၂၁၀၈ နှစ်အတွင်းတွင် ဘေးကင်းပြီး လုံခြုံစိတ်ချခြင်းနှင့် စိတ်ကျေနပ် အကောင်းဆုံး ကို ကားတွေကို တင်ပြမှာဘဲဖြစ်ပါသည်။
ထိုအရာများသည် လမ်းကြောင်းစမ်းသပ်မှုများနှင့် နာမည်ကြီးလုပ်ငန်းရှင်များ တင်သွင်းထားသော ကားများသာ ဖြစ်ပါသည်။
ယုံကြည်မှုနှင့်အတူ အကြုံပြုခြင်းများ အနိုင်ရရှိလာသည့် ကားများသာ ဖြစ်ပါသည်။
ယေဘုယအားဖြင့် ကား၏ မော်ဒယ်နှင့် ကား၏ ပုံသဏ္ဍန်သည် စံပြအနေနှင့် အမှတ်ရရှိနိုင်ပါသည်။
ကားများအားလုံးကို လမ်းပေါ်တွင် စွမ်းဆောင်ရည်ရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ ကိုယ်ပိုင် စိတ်ကျေနပ်မှုရှိခြင်းနှင့် ဘေးကင်းလုံခြုံရေးအတွက်ပါ စိစစ်ရပါသည်။
ကား၏ အမှန်တကယ် မြင့်မားသော အမှတ်ရရှိရန်အတွက် ကား၏အရည်ချင်းအားလုံးကို စမ်သပ်မှုများပြုလုပ်ရသည်။
(1) Compact Car: Toyota Corolla
Toyota Corolla သည် လက်တွေ့ကျ လောင်စာဆီသုံးဆွဲခြင်းအတွက်လည်း အကျိုးရှိပြီး Track record ကျော်ထောက်နောက်ခံအတွက်လည်း ယုံကြည်စိတ်ချရသော ကားတစ်စီး ဖြစ်သည်။
Toyota Corolla ကို ဝေးပြေးလမ်းမကြီး စမ်းသပ်မှုလုပ်ခြင်းဖြင့်လည်း အောင်မြင်မှု ရရှိခဲ့သည်။
ကားထဲတွင် ထူခြားခြင်းများမှာ ကားရှေ့မှာ တိုက်ခိုက်မှုဖြစ်လျှင် အော်တို သတိပေးခြင်း၊ လူကူးလမ်းများတွင် ထောက်လှမ်းမှုပေးခြင်း၊ အော်တို အရေးပေါ်ဘရိတ်၊ လမ်းသွားလမ်းလာများကို သတိပေးခြင်းနှင့်
Lane စောင့်ရှောက်ရေးကိရိယာပါဝင်ပြီး အဆင့်မြင့် လုံခြုံဘေးကင်းအတွက် လုံခြုံ စိတ်ချရပါသည်။
ပျော်ပွဲစာ ထွက်လေ့ရှိသော မိသာစု များအတွက်အထူးလဲသင့်လျော်သော ကားတစ်စီးဖြစ်ပါသည်။
(2) Luxury Compact Car: Audi A4
Audi A4စူပါစတား ကားသည် ပြိုင်ကားပုံသဏ္ဍာန်ရှိပြီး ဇိမ်းခံကား တမျိုးဖြစ်ပြီး Audi A4 ၏ခန္ဓကိုယ်သည် လျင်မြန်သွက်လပ်ပေသည်။
ကား၏ ထိန်းချုပ်မှုကို ကုမ္ပဏီဘက်က အမှန်တကယ် စေ့စပ်စွာ ထုတ်လုပ်ပေးထားတာကြောင့် စိတ်ကျေနပ်စရာအကောင်ဆုံးကို ပိုင်ဆိုင်ရမှာဖြစ်သည်။
ကားအမြန်းမောင်နှင်းရန် ဆိုလျှင် Gusto နှင့်အတူ Acceleates၊ Pump အသေ တို့ကလည်း လျင်မြန်စွာပျက်စီးခြင်မှ ကင်းဝေးပြီး ကားပြုပြင်ခြင်းတို့ကို မဖြစ်စေနိုင်ပါ။
