မော်တော်ယာဉ်တင်သွင်းခြင်း အစီအစဉ် (၃) ခု ယာယီရပ်ဆိုင်း ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ


လူစီးမော်တော်ယာဉ်တင်သွင်းခြင်း အစီအစဉ် (၃) ခု ယာယီရပ်ဆိုင်း ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါသည်။ 


“ လူစီးမော်တော်ယာဉ်တင်သွင်းခွင့်အားယာယီရပ်ဆိုင်းခြင်းကိစ္စအသိပေးကြေညာခြင်း "


ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် COVID-19 ရောဂါကူးစက်မှုနောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ နိုင်ငံ၏ ပို့ကုန်တင်ပို့မှု လျော့ကျခြင်း  အစရှိသည့်အကြောင်းရင်းများကြောင့် ပြည်ပမှ ကုန်စည်များတင်သွင်းမှုနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြေးအသုံးပြုမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ အောက်ပါအစီအစဉ်များဖြင့် လူစီးမော်တော်ယာဉ်တင်သွင်းမှုများအတွက် တင်သွင်းခွင့်ပါမစ်/လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းကို ၁.၁၀.၂၀၂၁ ရက်မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်


(က) လူတစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခြင်းနှင့် ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းခြင်းအစီအစဉ်၊


(ခ) မော်တော်ယာဉ်အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ တင်သွင်းခြင်းအစီအစဉ်၊


(ဂ) ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူများအား သက်ဆိုင်ရာဌာနများ ခွင့်ပြုချက်ရရှိထားသည့် ဝန်ထမ်းတစ်ဦးချင်းတင်သွင်းခွင့်ပါမစ်ထုတ်ပေးခြင်းအစီအစဉ်၊


ထို့အပြင် မော်တော်ယာဉ်အရောင်းစင်တာအသစ်ဖွင့်လှစ်ခွင့်အား ၁.၁၀.၂၀၂၁ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။


ကုန်သွယ်ရေးဦးစီးဌာန

 

 

Read 543 times