လာမယ့် ဩဂုတ်လ (၁၈) ရက်နေ့ ကျင်းပ ပြုလုပ်မယ့် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ


ရန်ကုန်မြို့မှာ လာမယ့် ဩဂုတ်လ (၁၈) ရက်ကနေ (၂၀) ရက်နေ့အထိ ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ Renewable Energy and EV Myanmar 2023 ( REEV Myanmar 2023 ) ကို ပြုလုပ် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

 

အဆိုပါ ပြပွဲကို မြန်မာနိုင်ငံ​ မော်​တော်ယာဥ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူး ရောင်းချသူများအသင်း (MAMDA) နဲ့ IMS Silver Sea Exhibition Co. Ltd. တို့ ပူး​ပေါင်း စီစဉ်တာ ဖြစ်ပြီး Yangon Convention Center- YCC မှာ ကျင်းပ ပြုလုပ်သွားမှာပါ။

 

REEV Myanmar 2023 မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ( နေ‌ရောင်ခြည်စွမ်းအင်နှင့် ဆက်စပ်ပစ္စည်း ) တွေ၊ လျှပ်စစ်ကား EV တွေကို ခင်းကျင်း ပြသသွားမှာ ဖြစ်ပြီး ဆိုလာနဲ့ ပတ်သက်တဲ့ ပစ္စည်း​တွေ ဝန်​ဆောင်မှု​တွေကို တစ်​နေရာတည်း တစ်စုတစ်​ဝေးတည်းမှာ ရွေးချယ် ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့  ဟောပြော ဆွေးနွေးပွဲတွေကိုလည်း အခမဲ့ ကြည့်ရှု နားထောင်နိုင်မှာ ဖြစ်ပါတယ်။ 

 

ပါဝင် ပြသမယ့် ကုမ္ပဏီများ

  • Dagon Group
  • Huawei
  • Global Star 
  • Shwe Gabar
  • Stano
  • G Link Electro Trading
  • Sun Power
  • Shwe Lamin Nagar
  • Diamond Eagle
  • Winning Way
  • MTKK
  • Yoma Mandalay
  • GNE
  • Advantage Trade Company
  • Heli
  • Indigo Energy
  • Disquine
  • GBS
  • Viettel

 

Ad  > Super Apollo

 

Main Sponsor များ

  • Global Star Co.,Ltd ( Huawei Fusion Solar ) 
  • Dagon Property 
  • MAEX - Myanmar Agro Exchange Public Ltd

 

Diamond Sponsor များ 

  • Shwe Gabar Electronic & Solar Energy 
  • Golden World One Stop Energy Solution

 

Gold Sponsor များ

  • Stanol Myanmar
  • Sun Power
  • G Link Electro Trading Co.,Ltd 

 

ပြပွဲနေ့ရက် - သြဂုတ်လ (၁၈) ရက်မှ (၂၀) ရက်နေ့ထိ

ပြပွဲအချိန်   - မနက် (၁၀) နာရီမှ ညနေ (၅) နာရီထိ

ပြပွဲနေရာ - Yangon Convention Center- YCC ( ရန်ကုန်ကွန်ဗန်းရှင်းစင်တာ )

 

ပြပွဲအကြောင်း ပိုမို သိရှိလိုပါက ဆက်သွယ်ရန်

09 421 889 565, 09 431 251 85

Read 535 times