စင်ကာပူတွင် အများသုံး  အီးဗီ အားသွင်းပွိုင့် ၃,၀၀၀ ကျော်အထိ ရောက်ရှိ 


 စင်ကာပူတွင် အများသုံး  အီးဗီ အားသွင်းပွိုင့် ၃,၀၀၀ ကျော်အထိ ရောက်ရှိ 


စင်ကာပူတွင် အီးဗီ ယာဉ်မောင်းများသည် ယခုအခါ ကျွန်းတစ်ဝှမ်းရှိ အများသုံး အားသွင်းသည့်နေရာပေါင်း ၃,၀၀၀ ကျော်ကို အသုံးပြုနိုင်ပြီဖြစ်ပြီး ယခင်နှစ်ထက် ၅၀%  ပိုများလာတာဖြစ်ပါသည်။  အီးဗီစီးရေနှင့် အားသွင်းပွိုင့် ခုရေ အချိုးကျကြည့်လျှင် အီးဗီ ၂ စီးလျှင်အားသွင်းပွိုင့် ၁ ခုကျ ထားရှိပေးထားသည်။ နောက်ထပ် အားသွင်းပွိုင့် ၄၀၀ကို ထပ်တိုးပေးမည် ဖြစ်ရာ လာမည့်နှစ်အစောပိုင်းတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) မှ ပြောကြားခဲ့ပါသည်။

 

 အားသွင်းပွိုင့် အော်ပရေတာများက စင်ကာပူတွင် အီးဗီ သုံးစွဲမှု အစပိုင်းကာလဖြစ်သော်လည်း  မကြာသေးမီလများအတွင်း အများသုံး အားသွင်းပွိုင့် အသုံးပြုမှု သိသိသာသာ တိုးလာခြင်းကြောင့် ၎င်းတို့အားတက်မိကြောင်း ပြောကြားပါသည်။ ComfortDelGro Engie က ယာဉ်ရပ်နားစခန်း ၁၅၅ ခုတွင် အားသွင်းပွိုင့် ၄၇၉ ခု ထားရှိသည်။ အားသွင်းပွိုင့် သုံးစွဲသည့်ကြိမ်ရေ ဧပြီလနောက်ပိုင်းတွင် ၃ ဆ တိုးခဲ့ဟည်။ နောက်ထပ် အားသွင်းပွိုင့် ခုရေ ၁၀၀ တပ်ဆင်လျက်ရှိသည်။

ပြင်သစ် စွမ်းအင်လုပ်ငန်း TotalEnergies က အားသွင်းပွိုင့် ခုရေ ၁,၅၀၀ ထားရှိပြီးပြီဖြစ်သည်။ ယခင်နှစ်မေလမှ ယခုနှစ် မေလအတွင်း သုံးစွဲကြိမ်ရေ ၃ ဆ တိုးသည်။ BlueSG ကားအငှား ဝန်ဆောင်မှုလုပ်ငန်းမှ အီးဗီများအတွက်သာ ထားရှိခဲ့ရာမှ အများသုံးအဖြစ် ပြောင်းလဲပေးလျက်ရှိရာ ဩဂုတ်လဆန်းတွင် အားသွင်းပွိုင့် ၄၅၅ ခုကို အများသုံးရန် ဖွင့်ပေးထားပြီး ဖြစ်သည်။ 

 

 

အိမ်ရာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (HDB) အိမ်ရာတိုက်တာများရှိ ကားပါကင်များတွင် အနည်းဆုံး အများသုံး  အားသွင်းပွိုင့် ၁၂,၀၀၀ ချထားရန် အကြီးစားတင်ဒါတစ်ခု ခေါ်ထားသည်။ ယခုနှစ်နှောင်းပိုင်းတွင် တင်ဒါအောင်မြင်သည့် လုပ်ငန်ူများကို ကြေညာပေးမည်။
HDB က ၂၀၃၀ တွင် အားသွင်းပွိုင့် ၆၀,၀၀၀ ရှိနေရန် ရည်မှန်းချက် ထားရှိပါသည်။


Source paultan
#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 2561 times