Ford ၏ ကားအားလုံးတွင် 4G LTE ကို ၂၀၂၀ ခုနှစ်တွင် ရရှိမည်


4G LTE ဆက်သွယ်မှုကို ကားမှာ ရရှိလျှင် Sync Platform ကို အသုံးပြုစရာမလိုဘဲ Over the Air မှ ကား၏ အစိတ်အပိုင်းအားလုံးအတွက် ဆော့ဖ်ဝဲများကို အဆင့်မြှင့်နိုင်မည် ဖြစ်ပါသည်။

Waze Navigation သည် Google ၏ မိုဘိုင်း App ဖြစ်ပြီး သူ့ကို ကားမှာ တစ်ပါထဲ ထည့်သွင်းထားသည့်အတွက် စမတ်ဖုန်းကို ထုတ်၍ Waze Navigation ကို အသုံးပြုစရာ မလိုတော့ပေ။

ကား၏ Dashboard တွင်ပါသော Display မှ Navigation များကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Ford က အထက်ပါ နည်းပညာများအပြင် သူ၏ အနာဂတ်ကားများမှာ မောင်းသူအား ထောက်ကူသော နည်းပညာ၊ အီလက်ထရစ်စွမ်းအင်များကိုပါ ထည့်သွင်းထားမည် ဖြစ်ပါသည်။

လက်ရှိမှာ Ford သည် လောင်စာဆီနှင့် အီလက်ထရစ် စွမ်းအင်သုံးကား ဈေးကွက်မှာ ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်နေပါသည်။

တိုယိုတာက ထိုဈေးကွက်တွင် ထိပ်ဆုံးက ရောက်ရှိနေပြီး ၂၀၁၇ ခုနှစ်မှာ လောင်စာဆီနှင့် အီလက်ထရစ် စွမ်းအင်သုံး ကားအစီးရေပေါင်း ၁.၅၂ သန်းကို ရောင်းချနိုင်ခဲ့သည်ဟု ကြေညာထားပါသည်။

Ford က အီလက်ထရစ်ကားများကိုလည်း အမြောက်အများ ထုတ်လုပ်ဖို့ ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့ပါသည်။

Ford က ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ကားဈေးကွက်၏ ၅၀ ရာခိုင်နှုန်းသည် အီလက်ထရစ် SUV ကားများ ဖြစ်မည်ဟု ခန့်မှန်းထားပါသည်။

Ford က အီလက်ထရစ် SUV မော်ဒယ် ၈ မျိုးကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမည်ဖြစ်ပါသည်။

Read 642 times