အင်ဒိုနီးရှားတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၂ သန်း ထုတ်လုပ်ရန်ရည်မှန်း
အင်ဒိုနီးရှားနိုင်ငံဟာ ပြန့်ကြဲနေတဲ့ ကျွန်းကြီးကျွန်းငယ်များဖြင့် ဖွဲ့တည်ထားပြီး လူဦးရေ သန်း ၂၇၀ အဖို့ မော်တော်ဆိုင်ကယ်ကို အများဆုံး အသုံးပြုကြပြီး ယခုအခါ လျှပ်စစ်မော်တော်ဆိုင်ကယ် ပြောင်းလဲသုံးစွဲမှုများ ပိုအိုများပြားလျက် ရှိပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလတွင် ဖက်စက်လုပ်ငန်း Electrum ကို နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Pertamina နှင့် ထိုင်ဝမ်ဘက်ထရီလဲလှယ် အသုံးပြု လျှပ်စစ်စကူတာ ထုတ်လုပ်သူ Gogoro တို့နှင့် ပူးပေါင်းပြီး ထူထောင်ခဲ့ပါတယ်။
Electrum က အင်ဒိုနီးရှားနိုင်ငံ အီးဗီအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးကို အကောင်အထည် ဖော်လျက်ရှိပြီး နိုင်ငံပိုင်လုပ်ငန်း Wika Industri Manufaktur က Gesits e-bike များ ထုတ်လုပ်လျက် ရှိတာမှာလည်း ပူပေါင်း ပါဝင်ပါတယ်။
အခြေခံအဆောက်အအုံ အနေဖြင့် Electrum က ဂျာကာတာတွင် ဘက်ထရီ လဲလှယ်ရေး စတေရှင် ၁၃ ခု ဝန်ဆောင်မှု ပေးပါတယ်။ မော်တော်ဆိုင်ကယ် တက္ကဆီလုပ်ငန်း Gojek ကိုလည်း လျှပ်စစ်မော်တော်ဆိုင်ကယ်များ ပံ့ပိုးပါတယ်။ ယခုအထိ စီးရေ ၃၀၀ ဝန်းကျင်ကို ပေးအပ်ပြီး ဖြစ်ပါတယ်။
မိုဘိုင်းအက်ပ် တက္ကဆီဝန်ဆောင်မှုလုပ်ငန်း Gojek က ၂၀၃၀ မှာ လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုသာ အသုံးပြုရန် ရည်မှန်းချက် ထားရှိပါတယ်။
Gojek က တက္ကဆီ ဝန်ဆောင်မှုနှင့်အတူ အိမ်တိုင်ရာရောက် ပစ္စည်းပေးပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ် ချဲ့ထွင်ဖို့ e-commerce ကုမ္ပဏီ Tokopedia နှင့် အတူပူးပေါင်းပြီး GoTo ကို ထူထောင်ထားပါတယ်။
Gojek မှာ စာရင်းပေးသွင်းထားတဲ့ ယာဉ်မောင်း ဦးရေ ၂ သန်းကျော် ရှိပါတယ်။ ကားကိုလည်း အသုံးပြုသော်လည်း အများစုမှာ မော်တော်ဆိုင်ကယ်ကို အသုံးပြုကြပါတယ်။
ထို့အတွက် လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၂ သန်း ဖြည့်ဆည်းပေးနိုင်ဖို့ ဖက်စပ်လုပ်ငန်း Electrum က ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Source nikkei asia