A4 ကားသည် ဇိမ်းခံကားဖြစ်ခြင်းကြောင့် ကား၏ အတွင်းပိုင်းက သင့်ကို သက်သောင့်သာရှိစေမည်ဖြစ်ပြီး လက်ရာသေသက်မှုရှိသော sedan ကားတစ်စီးမျိုးလည်း ဖြစ်ပါတယ်။
A4 ကားသည် ယာဉ်တိုက်မှုဖြစ်စေသည့်အရာများကိုသတိပေးပြီး အရေးပေါ်အော်တိုဘရိတ်ပါခြင်းကြောင့် ဘေးကင်းလုံခြုံရန်အတွက်လည်း အလွန်းစိတ်ချရသော ကားတစ်စီးလည်း ဖြစ်ပါသည်။
နယ်ဝေးရပ် ခနခန သွားလေ့ရှိသောသူများအတွက်လည်း အလွန်စိတ်ချရသည့် ကားတစ်စီးဖြစ်ပါသည်။
(3) Midsized Car: Toyota Camry
Camry ကားသည် sadan ကားတမျိုးဖြစ်ပြီး ကောင်းစွာအလုပ်လုပ်နိုင်သော ကားတစ်စီးဆိုလျှင် မမှားနိုင်ပေ။
အဆိုပါ ဒီဇိုင်းကိုပင် နောက်ထွက်ရှိမည့် Toyota ကားများတွင် ဒီဇိုင်းပုံစံတူဖြင့် ထုတ်လုပ်ရန်လည်း ရှိပါသည်။
ထိုကားသည် ဇိမ်းခံကား တမျိုးဖြစ်ပြီး မောင်နှင်းသူ ကိုယ်တိုင်လည်း စိတ်ကျေနပ်မှု အပြည့်ရရှိမည်ဖြစ်ပါသည်။
ကား၏ ဘေးကင်းလုပ်ခြုံရေးအတွက် ယုံကြည်စိတ်ချရပြီး ကားထိခိုက်မှုအတွက် အချက်ပေးများ ပါရှိပြီး၊ အရေးပေါ်အော်တိုဘရိတ်ပါဝင်ပြီး Lane ထွက်ခွာသတိပေးစနစ်လဲပါရှိပါသည်။
ကားအတွင်း ကင်မရာတပ်ဆင်ထားခြင်းကြောင့် ရှေ့သွားနောက်သွားပြုလုပ်ခြင်းတို့အတွက် လဲယုံကြည်စိတ်ချရပါသည်။
ဇိမ်ခံကားဖြစ်သောကြောင့် လုပ်ငန်းသုံးနှင့် အိမ်သုံးများအတွက် စိတ်ကျေနပ်မှု ရရှိစေမည့်ကားအမျိုးအစားသာ ဖြစ်ပါသည်။
(4) Luxury Compact SUV: BMW X3
2018 ဒီဇိုင်းဖြစ်သော BMW X3 သည် ထိပ်တန်းကားအမျိုးအစားထဲတွင်ပါဝင်ပါသည်။
ယင်းကားသည် နှစ်လိုဖွယ်ကောင်ပြီး Slick နည်းပညာနဲ့ထုတ်လုပ်ထားသော်ကြောင့် မောင်းနှင်းသူများ ကျေနပ်နစ်သက်ကြမည်ဟုလည်း မျှော်လင့်မိပါသည်။
X3သည် ပြိုင်ကားဆန်သော ကိုယ်ထည်နှင့် ကားမောင်းသူများကို Active ဖြစ်စေသော ကားအမျိုးစာလည်း ဖြစ်ပါသည်။
X3 ကား၏ လုံခြုံရေးကို စိတ်ချစေလိုသောကြောင့် Luxury Compact ကုမ္ပဏီမှ စိစစ်သေချာအောင် စမ်းသပ်မှုများပြုလုပ်ပြီး ထုတ်လုပ်သော ကားအမျိုးအစားလည်း ဖြစ်ပါသည်။
ယာဉ်မောင်းနေစဉ်အချိန်တွင်လည်း ဆူညံခြင်းမရှိဘဲ တိတ်ဆိတ်နေပြီး ပျော်ရွှင်ဖွယ်ကောင်းသော ကားအမျိုးအစားဖြစ်ပါသည်။
လူအစုအဝေးများခရီးသွားခြင်း လေ့လာရေးခရီးသွားလာခြင်းများ ပြုလုပ်မည်ဆိုပါက အကြိုက်တွေ့စေမည့် ကားအမျိုးအစားဖြစ်ပါသည်။