ဧပြီလမတိုင်ခင်အထိ အေးစက်နေမည့် ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်များ


ဧပြီလတွင် စတင်သော လာမည့် ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကောက်ခံမှုကို ပထမခြောက်လအတွင်း အခွန်ဆောင်ပါက သုံးရာခိုင်နှုန်းနှင့် ဒုတိယခြောက်လအတွင်း ဆောင်ပါက ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု သတင်းများထွက်ပေါ်နေပါသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ကောက်ခံရာတွင် ကျပ်သိန်း ၃၀၀ အထိ ကားများကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃၀၁သိန်းမှ ကျပ်သိန်း ၁၀၀၀ အထိ ကားများကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၀ နှင့် အထက်ကားများကို ၃၀ ရာခိုင်နှုန်း ကောက်ခံနေခြင်း ဖြစ်ပါသည်။

အမည်ပေါက် ပြောင်းလဲလိုသော ဝယ်လက်များသည် အခွန်သက်သာသွားမည့် ဧပြီလနောက်ပိုင်းရောက်သည်အထိ စောင့်ကြည့်နေကြသည့်အတွက်လည်း ကားအရောင်းအဝယ်အေးနေပါသည်။

၂၀၁၈ ကားတင်သွင်းခွင့်မိုဒယ်သတ်မှတ်ချက်အရ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားမာျးကို တင်သွင်းရမည်ဖြစ်၍ ကားတန်ဖိုးများ မြင့်မားနေသကဲ့သို့ ရန်ကုန်လိုင်စင်ရရန် စလစ်ကပ်ရသည့်အတွက် စလစ်တန်ဖိုးလည်း မြင့်မားနေပါသည်။

ထို့အတွက် ဘရန်းနယူးကားများ တင်သွင်းခြင်းကို အားပေးသည့်အနေဖြင့် ဝင်ငွေခွန်လျှော့ချပေးခြင်း ဖြစ်နိုင်သကဲ့သို့ ရန်ကုန်လိုင်စင်ကိုလည်း YVQC လတ်မှတ်နှင့် ချထားပေးရန် စီစဉ်ခြင်း ဖြစ်နိုင်ပါသည်။

ပြည်တွင်းတွင် တပ်ဆင်ထုပ်လုပ်သော (SKD/ CKD စနစ်) ဘရန်းနယူးကားများလည်း လက်ရှိတွင် ရန်ကုန်လိုင်စင် ချထားပေးသည့်အတွက် အားသာချက်ရှိနေပါသည်။

 YVQC လတ်မှတနှင့် ရန်ကုန်လိုင်စင်ချထားပေးပါကလည်း ၁၀ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရပြီး ရန်ကုန်လိုင်စင်ရနိုင်မည့် အလားအလာရှိနေပါသည်။

ရန်ကုန်လိုင်စင်နှင့် ဝင်ငွေခွန် အပြောင်းအလဲကို စောင့်ကြည့်နေကြသည့်အတွက် ကားအရောင်းအဝယ်အေးစက်နေပြီး စလစ်အရောင်းအဝယ်ပါ ရပ်တန့်နေပါသည်။

ဝင်ငွေခွန်လျှော့ချပြီး ရန်ကုန်လိုင်စင်ပါချပေးထားပါက အရောင်းအဝယ်ရပ်တန့်နေသော အမည်ပေါက် စလစ်ဈေးမှာလည်း ကျဆင်းလာနိုင်ဖွယ်ရှိပါသည်။

လက်ရှိတွင် နံပါတ်ထွက်ပြီးသား ပွိုင့်သရီးကားအဟောင်းများသာ အရောင်းအဝယ်ရှီနေပြီး စလစ်ကပ်ကားနှင့် စတိနံပါတ်ကားများ အရောင်းအဝယ်အေးနေပါသည်။

ဧပြီလနောက်ပိုင်း အမှန်တကယ် ဝင်ငွေခွန်လျှော့ချပြီး YVQC နှင့် ရန်ကုန်လိုင်စင်ချထားပေးခဲ့ပါက အင်ဂျင်ပါဝါကြီးသော ဘရန်းနယူးများ၏ ဈေးနှုန်းများ ကျဆင်းလာနိုင်ပြီး တင်သွင်းထားပြီးသာ ကားဟောင်း များ၏ဈေးနှုန်းပါ ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း သိရပါသည်။

ကားဈေးနှုန်းများ

 

စဉ်     ကားအမျိုးအမည်    နံပါတ်    မိုဒယ်    ဈေးနှုန်း
၁ Toyota Alphard YGN 2006 670
၂ Toyota Crown YGN 2009 650
၃ Toyota Wish YGN 2003 225
၄ Toyota Kluger YGN 2003 365
၅ Toyota Harrier YGN 2004 527
၆ Honda Fit YGN 2012 255
၇ Honda Insight YGN 2012 285
၈ Nissan Wingroad YGN 2008 165
၉ Toyota Fielder YGN 2008 240
၁၀ Toyota Ratic YGN 2011 205

Source:kumudra


(Unicode)





















Source:kumudra

Read 1379 times