၄၃ ကြိမ်မြောက် ဘန်ကောက်နိုင်ငံတကာကားပြပွဲ ကားစီးရေ သုံးသောင်းကျော် ရောင်းချခဲ့


၄၃ ကြိမ်မြောက် ဘန်ကောက်နိုင်ငံတကာကားပြပွဲ ကားစီးရေ သုံးသောင်းကျော် ရောင်းချခဲ့

တနင်္ဂနွေနေ့(ဧပြီ ၃) က ပြီးဆုံးခဲ့ပြီဖြစ်သော ၄၃ ကြိမ်မြောက် ဘန်ကောက်နိုင်ငံတကာကားပြပွဲ  43rd Bangkok International Motor Show မှာ ကားစီးရေ ၃၃,၉၃၆ စီး ရောင်းချခဲ့ကြောင်း စာရင်း ထုတ်ပြန်ပါတယ်။

Toyota ပထမ
၁၂ ရက်ကြာမြင့်တဲ့ ဘန်ကောက်နိုင်ငံတကာ ကားပြပွဲမှာ  ကားဝယ်ဖို့ ကြိုတင်မှာကြားမှုများမှာ Toyota က စီးရေ ၅,၁၂၈ ဖြင့် ပထမရပါတယ်။

Honda က ၃,၀၁၉ စီးဖြင့် ဒုတိယ ရပါတယ်။
တတိယနေရာမှာ ၂,၉၀၆ စီးဖြင့် Mazda ရှိနေပ်တယ်။ စတုတ္ထထနေရာမှာ ရှိနေတဲ့ Isuzu က ကြိုတင်အမှာစာ ၃,၅၉၄ စီး ရရှိပါတယ်။ Mitsubishi က ပဉ္စမနေရာမှာ ၂,၅၅၃ စီး ကြိုတင်အမှာစာ ရရှိပါတယ်။


အီးဗီရောင်းအား
43rd Bangkok International Motor Show မှာ လျှပ်စစ်မော်တော်ယာဉ်များ ရေပန်းစားခဲ့ပြီး  စုစုပေါင်း စီးရေ ၂,၀၄၀ ရောင်းချနိုင်ခဲ့ပါတယ်။
SAIC Motor-CP နှင့် MG Sales (Thailand) တို့က ပထမ နေရာမှာ ရှိပါတယ်။)၎င်းတို့က MG ကားများ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးတို့ကို ထိုင်းကားအသစ်ဈေးကွက်မှာ လုပ်ဆောင်နေတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း Great Wall Motor (GWM) က  ဒုတိယ နေရာမှာ ရှိပါတယ်။

 ရေပန်းစား အဝယ်လိုက်တဲ့ မော်ဒယ်များက 
MG ရဲ့  MG EP နှင့် MG ZS EV ၊ 
GWM ရဲ့ Ora Good Cat  တို့ဖြစ်ပါတယ်။
ပြပွဲကြီးမှာ အဲဒီမော်ဒယ် ၃ မျိုး ၁,၅၂၀ စီး ရောင်းချခဲ့ပါတယ်။ 

MG နှင့် GWM နှစ်ခုစလုံးက ထိုင်းအစိုးရထံမှ ပေူအပ်မယ့် အီးဗီအထောက်အပံ့ ရယူဖို့ ထိုင်းအာဏာပိုင်တို့နှင့် သဘောတူလက်မှတ် ရေးထိုးထားကြပါတယ်။ 

အထောက်အပံ့ အစီအစဉ်မှာ အခွန်ဖြတ်တောက်ပေးခြင်း၊ ကားတစ်စီး ရောင်းဈေးမှာ အစိုးရက ဘတ် ၇၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ စိုက်ထုတ်ပေးခြင်း စတဲ့အချက်များ ပါဝင်ပါတယ်။
 
မော်တော်ဆိုင်ကယ် ရောင်းအား

ထိုင်းနိုင်ငံမှာ အရေးပါတဲ့ မော်တော်ဆိုင်ကယ် အပိုင်းအကန့်မှာလည်း စီးရေ ၂,၀၄၀ ရောင်းချခဲ့ပါတယ်။ 

Yamaha က ပထမ နေရာမှာ ၉၃၉ စီး ရောင်းချခဲ့ပါတယ်။ Kawasaki က ၂၅၂ စီးဖြင့် တတိယနေရာ ရရှိပါတယ်။ 
စတုတ္ထနေရာမှာ  Royal Enfield က ၁၉၃ စီး ရောင်းချခဲ့ပြီး ပဉ္စမနေရာမှာ  Suzuki က ၁၈၂ စီး ရောင်းရပါတယ်။

43rd Bangkok International Motor Show ကို ကြည့်ရှုသူဦးရေ ၁.၅၇ သန်း ဝန်းကျင် လာရောက်ခဲ့ပါတယ်။ 
 

Read 1173 times