တစ်နေရာမှ တစ်နေရာသို့ ကမ္ဘာ့ခေါင်းဆောင်တွေကို သယ်ယူပို့ဆောင်ရေးဟာ ရှုပ်ထွေးလှပါတယ်။ များသောအားဖြင့် ဘေးကင်းလုံးခြုံရေးအတွက် မော်တော်ယာဉ်များ၊ အစောင့်အကြပ်များနှင့် ကျည်ကာကား သုံးစွဲမှု၊ ဗုံးရှာဖွေရေးတို့ကို မဖြစ်မနေ ဆောင်ရွက်ပေးကြရပါတယ်။
ထိုခေတ်မီနည်းပညာတွေကို နိုင်ငံရေးခေါင်းဆောင်တွေအတွက် သယ်ယူပို့ဆောင်ရေးမှာ စတိုင်ကျသောကားများအဖြစ် ထည့်သွင်းရန်မှာလည်း လွယ်ကူသော အလုပ် မဟုတ်ပါ။
ယနေ့ပုံရိပ်တွေမှာ သမ္မတTrump ကိုသယ်ယူပို့ဆောင်ပေးသော ပြိုင်ဘက်ကင်း Cadillac One နဲ့ ဥရုဂွေးသမ္မတဟောင်း Josè Mujica မောင်းနှင်တဲ့ 88 Volkswagen Beetle တွေလို နိုင်ငံခေါင်းဆောင်တွေ စီးတဲ့ တရားဝင်အစိုးရယာဉ်တွေကို မြင်တွေ့ရပါတယ်။
အသုံးများတဲ့ ကား brand များ
TitleMax ရဲ့ အချက်အလက်တွေအရ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် အကြိုက်ဆုံးကားအမှတ်တံဆိပ်မှာ Mercedes–Ben ဖြစ်ပြီး S-Class တွေဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တော်တော်များများဟာ Mercedes–Benz နဲ့ BMW တို့လို ဇိမ်ခံကားအမှတ်တံဆိပ်တွေကို သူတို့နိုင်ငံရဲ့ ခေါင်းကြီးပိုင်းတွေကို ပို့ဆောင်ရာမှာ အသုံးပြုကြပါတယ်။ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်နဲ့ ဆွီဒင်နိုင်ငံတို့ကတော့ သူတို့ရဲ့ ပြည်တွင်းအမှတ်တံဆိပ်တွေကထုတ်လုပ်သော မော်တော်ယာဉ်များကိုသာ ရွေးချယ်သောနိုင်ငံများဖြစ်ကြပါတယ်။
အန္တရာယ်ကင်းရှင်းရေးသာ ပထမ
အမေရိကန်ပြည်ထောင်စုဟာ သမ္မတလုံခြုံရေးအတွက် အသုံးပြုသော ကုန်ကျစရိတ်က သိပ်မများပေမဲ့ “The Beast“လို့အမည်တပ်ထားသော သမ္မတ Trump ရဲ့ Cadillac One ကတော့ ခြွင်းချက်ပါပဲ။
ကားက သံချပ်ကာတင့်ကားလိုဖြစ်ပြီး၊ တံခါးများမှာ ဘိုးအင်း၇၅၇ လေယာဉ်တံခါးတွေလို ထူထူထဲထဲ လေးလံပါတယ်။
မျက်ရည်ယိုဗုံးများကို ပစ်လွှတ်သည့် စက်များနှင့် သမ္မတ၏သွေးအမျိုးအစားနှင့်ကိုက်ညီသော သွေးရည်များလည်း အရေးပေါ်အတွက် အသင့်ထားရှိပါတယ်။
ဩစတေးလျ ဝန်ကြီးချုပ် Malcolm Turnbull ဆိုရင် အောက်ဆီဂျင်ထောက်ပံ့မှုနှင့် အဆိပ်ဓာတ်ငွေ့ အာရုံခံကိရိယာများ အပါအဝင် အထင်ကြီးစရာကောင်းတဲ့ လုံခြုံရေးဆိုင်ရာအစီအမံများပါဝင်သည့် BMW 7Series ကို စီးနင်းခဲ့တာဖြစ်ပါတယ်။
အဟောင်းထဲကအကောင်း
နိုင်ငံများစွာတွင် ခေတ်မီ ဇိမ်ခံကားတွေ ရှိသော်လည်း အချို့သောနိုင်ငံအကြီးအကဲများသည် ခေတ်ဟောင်းကားများကိုသာ ရွေးချယ်ကြပါတယ်။
ယခင် Tonga ဘုရင် George Tupou V သည် ၁၉၄၉ထုတ် Humber Pullmanနှင့် သူရဲ့ စိတ်ကြိုက်London taxi တို့ကိုစီးနင်းပြီး ခရီးသွားရတာကို နှစ်သက်ပါတယ်။
Rolls-Royce Phantom IVသည် အချို့သောအရာတွေမှာ ခမ်းနားထည်ဝါမှုတွေအတွက် စံပြုလောက်ပါတယ်။ ၁၉၅၀နဲ့ ၁၉၅၆ခုနှစ်အတွင်း ၁၈စီးသာထုတ်လုပ်တာဖြစ်ပြီး၊ တော်ဝင်မိသားစုများနှင့် ပြည်နယ်အကြီးအကဲတွေက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဤသမိုင်းဝင်မော်တော်ယာဉ်တွေထဲမှ သုံးစီး ကိုအခမ်းအနားများအတွက် စပိန်နိုင်ငံအစိုးရမှအသုံးပြုဆဲဖြစ်သည်။
အထူးတလည် အခမ်းအနား ချီလီခေါင်းဆောင်တွေဟာ ၁၉၆၆ခုနှစ်ထုတ် Ford Galaxie ကိုစီးနင်းခဲ့ပါတယ်။ ဘုရင်မ Elizabeth II လက်ဆောင်ပေးခဲ့တဲ့ အဆိုပါကားကို ၁၀နှစ်တာစီးနင်းခဲ့ပါတယ်။
ဒက်ချ်ဘက်ကိုသွားရောက်
နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ကတော့ စက်ဘီးစီးဖို့အတွက် သူ့ရဲ့ Mercedes–Benz S-Class ကို ရံဖန်ရံခါမှသာ စီးနင်းခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံတွေမှာ အခုလို ဝန်ကြီးချုပ်က ကားမစီးပဲ စက်ဘီးနင်းနေတာဟာ အထူးအဆန်း လို့ ဆိုနိုင်သော်လည်း နယ်သာလန်မှာတော့ နိုင်ငံရဲ့ လေးပုံတစ်ပုံသော လူဦးရေဟာ စက်ဘီးကို နေ့တိုင်းစီးနင်းကြတာဖြစ်ပါတယ်။
Ref: Visual Capitalist