငန်း ငွေခန်းများအား…

  • ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (နေပြည်တော်)
  • ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (ထောက်ကြန့်)
  • ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (ရွာသာကြီး) 
  • ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး) တို့တွင် ဖွင့်လှစ်၍ PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံ ဆောင်ရွက်လျက် ရှိသည်။
Read 287 times