5G နည်းပညာ အထောက်အကူပြု မောင်းသူမဲ့ တက္ကစီ တရုတ်နိုင်ငံ စူးကျိုးမြို့တွင် မောင်းနှင်ပြေးဆွဲပြေးဆွဲလျက်ရှိရာ အဆိုပါ Robotaxiတွင် လမ်းနှင့်ယာဉ် တစ်သားတည်းဖြစ်စေရန် အာရုံခံကိရိယာများတပ်ဆင်ထားကြောင်းသိရသည်။
Robotaxiကို ပြည်တွင်းဖက်စပ်ကုမ္ပဏီ Momenta Technologyက တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ မော်တော်ယာဉ်တွင် L4 အဆင့်ရှိ မောင်းသူမဲ့နည်းပညာကို အသုံးပြုထားရာ ယာဉ်အတွင်းတပ်ဆင်ထားသော on-board sensorsသည် ပိုမိုတိကျသည့် တွက်ချက်မှုကို ဆုံးဖြတ်ချက်ချပေးနိုင်ကြောင်း သိရသည်။
Momenta Technology(Suzhou)Co.,Ltd.၏ ဝန်ထမ်းတစ်ဦးဖြစ်သူ စီခက်က “ကျွန်တော်တို့ရဲ့ကားမှာ အာရုံခံကိရိယာတွေတပ်ဆင်ထားပါတယ်။ ကင်မရာ၊ millimeter-wave radars,and LiDAR(light detction and ranging)အပါအဝင်ပေါ့။
ဒီအာရုံခံကိရိယာတွေရဲ့ သုံးသပ်မှုကတစ်ဆင့် ကျွန်တော်တို့ရဲ့ ကားက ပိုပြီး ဥာဏ်ရည်ပြည့်မီတဲ့ တွက်ချက်မှုနဲ့ ထိန်းချုပ်မှုကို လုပ်ဆောင်နိုင်ပါတယ်။ 5Gနည်းပညာကိုလည်း သုံးထားတော့ ကားနဲ့လမ်းကို တစ်သားတည်းဖြစ်အောင် ဟန်ချက်ညီညီဆောင်ရွက်နိုင်တယ်။ ”ဟု ဆိုသည်။
စူးကျိုးတွင် ခေတ်ရှေ့ပြေး 5Gကွန်ရက် ဖုံးလွှမ်းမှုသည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရာတွင် ပို၍ လျှင်မြန်စေသလို ယာဉ်မောင်းနှင်မှုကို ပို၍ လုံခြုံစိတ်ချမှုပေးနိုင်ခဲ့သည်။
Momenta(Suzhou) Technology Co.,Ltd၏ CEO ချောင်ရွှိတုန်းက “ဒီနေ့ ပြသတဲ့ 5G Robotaxi က မော်တော်ယာဉ်ကော် လမ်းအပေါ်မှာကောပါ ဥာဏ်ရည်မြင့် နည်းပညာ(intelligent technologies)ပါရှိတယ်။ ဥပမာ လမ်းမပေါ်ကို ကလေးတစ်ယောက်က ရုတ်တရက် ပြေးတက်လာတယ်ဆိုပါတော့။ လမ်းပေါ်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အမူအရာကို အာရုံခံကိရိယာတွေက ခွဲခြားနိုင်ပြီး အချိန်မီ ကားကို သတင်းအချက်အလက်ပေးနိုင်ပြီး ကားကလည်းလုံခြုံစိတ်ချသက်သာစေနိုင်မည့် အနေအထားကို ပြောင်းလဲပေးနိုင်တာမျိုး ပါရှိပါတယ် ”ဟု ဆိုသည်။