မြန်မာပြည်သို့ ရောက်ရှိလာမည့် သိန်း ၁၅၀ တန် ၂၀၂၀ ရုပ်ထွက်နှင့် ၁ တန်ကား


မြန်မာပြည်သို့ ရောက်ရှိလာမည့် ၂၀၂၀ Suzuki Carry Truck သည် သိန်း ၁၅၀ နှင့် ရရှိနိုင်မည် ဖြစ်သည်။
ထိုကုန်တင်ယာဉ်၏ ကိုယ်ထည်၊  ၊ Utility Van နှင့် Cargo Van ဖွဲ့စည်းမှုများ ရရှိနိုင်သည့်ထရပ်ကား ဖြစ်ပါသည်။ အဆိုပါ Carry ကားသည် သာယာကြည်နူးဖွယ်ကောင်းအောင် ဒီဇိုင်းပြုလုပ်ထားခြင်းမဟုတ်ကြောင်း သိနိုင်သည်။ Carry ကားတစ်စီးလုံးသည် စီးပွားရေးလုပ်ငန်းသုံးနှင့် ပတ်သက်သော ကိစ္စရပ်များအတွက်သာ ဖြစ်သည်။ Carry ကားသည် လုပ်ငန်းသုံး ဖြစ်သော်လည်း ကားအရှေ့ပိုင်းသည် Super Carry ထက် ပိုမိုကောင်းမွန်သည်ဟု ဆိုရပေမည်။ ရှေ့မီးကျယ်နှင့် ရှေ့ဘမ်ပါပုံစံအသစ် နှစ်မျိုးသည် ပိုမိုခန့်ထည်သောသော အသွင်အပြင်ကို ပေးသည်။ 

Carry ကားသည် တစ်တန်ခန့်နှင့်ညီမျှသော (စီးနင်းသူများ အပါအ၀င်) ၉၄၀ ကီလိုဂရမ်သယ်ဆောင်နိုင်စွမ်းရှိသည်။ ကားနောက်ကျောသည် ကျယ်ဝန်းပြီး အရှည် ၂၃၇၅ မီလီမီတာ၊ အကျယ် ၁၆၆၀ မီလီမီတာနှင့်အမြင့် ၃၅၅ မီလီမီတာရှိသည်။ Carry ကား၏ ကားနောက်ပိုင်းတွင် ပရိဘောဂများ၊ အသုံးအဆောင်ပစ္စည်းများ၊ ပန်းပင်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းကိရိယာများနှင့် စကူတာသေးသေးများ ကိုပင် သယ်ဆောင်နိုင်သည်။ ယင်းကားတွင် ကြိုးချိတ် ၂၀ ကျော်ရှိပါရှိသဖြင့် ပစ္စည်း ကြီးကြီးငယ်ငယ် အလွယ်တကူဖြင့် ကြိုးစည်းနှောင်ပေးနိုင်မည် ဖြစ်သည်။

Carry ကား၏ အရွယ်အစားအပြင်ဘက် အလျား အတိုင်းအတာသည် အရှည် ၄,၁၉၅ မီလီမီတာ၊ အကျယ် ၁,၇၆၅ မီလီမီတာနှင့် အမြင့် ၁,၉၁၀mm ရှိသည်။ ၎င်းသည် ဒီဇယ်စွမ်းအင်သုံး Carry ထက် အရှည် ၃၉၅ မီလီမီတာ ပိုရှည်၍၊ အကျယ် ၂၀၃ မီလီမီတာ ပိုကျယ်ပြီး အမြင့် ၂၇ မီလီမီတာပိုရှည်သည်။ ဆိုလိုသည်မှာ ၎င်းသည် ပိုမိုသယ်ဆောင်နိုင်ရုံသာမက ပိုမိုသက်တောင့်သက်သာမောင်းနှင်မှု (သို့မဟုတ်) ယာဉ်မောင်းအတွေ့အကြုံကိုလည်း သက်ရောက်နိုင်သည်။ 

Carry ထရပ်ကား၏ အတွင်းခန်းတွင် two-spoke စတီယာရင်၊ ရိုးရှင်းသော gauge cluster၊ ထိုင်ခုံနှစ်ခုံ နှင့် ပြတင်းပေါက် အကန့်များပါဝင်သောကြောင့် ရိုးရှင်းပြီးကျယ်ဝန်းသည်။ ထိုင်ခုံခါးပတ်များကို ကားမောင်းသူနှင့် ခရီးသည်နှစ်မျိုးစလုံးအတွက် တပ်ဆင်ထားသော်လည်း ကားမောင်းသူဘက်တွင် ပါဝင်သော sliding mechanism သည် ကားမောင်းရာတွင် ပိုမိုသက်တောင့်သက်သာ မောင်းနှင်နိုင်သည့် အနေအထားတွင် ရှိသည်။

Super Carry တွင် aircon မပါရှိခြင်းကြောင့် စိတ်သောကရောက်နေသူများသည် Carry တွင် လေအေးပေးစက်ပါဝင်လာသည့်အတွက် အဆင်ပြေလာမည်ဖြစ်သည်။ Super Carry တွင် လေဝင်လေထွက်စနစ် သည် (ပြတင်းပေါက်များဖွင့်ခြင်းမှလွဲ၍) လေအေးစက် မပါ၀င်ဘဲ ကားအရှေ့ခန်းသည် အပူဒဏ်ကို ခံစားရသည်။ Carry ထရပ်ကားတွင် AM / FM ရေဒီယို၊ USB၊ Aux တို့ပါဝင်ပြီdashboard တွင် Super Carry ၏ built-in ရေဒီယိုစပီကာများနှင့်နှိုင်းယှဉ်ပါက အသံအရည်အသွေးပိုကောင်းသည့် စပီကာနှစ်လုံး တပ်ဆင်ထားသည်။

Carry ထရပ်ကားသည် Super Carry နှင့်မတူသည်မှာ ၎င်းတွင် ၁.၅ လီတာ၊  four-cylinder ဓာတ်ဆီသုံးအင်ဂျင် ပါရှိသည်။ Ertiga MPV မှဆင်းသက်လာသောကြောင့်အင်ဂျင်သည် ၅၆၀၀ rpm တွင် ၉၆ PS  ထုတ်လုပ်ခြင်းနှင့်အတူ ၄၄၀၀ rpm တွင် ၁၃၅ Nm torque  ကိုထုတ်လုပ်သည်။ ၎င်းသည် နောက်ဘီးများကိုမောင်းနှင်စေသော အမြန်နှုန်း ၅ ချက်ပါ ဂီယာအုံနှင့် တွဲဖက်ထားသည်။

Suzuki Carry ထရပ်ကား၏ လုံခြုံရေးတွင် လေအိတ်မပါခြင်းသည် စိုးရိမ်စရာပင် ဖြစ်သည်။ ယခုခေတ်တွင် လမ်းပေါ်ရှိမော်တော်ယာဉ် အားလုံးတွင် လေအိတ်များ ပါဝင်လာသည့်အချိန်တွင် Suzuki အနေဖြင့် အနည်းဆုံး ယာဉ်မောင်းသူဘက်တွင် ထည့်ပေးသင့်သည်။ အဆိုပါကားတွင် လုံခြုံရေးစနစ် အနေဖြင့် လုံခြုံရေးခါးပတ်ကြိုးနှင့် pretensioner တို့သာ ပါဝင်သည်။
 

Read 273 times