ကားတစ်စီးဝယ်လိုက်ပြီဆိုတာနဲ့ လုံခြုံစိတ်ချရဖို့အတွက် ကား အာမခံထားတာအပါအဝင် နေ့ စဉ်ပြုပြင်ထိန်းသိမ်းစရာကိစ္စရပ် တွေရှိလာသလို ထင်မထားတဲ့ အ ခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် လည်း ယာဉ်မောင်းတွေအသင့် ပြင်ဆင်ထားဖို့ လိုပါတယ်။
နေ့တိုင်း အသုံးမဝင်နိုင်ပေမယ့် အကူအညီမလွယ်တဲ့ အရေးပေါ်အခြေအနေတွေမှာ ကိုယ်တိုင်ဖြေရှင်း နိုင်ဖို့အတွက် ကားနောက်ခန်း (ဒါမှမဟုတ်) ကားပစ္စည်းတွေ ထားတဲ့နေရာလေးမှာ မရှိမဖြစ်တဲ့ ပစ္စည်းငါးမျိုးရှိတယ်ဆိုတာ သိထားဖို့ မျှဝေပေးလိုက်ပါတယ်။
"လေဖိအားတိုင်းကိရိယာ"
ကားမမောင်းခင်မှာ စစ် ဆေးဖို့လိုအပ်တာတွေထဲကတစ် ခုဖြစ်တဲ့ ကားဘီးထဲမှာ သင့်တင့် တဲ့လေဖိအားရှိ၊ မရှိ စစ်ဆေးရာ မှာ လိုအပ်တဲ့ပစ္စည်းလေးပါ။
လေဖိအားတိုင်းကိရိယာလေးကို ကား ဘီးလေထိုးပေါက်မှာ တပ်လိုက် ရင် ဘီးထဲက လေဖိအားကို ညွှန် ပြမှာဖြစ်ပြီး ဒစ်ဂျစ်တယ်ပုံစံမျိုးနဲ့ လည်း ရှိပါတယ်။ ဓာတ်ဆီဆိုင် တွေ၊ ကားပစ္စည်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အပြင် ဈေးလည်း သိပ်မများတာမို့ ကား ထဲမှာ မရှိသေးဘူးဆိုရင်တော့ အခုပဲ ဝယ်ထားလိုက်ပါ။
"ဘီးဖြုတ်ခွရှင်"
ကားတိုင်းမှာ ပါလေ့ရှိတဲ့ တန်ဆာပလာပစ္စည်းထဲက တစ် ခုဖြစ်ပြီး ကားဘီးလဲလှယ်တဲ့အခါ မှာ မရှိမဖြစ်တဲ့အရာပါ။ ခွရှင်တွေဟာ ကားဘီးတွေကို ဝင်ရိုးနဲ့ မြဲမြံ နေအောင် လုပ်ဆောင်နိုင်ဖို့အ တွက် ထုတ်လုပ်ထားတာဖြစ်ပြီး ကိုယ့်ကားထဲမှာ ခွရှင်ရှိ၊ မရှိစစ် ဆေးပြီး မှတ်မှတ်ရရထည့်ထားဖို့ လိုပါတယ်။
"ကြေးနန်းကြိုးဖိုမတစ်စုံ"
ခရီးဝေးဝေးတွေသွားပြီဆို တာနဲ့ ဆောင်သွားသင့်တဲ့အရာ တစ်ခုပါ။ လမ်းမှာကားဘက်ထရီ ဒုက္ခပေးတဲ့အခါ တခြားကားရဲ့ ဘက်ထရီနဲ့ ချိတ်ဆက်ပြီး စက် ပြန်နိုးနိုင်အောင်လို့ပါ။ ကြေးနန်း ကြိုးက အနည်းဆုံး ၁၀ ပေအရှည် ရှိသင့်ပြီး သံချေးတက်တာမျိုး တွေ၊ ရော်ဘာအစွပ်မကောင်း တာတွေ မရှိအောင် အမြဲစစ်ဆေး ထားသင့်ပါတယ်။
"ဝက်အူလှည့်များ"
ဝက်အူလှည့်အပြား၊ စတား နှစ်ခုစလုံး ကားထဲမှာရှိနေဖို့လိုပြီး အရေးပေါ် ကားမီးခွက်လဲတာ၊ ဘက်ထရီလဲတာ၊ ရေသုတ်တံလဲတာ စတာမျိုးတွေအတွက် လိုအပ်လို့ပါ။
"ကြိုး၊ သံကြိုး၊ လွန်ကြိုး"
ယာဉ်မောင်းတိုင်းလိုလိုအတွက် အသုံးတည့်လွန်းတဲ့ပစ္စည်း တစ်ခုဆိုရင် မမှားပါဘူး။ လမ်းမှာ ကားပျက်သွားရင် တခြားကားတစ်စီးရဲ့ အကူအညီနဲ့ ဝပ်ရှော့ကို ဆွဲသွားတာပဲဖြစ်ဖြစ်၊ အိမ်ကိုဆွဲ သွားတာပဲဖြစ်ဖြစ် လုပ်တဲ့အခါ ကားဆွဲထရပ်ဖိုးမကုန်ဘဲ လုပ်နိုင် မှာပါ။ ဘယ်ကြိုးပဲဖြစ်ဖြစ် ၁၀ ပေ (ဒါမှမဟုတ်) ၁၅ ပေအရှည် ဆောင်ထားတာ ပိုပြီးသင့်တော် ပါတယ်။