၂၀၂၂ ဗီယက်နမ်ကားလုပ်ငန်းကဏ္ဍ ထူးခြားချက် (၆) ချက်


၂၀၂၂ ဗီယက်နမ်ကားလုပ်ငန်းကဏ္ဍ ထူးခြားချက် (၆) ချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်ကားလုပ်ငန်းကဏ္ဍ ကားရောင်းအား စံချိန်တင် ရရှိခဲ့ပြီး လျှပ်စစ်ကားများ ရေပန်းစားလာကာ ဗီယက်နမ်ကားထုတ်လုပ်သူတစ်ဦးက အမေရိကန်သို့ အီးဗီများ စတင် တင်ပို့ရောင်းချခဲ့သည်။


ဟိုချီမင်းစီးတီးတွင် ၂၀၂၂ အောက်တိုဘာလတွင် ကျင်းပသော  2022 Vietnam Motor Show

တစ်နှစ်တာ ရောင်းအား
စံချိန်သစ်တင်

၂၀၂၂ ခုနှစ် ပထမ  ၁၁ လအတွင်း ကားစီးရေ ၄၅၉,၄၂၃ စီး ရောင်းချခဲ့ပြီးနောက်  တစ်နှစ်တာ ရောင်းအားမှာ အစီးရေ ၅၀၀,၀၀၀ သို့ရောက်ရှိပထမဆုံးအကြိမ်အဖြစ် ရောက်ရှိမည် ဖြစ်သည်။

ယင်းကြောင့် ဗီယက်နမ်၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့ဖြင့် အရှေ့တောင်အာရှသည် ထိပ်တန်းကားစျေးကွက် လေးခု ရှိလာပြီ ဖြစ်သည်။
အာဆီယံ မော်တော်ယာဉ် အသင်းချုပ် ASEAN Automotive Federation မှ အချက်အလက်များအရ အရှေ့တောင်အာရှတွင် ဗီယက်နမ် ကားဈေးကွက်သည် ကြီးထွားနှုန်း ဒုတိယအများဆုံး ဖြစ်သည်။

၂၀၂၂ ပထမ ၁၁ လတွင် ကားဈေးကွက် ၄၃.၅% ကြီးထွားခဲ့သည်။ ပထမနေရာတွင် ရှိနေသည့် မလေးရှားသည် ၄၄.၈% ကြီးထွားခဲ့သည်။

ကြီးထွားလာနေသော စျေးကွက်အရွယ်အစားနှင့် ဝယ်လိုအား လျင်မြန်စွာ ကြီးထွားလာမှုသည် ဗီယက်နမ်နိုင်ငံသို့ မော်တော်ယာဥ်ထုတ်လုပ်သူများကို ဆွဲဆောင်ခဲ့သည့် အရေးကြီးသောအချက်များဖြစ်သည်။

HT-LT

Advertisement

Click Here >>> HT-LT Co., Ltd.

ရောင်းဖို့ကား မလုံလောက်သဖြင့်
ကားရောင်းဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း

 ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဝယ်လိုအား ပြည့်မီစေရန် တင်သွင်းမှုနှင့် မော်တော်ကား အစိတ်အပိုင်းများ ရရှိမှု ပြတ်တောက်မှုသဖြင့် ပြည်တွင်းထုတ်လုပ်မှု လုံလောက်မှု မရှိခဲ့ပေ။
Covid ကူးစက်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်စကများလည်း မြင့်တက်လာခဲ့သည်။

အခြေအနေများ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး တတိယသုံးလပတ်၏ ဒုတိယလတွင် ပြတ်လပ်မှု ပြဿနာများ ပြီးဆုံးခဲ့သည်။

