ထိုင်းသို့ ဝင်ရောက်လာသည့် တရုတ်အီးဗီ ဒုတိယလှိုင်း


ထိုင်းသို့ ဝင်ရောက်လာသည့် တရုတ်အီးဗီ ဒုတိယလှိုင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများသည် အရှေ့တောင်အာရှသို့ ရောက်လာနေကြပြီး BYD ၏ အောင်မြင်မှုကို အတုယူရန် မျှော်လင့်နေကြသော်လည်း စျေးကွက်တွင် BYD ကြီးစိုးထားခြင်းက ၎င်းတို့၏ မြင့်မားသော ရည်မှန်းချက်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။


 ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ ၂၉ ရက်တွင် စတင်ကျင်းပခဲ့သည့် Thailand International Motor Expo ပွဲတွင် အဆိုပါ ကစားသမားသစ်များသည် ၎င်းတို့၏ မော်ဒယ်များကို ပြသခဲ့ကြသည်။


Guangzhou Automobile Group (GAC) က Aion အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် အီးဗီမော်ဒယ် ၅ ခုကို ပွဲထုတ်ပြသသည်။ 
Aion Y Plus SUV မော်ဒယ်ကို ဘတ် ၉၇၀,၀၀၀ ($28,000) ဖြင့် ဈေးဖွင့်ထားသည်။ အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ် ပါသည်။ ခရီးတာ ၅၀၀ ကီလိုမီတာအထိ သွားနိုင်သည်။

ထိုင်းဈေးကွက်ထဲသို့ GAC က အရှေ့တောင်အာရှအတွက် အရောင်းနှင့် ထုတ်လုပ်ရေး အချက်အချာအဖြစ် ရပ်တည်ရန် ရေရှည်ရည်မှန်းချက်ဖြင့် မောင်းဝင်လာခြင်းဖြစ်သည်။ 

 

Changan Automobile က Deepal အမှတ်တံဆိပ် မော်ဒယ် ၂ ခု ပြသသည်။ ထိုင်းဈေးကွက်သို့ အပြည့်အ၀ ဝင်ရောက်မည်ဟု ကြေညာသည်။

ထိုင်းအပါအဝင် အရှေ့တောင်အာရှသို့ လုပ်ငန်းတိုးချဲ့သွားမည်ဖြစ်ကြောင်း Deepal Automobile CEO Deng Chenghao က ပြောကြားခဲ့သည်။

တရုတ်ပြည်တွင်းဈေးကွက်တွင် အိမ်စီးလျပ်စစ်ကားများ အပြိုင်အဆိုင် ရောင်းချနေကြရပြီး ယှဉ်ပြိုင်မှု ပြင်းထန်နေသည်။ ထုတ်လုပ်သည့် စီးရေး တိုးမြှင့်ပြီး ကြီးထွားဖို့အတွက် ပြည်တွင်းဈေးကွက်မှာ နေရာကျပ်နေပြီ ဖြစ်သည်။ ပြည်ပသိူ့ လျှံထွက်ကြရာ၌ ဥရောပနှင့် အရှေ့တောင်အာရှကို ရွေးချယ်ကြသည်။ အရှေ့တောင် အာရှတွင် တရုတ်လူမျိုး လူဦးရေ အများအပြား ရှိနေခြင်းသည် တရုတ်အီးဗီ ထုတ်လုပ်သူတို့အဖို့ အားသာချက် တခု ဖြစ်သည်။
အရှေ့တောင်အာရှသို့ ချဲ့ထွင်ရန်အတွက် ထိုင်းကို ထုတ်လုပ်မှု အခြေစိုက်ရန် ရွေးချယ်ကြသည်။ 
လက 
၂၀၂၃ ခုနှစ် မတိုင်ခင်က တရုတ်အီးဗီထုတ်လုပ်သူများ ပထမလှိုင်းအဖြစ် ထိုင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ၂၀၂၃ ခုနှစ်ထဲတွင် ဒုတိယလှိုင်းအဖြစ် ထပ်မံ ရောက်ရှိလာခဲ့ကြသည်။ ယခုအခါ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် တရုတ်လျှပ်စစ်ကား ထုတ်လုပ်သည့် ကုမ္ပဏီ ၁၀ ခု ဝန်းကျင် ရှိနေပြီ ဖြစ်သည်။

ထိုင်းအီးဗီကဏ္ဍတွင် တရုတ်အီးဗီကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အောက်တိုဘာလ ထိုင်းဈေးကွက် ကားရောင်းအားတွင် ၁၃% သည် အီးဗီ ရောင်းအားဖြစ်ပါသည်။ ၎င်းအီးဗီဈေးကွက်ထဲသို့ GAC, Changan, Geely အစရှိသည်း ဝင်ရောက်လာခဲ့ကြသည်။ ၎င်းအီးဗီ ရောင်းအားတွင် ၉၀% နီးပါးသည် တရုတ်အီးဗီများ ဖြစ်ပါသည်။
အောက်တိုဘာလ အီးဗီရောင်းအားတွင် ၅၀% ကျော်သည် BYD ၏ ရောင်းအားဖြစ်ပါသည်။

 

"BYD က ထိုင်းဈေးကွက်မှာ လျင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာလည်း ဝယ်ယူသူတွေကို ဆက်လက်  ဆွဲဆောင်နိုင်ပါလိမ့်မယ်" ဟု BYD Thailand ၏ အထွေထွေမန်နေဂျာ Benson Ke မှ ပြောကြားခဲ့သည်။

ဒုတိယလှိုင်းအဖြစ် ရောက်လာကြသည့် တရုတ်အီးဗီ ထုတ်လုပ်သူများသည် ဈေးကွက်ဝေစု ရဖို့ BYD ကို ထိပ်တိုက်ရင်ဆိုင်ပြီး ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

Source asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 18347 times