4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ


2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။

နောက်ပုံမှန်ဂီယာမှာ P ဆိုတာ ပါကင် ရပ်ထားတာပါ။ R ဆိုတာ နောက်ဆုတ်ခြင်းပါ။ N ဆိုတာ NEUTRAL ဂီယာ။ D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်း ၊ L ဆိုတာ LOW နံပါတ် ၁ ဂီယာကို ပြောတာပါ။ S ဆိုတာ မြန်နုန်းမြင့်ဂီယာပါ။ M+/- ဆိုတာ အော်တိုမှ ကိုယ်တိုင်အတင်အချလုပ်ဂီယာပါ။

OD ဆိုတာကတော့ အမြန်ဂီယာအသေးကိုသုံးတာပါ။ သူကအမြန်လမ်းတွေ ယာဉ်ကြောရှင်းတဲ့ အခါ (on) မှာထား ဝန်တင်တဲ့အခါ ကုန်းဆင်းကုန်းတက်မှာ (off) လုပ်ထားရပါမယ်။

Read 6575 times