ခက်ခဲနေခဲ့သော လများတွင် Toyota၊ Hyundai၊ Mitsubishi၊ Kia နှင့် အခြားသော ကားထုတ်လုပ်သူများသည် ၎င်းတို့၏ ရောင်းအားအကောင်းဆုံး မော်ဒယ်များကို ဝယ်ယူသူများထံ ပေးအပ်ရန် တစ်လမှ နှစ်လ အချိန်ယူခဲ့ရသည်။
တင်သွင်းသော ကားများ အထူးသဖြင့် စည်းစိမ်ကားကို ဝယ်ယူသူများသည် အနည်းဆုံး လေးလ စောင့်ရသည်။ အချို့ ၆ လအထိ စောင့်ကြရသည်။

ရောင်းဖို့ကား အရေအတွက် ကျဆင်းမှုကြောင့် ကားအများအပြား၏ ဈေးနှုန်းများသည် ဒေါင်ငွေ သန်းပေါင်းများစွာ (VND24,000=$1) အထိ မြင့်တက်ခဲ့သည်။

ထုတ်လုပ်သူများက Euro 5 ဓာတ်ငွေ့ထုတ်လွှတ်မှုစံနှုန်းများနှင့်ကိုက်ညီစေရန် အင်ဂျင်များ အဆင့်မြှင့်တင် ပေးရခြင်းကဲ့သို့သော အကြောင်းပြချက်များအတွက်လည်း စျေးနှုန်းများ တိုးမြှင့်ခဲ့သည်။

Ford, Toyota, Kia, Hyundai, Mitsubishi, Suzuki, Lexus, Mercedes တို့ ရောင်းဈေးများ တိုးမြှင့်ခဲ့ကြသည်။ Kia က လေးကြိမ်တိုင်တိုင် ဈေးမြှင့်တင်ခဲ့သည်။ အခြား ကားလုပ်ငန်းများလည်း ရောင်းဈေးများ မြင့်တက်ခဲ့သည်။ ပြည်တွင်းထုတ်နှင့် ပြည်ပမှ တင်သွင်းခြင်း ၂ မျိုးစလုံး ဈေးတက်ခဲ့သည်။

 

ဟိုချီမင်းစီးတီးမှ အရောင်းပြခန်း


မော်ဒယ်သစ်တွေ ဝင်လာ၊
မော်ဒယ်အဟောင်းအချို့ ထွက်ခွာ

မော်တော်ယာဥ်ဈေးကွက်တွင် မော်ဒယ်အသစ်များ ဝင်လာပြီး အဟောင်းအချို့ကို ရပ်လိုက်ကြသည်မှာ နှစ်စဉ် ဖြစ်နေကျဖြစ်သည်။ ၂၀၂၂ တွင် ပုံမှန်ထက် အရေအတွက် ပိုများခဲ့သည်။

ကားကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်ဗျူဟာအပေါ် အခြေခံ၍ မော်ဒယ်များကို ပုံမှန်အားဖြင့် ရပ်ဆိုင်းကြသည်။ ၂၀၂၂ တွင် အကြောင်းအချက်တစ်ခု ရှိနေခဲ့သည်။ 

၂၀၂၂ မှစ၍ ရောင်းချသော ကားအသစ်များအတွက် မဖြစ်မနေ Euro 5 ဓာတ်ငွေ့ထုတ်လွှတ်မှု စံသတ်မှတ်ချက်များ ကိုက်ညီစေရမည်ဟု ပြဋ္ဌာန်းခြင်း ဖြစ်သည်။

 Euro 5 ဓာတ်ငွေ့ထုတ်လွှတ်မှု စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသော မော်ဒယ်များ Toyota ၏ Wigo နှင့် Hilux ၊ Honda ၏ Brio အပါအဝင်  ရပ်လိုက်ကြရသည်။ 
 
Hyundai ၏ Kona၊ Toyota ၏ Rush၊ Volkswagen ၏ Passat နှင့် Polo hatchback များသည် ဝယ်လိုအား နည်းပါးမှုကြောင့် ဈေးကွက်မှ နှုတ်ထွက်ခဲ့သည်။

