၀န်ထမ်းပါမစ်ဖြင့် တင်သွင်းခွင့် အစီးရေ သုံးရာနှင့် ဝယ်ယူခွင့်အစီးရေ ၁၉၀ ထုတ်ပေးပြီးဖြစ်


ဝန်ထမ်းပါမစ်ဖြင့် တင်သွင်းခွင့်အစီးရေ သုံးရာနှင့် ဝယ်ယူခွင့် အစီးရေ ၁၉၀ ထုတ်ပေးပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်ပါမစ်ထုတ်ပေးရာတွင် အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြား ရေးမှူးများကို ရာထူးအဆင့်အလိုက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် အစောင်ရေတစ်ထောင်ကျော်အထိ ထုတ်ပေးမည်ဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက် ဝန်ထမ်းများကို ဝယ်ယူခွင့်ပါမစ် ကိုးထောင်ဝန်းကျင်အထိ ထုတ်ပေးမည်ဖြစ်သည်။ လက်ရှိတွင် ဒီဇင်ဘာ ၂၇ ရက်အထိ ဝန်ထမ်းပါမစ်ဖြင့် တင်သွင်းခွင့် အစီးရေ သုံးရာနှင့် ဝယ်ယူခွင့် အစီးရေ ၁၉၀ ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ 
"ဝန်ထမ်းပါမစ် ထုတ်ပေးရာမှာ ရာထူးအဆင့်အလိုက်၊ ဌာနဆိုင်ရာအလိုက် ထုတ်ပေးတာမျိုးမဟုတ်ပါဘူး၊ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အထောက်အထားပြည့်စုံတဲ့ ပါမစ်တွေကို ထုတ်ပေးတာ ဖြစ်ပါတယ်၊ အပြောင်းအလဲအနေနဲ့ကတော့ လက်/ညွှန်အောက်တွေကို ပါမစ်လျှောက်ရတာ လွယ်ကူအောင် ဖြေလျှော့ပေးတာပဲ ရှိပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ် ဝယ်ယူခွင့်ပြုရာတွင် အမြဲ တမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်များအတွက် ၃၅၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၅၀ဝ နှင့်ညီ မျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအတွက် ၂၅၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှသော CIF တန်ဖိုး၊ ညွှန်ကြားရေးမှူးများအတွက် ၂၀ဝ၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးများအတွက် ၁၈၀ဝ စီစီနှင့်အောက် သိန်း ၃၀ဝ နှင့် ညီမျှသော CIF တန်ဖိုး ကားများအတွက် ပြည်ပမှ တင်သွင်းခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ပြီး လက်ထောက် ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ဝန်ထမ်းများ အတွက် SKD စနစ် မော်တော်ယာဉ်များ ဝယ်ယူမည်ဆိုပါက ၁၈၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ တန်ဖိုးနှင့်ညီမျှသော (စက်ရုံထုတ်ရောင်းဈေး)ကားများနှင့် အရောင်းပြခန်းမှ မော်တော်ယာဉ်များ ဝယ်ယူမည်ဆိုပါက ၁၃၅၀ စီစီနှင့် အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီ မျှသော(CIF တန်ဖိုး)ကားများ ဝယ်ယူခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

Ref : Automobile

Read 250 times