4wd (ဖိုးဝှီး) ကို ဘယ်လို အသုံးပြုမလဲ


(မြန်နှူန်းမြင့် အနေအထား ၂ဘီး ယက်)

သွေ့ခြောက်သော လမ်းများပေါ်တွင်ပုံမှန်မောင်းနှင်ရန်။

"H4" (မြန်နှူန်းမြင့် အနေအထား ၄ဘီး ယက်)

စိုစွတ်သော၊ နှင်းကျ သော၊ရွံ့ချောသော လမ်းများပေါ်တွင်ပုံမှန်မောင်းနှင်ရန်။ ဒီလမ်း များကို "H2" ထက် "H4" နှင့် မောင်းလျှင် ပိုမိုကောင်းမွန် လုံခြုံသည်။


"N " (ကြားနေအနေအထား)

ဖရီးဖြစ်နေပါမယ်။ ဘယ်ဂီယာ ထည့်ထည့် မသွားပါ။

"L4" (မြန်နှူန်းနိမ့် အနေအထား ၄ဘီး ယက်)

သဲတောထဲ၊ ရွှံ့တောထဲ၊ဗွမ်းတန်းများတွင်သုံး။ ခက်ခဲသော ၊မတ်စောက်သော၊ တောင်ကုန်း အတက် အဆင်းများတွင်သုံးရန်။

ဘယ်လိုသုံးမလဲ 

1.ခြောက်သွေ့သော၊မာကျောသော၊ ပုံမှန်လမ်းများပေါ်တွင် "H2" ကိုအသုံးပြု၍ မောင်းနှင်ပါ။

2.4wd ခလုတ် (သို့) ADD (Automatic Disconnecting Differential) အလိုအလျောက်အဆက်အသွယ်ဖြတ်တောက် သော Differential မော်ဒယ်တွေ "H2" မှ "H4" ပြောင်းမယ်ဆိုရင် ယာဉ်မြန်နှုန်း သည် 80km အောက် ရှိနေရမယ်။ ရွေ့ပြောင်း ရ ခဲယဉ်းနေလျှင် အမြန်နှုန်းကိုလျှော့ချခြင်း သို့မဟုတ် မော်တော်ယာဉ်ကိုရပ်တန့်ပါ။ ပြီးမှ "H2"မှ " H4 "ပြောင်းပါ။


3.Free lock ပါသော မော်ဒယ်တွင် "H4" သို့မဟုတ် "L4" အသုံးပြု မယ်ဆိုရင် Free lock ကို ဘီး ၂ဘီး စလုံး "Lock " နေရာတွင် အရင်ထားပါ။


4. "H2" မှ "H4" ပြောင်းလိုက်တာနဲ့ ဒိုင်ခွက်မှာ 4wd (ဘီး ၄ဘီး ပုံ) အချက်ပြမီးလင်း လာပါမယ်။

5. "H4" မှ "L4" (သို့) "L4" မှ "H4" ပြောင်းချင်လျှင်ရိုးရိုး ဂီယာဆိုရင် အရှိန်လျှော့၍ (8km အောက်) clutch ကို နင်း ကာထည့်ပါ။ ရွေ့ပြောင်း ရ ခဲယဉ်းနေလျှင် ယာဉ်ကို ရပ်တန့်၍ ထည့်ပါ။  အော်တို ဂီယာ ဆိုရင် အရှိန်လျှော့၍ (8km အောက်) "N " သို့ ထား၍ ထည့်ပါ။ ရွေ့ပြောင်း ရ ခဲယဉ်းနေလျှင် ယာဉ်ရပ်တန့်၍ ထည့်ပါ။


"L4" သုံးမယ်ဆိုရင် 3RZ-FE (2700i) အင်ဂျင်နှင့်အတူအမြင့်ဆုံးမြန်နှုန်း - "L4"

1st ဂီယာ - 16kmh

2nd ဂီယာ - 30kmh

3rd ဂီယာ - 47kmh

4th ဂီယာ - 60kmh


5L (3000 ဒီဇယ်) အင်ဂျင်နှင့်အတူအမြင့်ဆုံးမြန်နှုန်း - "L4"

1st ဂီယာ - 13kmh

2nd ဂီယာ - 22kmh

3rd ဂီယာ - 36kmh

4th ဂီယာ - 52kmh

သတိပြုရန်။ ။ "L4 " ထည့်ထားပီး အနိမ့် ဂီယာ နှင့် ခွင့်ပြုသည့် အမြန်နှူန်း ထက် ပိုမမောင်းသင့်ပါ။

Read 1647 times