အိန္ဒိယကုမ္ပဏီတစ်ခုက စစ်ကိုင်းတိုင်းတွင် စက်သုံးဆီ အရောင်းဆိုင်များ လာရောက် ဖွင့်လှစ်မည်


အိန္ဒိယအစိုးရပိုင် ကုမ္ပဏီတစ်ခုက လာမည့် ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ စက်သုံးဆီ လက်လီအရောင်းဆိုင်များ  ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

 

အဆိုပါကုမ္ပဏီသည်  အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှ   Numaligarh Refinery Limited (NRL) အမည်ရှိ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီဆိုင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာရောက် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

 

Numaligarh Refinery Limited (NRL) ကုမ္ပဏီသည် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုရေးမြို့နှင့် နီးကပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားမှု ရှိနေခြင်း ဖြစ်သည်။

 

     Advertisement

Click Here >  Myittar Mon

 

လက်ရှိတွင် အဆိုပါ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် NRL ဘက်မှ ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး လုပ်ငန်းစတင်မှုကို လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြုလုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

ယင်းကုမ္ပဏီသည်  အာသံပြည်နယ်တွင် ရေနံချက်စက်ရုံ (၄) ရုံ ရှိပြီး ထိုစက်ရုံများထဲမှ တစ်ရုံကို မိုရေးမြို့အနီး နူမာလီဂါတွင် ထူထောင်ထားခြင်း ဖြစ်သည်။    သို့ဖြစ်၍ အဆိုပါစက်ရုံမှ   ထွက်ရှိလာမည့် စက်သုံးဆီများကို စစ်ကိုင်းတိုင်းဒေသကြီးသို့ ပို့ဆောင်ကာ စက်သုံးဆီလက်လီဆိုင်များ ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

NRL ကုမ္ပဏီသည် ရူပီးကုဋေ  ၂၈,၀ဝ၀  ရင်းနှီမြှုပ်နှံ လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး တစ်နှစ်လျှင် စက်သုံးဆီ ထုတ်လုပ်နိုင်စွမ်းအား မက်ထရစ်တန် (၃) သန်းမှ (၉) သန်းအထိ တိုးမြှင့် ထုတ်လုပ်နိုင်ကြောင်း  သိရ သည်။

 

Read 682 times