VinFast အနေဖြင့် ၂၀၂၃ မှ စ၍ အီးဗီများကိုသာ ထုတ်လုပ်တော့မည် ဖြစ်၍ ၎င်း၏ ဓာတ်ဆီကားများ Fadil၊ Lux A.20 နှင့် SA 2.0 အပါအဝင် ထုတ်လုပ်မှုကို ရပ်ခဲ့သည်။

ဗီယက်နမ်ကားစျေးကွက်ထဲသို့ ကားမော်ဒယ် အသစ်များ ဝင်လာကြသည်။

Toyota က Rush ကို ရပ်ပြီး Veloz ကို စတင်ရောင်းချသည့်အပြင် မြို့ပြနေ လူငယ်များအတွက် ရည်ရွယ်သော SUV အငယ်စား Raize ကိုလည်း ရောင်းချသည်။

Kia က နှစ်အတန်ကြာ အရောင်းရပ်ထားသည့် Sportage နှင့် Carens တို့ကို ပြန်ရောင်းချသည်။

Hyundai က Kona ကို ရပ်ပြီး Creta ကို စတင်ရောင်းချသည်။ ထို့ပြင် Hyundai သည် MPV အပိုင်းအကန့်တွင် Stargazer ကို စတင်ရောင်းချသည်။

Ford က Escape ကို ရပ်ပြီး Territory ကို ရောင်းချသည်။

Jeep က SUV အကြီးစား Grand Cherokee ကို စတင်ရောင်းချသည်။ 

Volkswagen က  အလယ်အလတ် အရွယ်အစား crossover SUV ဖြစ်သည့် T-Cross ကို စတင်ရောင်းချသည်။ 

WYK

Advertisement

Click Here >>> Wun Yan Kha

အီးဗီ ရောင်းအား မကောင်း
ဟိုက်ဘရစ်ပြောင်း

အီးဗီ ရေစီးကြောင်းသည် ကြီးမားသောအတိုင်းအတာအထိ ရောက်မလာသေးသော်လည်း  ဟိုက်ဘရစ်ကားများနှင့် အီးဗီစစ်စစ်များကို တသီးတခြားစီ ရှုမြင်ကြသည်။
 အီးဗီများက လက်တွေ့တွင် မတွင်ကျယ်နိုင်ချေ။  ဗီယက်နမ်တွင် အားသွင်းရုံအရေအတွက် အတော်နည်းနေဆဲဖြစ်သည်။
 ထို့အကြောင်းကြောင့် ဂျပန်နှင့် ကိုရီးယားကုမ္ပဏီများသည် ဟိုက်ဘရစ်သည်သာ  အသင့်တော်ဆုံးဟု ယူဆကြသည်။ အီးဗီစစ်စစ်တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒမစောကြချေ။

Toyota က ဟိုက်ဘရစ်မော်ဒယ်များ ဖြစ်သည့် Corolla Cross, Camry, Altis တို့ကို ရောင်းချသည်။ 

Suzuki က Ertiga ကို ရောင်းချသည်။

Nissan က Kicks နှင့် Kia က Sorento ကို ရောင်းချသည်။

Kia က လျှပ်စစ်ကားစစ်စစ် EV6 ကို ၂၀၂၂ မှာ ရောင်းချရန် မူလက အစီအစဉ် ရှိသော်လည်း အကောင်အထည် မဖော်ဖြစ်ချေ။

Volvo ၂၀၂၃ တွင် ရောင်းချသမျှ မော်ဒယ်များသည် ဟိုက်ဘရစ် ဖြစ်မည်ဟု ကြေညာခဲ့သည်။ 

Lexus က ဟိုက်ဘရစ်နှင့် ဓာတ်ဆီအင်ဂျင် ဗားရှင်း ၂ မျိုး ရောင်းချသည်။

Mercedes က EQS ကိုလည်းကောင်း၊ Audi က e-tron GT ကို လည်းကောင်း ရောင်းချသည်။ ဗီယက်နမ်ကားဈေးကွက်တွင် ဈေးအကြီးဆုံး အီးဗီများ ဖြစ်ကြသည်။

 

 

