ရန်ကုန် အဝင်အထွက် လမ်းကြောင်းများ သတ်မှတ်


ရန်ကုန် အဝင်အထွက် လမ်းကြောင်းများ သတ်မှတ်
 
အမှတ် (၃) လမ်းမကြီးနဲ့ ခရေပင်လမ်းဆုံမီးပွိုင့်တွေမှာ ယာဥ်​ကြောများ ပိတ်ဆို့ကြပ်တည်းနေမှုကို လျှော့ချရေးအတွက် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်ပြင်ပနဲ့ ပြည်နယ်နှင့်တိုင်းများသို့ သွားလာကြမယ့် အဝေးပြေးယာဥ်ကြီးများအား  လမ်းကြောင်း သုံးမျိုး သတ်မှတ်လိုက်ပါတယ်။
အဆိုပါလမ်းကြောင်းသုံးခုအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ကစတင်မှာ ဖြစ်ပါတယ်။


(၁) အင်းစိန်ဘက်မှ ထွက်ခွာလာသော အဝေးပြေးကုန်တင်ယာဥ်/ကုန်သေတ္တာတင်ယာဥ်များသည် အမှတ် (၄) လမ်းမကြီး/လှော်ကား/ထောက်ကြန့် မြို့ပတ်လမ်းမှတဆင့် ရန်ကုန်-ပဲခူးလမ်းဟောင်းသို့ (အသွား/အပြန်) ဖြတ်သန်းမောင်းနှင်ရန်။


(၂) အောင်မင်္ဂလာအဝေးပြေးဝင်းမှထွက်လာသော Express အဝေးပြေးယာဥ်များ (ကုန်တင်ယာဥ်များမပါ) အနေဖြင့် ခရေပင်လမ်းဆုံမှ ပြည်လမ်းအတိုင်းထွက်၍ အမြန်လမ်းသို့ (အသွား/အပြန်) ဖြတ်သန်းမောင်းနှင်ရန်။

(၃) ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ပုံမှန်သွားလာနေသော ကုန်တင်ယာဥ်/ကုန်သေတ္တာတင်ယာဥ်များ၊ သီလဝါ/အရှေ့ဒဂုန်ဘက်မှ ဇေကမ္ဘာစက်မှုဇုန်မှတဆင့် ထွက်ခွာလာသော အဝေးပြေးကုန်တင်ယာဥ်/ကုန်သေတ္တာတင်ယာဥ်များ၊ မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-တနင်္သာရီ-ကော့သောင်း ဘက်သို့သွားမယ့် Express အဝေးပြေးယာဥ်များသည် အမှတ် (၃) လမ်းမှတစ်ဆင့် ပဲခူးလမ်းဟောင်းသို့ (အသွား/အပြန်) ဖြတ်သန်းမောင်းရန်။

ယခုကဲ့သို့ လမ်းကြောင်းပြောင်းလဲပြေးဆွဲမယ့် အခြေအနေ ကိုကြိုတင်အသိပညာပေး ဆွေးနွေးခြင်းတွေ၊ သတင်းထုတ်ပြန်ခြင်းတွေကိုကနဦးဆောင်ရွက်သွားမှာဖြစ်ပြီး ယင်းကာလ ကျော်လွန်ပါကစည်းကမ်းဖောက်ဖျက် တဲ့ ယာဉ်နဲ့ယာဉ်မောင်းတွေကို စိစစ်အရေးယူခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့  သိရပါတယ်။

Read 6751 times