VinFast က အမေရိကန်သို့
ကားများ တင်ပို့ခြင်း

ဗီယက်နမ်၏ ပထမဆုံး ပြည်တွင်းထုတ် ကားထုတ်လုပ်သူ VinFast သည် ဗီယက်နမ်တွင် အမေရိကန်သို့ မော်တော်ကားများ တင်ပို့သည့်  ပထမဆုံးသော ကားကုမ္ပဏီ ဖြစ်လာခဲ့သည်မှာလည်း ၂၀၂၂ ဗီယက်နမ်ကားဈေးကွက်၏ ထူးခြားချက် ဖြစ်သည်။

အီဗီ မော်ဒယ် VF 8 ပထမအသုတ်သည် နိုဝင်ဘာ ၂၅ ရက်တွင် ဗီယက်နမ် မြောက်ပိုင်း ဟိုင်ဖန်ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားသို့ ရောက်ရှိခဲ့သည်။

ကျွမ်းကျင်သူများ အဆိုအရ အမေရိကန်သို့ တင်ပို့သည့် ပထမအသုတ်သည်  အဓိကကျသည့် အမေရိကန် ကားစျေးကွက်တွင် VinFast ၏ ရေရှည်အောင်မြင်မှု ရရှိခြင်း မဟုတ်သော်ငြားလည်း VinFast ကုမ္ပဏီနှင့် ဗီယက်နမ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍအတွက် ယေဘုယျအားဖြင့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။
VinFast သည် ဓာတ်ဆီကားများ ထုတ်လုပ်ခြင်းကို ရပ်တန့်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် VF 8 များကို စတင်ရောင်းချခဲ့သည်။ ၂၀၂၃ တွင် VF 9 နှင့် VF 5  ကို စတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၄ တွင် VF 6 နှင့် VF 7 တို့ကို စတင်ထုတ်လုပ်မည်။


ကားအသစ်နှင့် တစ်ပတ်ရစ်ကား
တ်ပုံတင်ရန် အလွန်ခက်ခဲခြင်း

၂၀၂၂ ခုနှစ် အနှောင်းပိုင်းတွင် ယာဉ်အသစ်နှင့် တစ်ပတ်ရစ်ကား နှစ်မျိုးစလုံး မှတ်ပုံတင်ရန် အလွန်အမင်း ခက်ခဲသည်။


ဟိုချီမင်းစီးတီး ရဲတပ်ဖွဲ့သည် တောင်ပိုင်း မှတ်ပုံတင်ဌာန အများအပြားတွင် မသမာမှုများကို စုံစမ်းစစ်ဆေးပြီးနောက် ၎င်းတို့၏ ဒါရိုက်တာများကို ဖမ်းဆီးခဲ့သည်။ သို့ဖြစ်ရာ လုပ်ငန်းစဉ်များ ရပ်ကုန်သည်။ ကျန်ှရှိသည့် ဖွင့်ထားသော မှတ်ပုံတင်ဌာနများတွင်လည်း တင်းကျပ်ထားသည်။ 


 

ဟိုချီမင်းစီးတီး မော်တော်ယာဉ် မှတ်ပုံတင်ဌာနတွင် ယာဉ်တစ်စီး မှတ်ပုံတင်ရန် မှတ်တမ်းယူနေစဉ်

 

ကားအရောင်းကိုယ်စားလှယ်များသည်  မှတ်ပုံတင်ရန် ယခင်ထက်  ပိုမိုကြာမြင့်သောကြောင့် ဝယ်ယူသူများထံ ကားများ ပေးပို့ရာတွင် နှောင့်နှေးကုန်သည်။
ဟိုချီးမင်းစီးတီးနှင့် ဟံနွီုင် မြို့ကြီးများရှိ မှတ်ပုံတင်ဌာနများတွင် ကြိတ်ကြိတ်တိုးကုန်သည်။ ကားပိုင်ရှင်တို့သည့် မိမိအလှည့်ရောက်ဖို့ တစ်နေကုန် စောင့်ကြရသည်။
Source e.vmexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1433 times