၁၃၀၀ စီစီကားများ အရောင်းအဝယ်ပြန်တက်လာသည့် ရန်ကုန်ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့် (YVQC) စနစ် ထွက်ပေါ်မလာသေးသောကြောင့် ကားဈေးကွက်အခြေအနေမှာ အေးစက်နေဆဲဖြစ်ပြီး သင်္ကြန်ကာလအပြီးတွင် ၁၃၀၀ စီစီ ရန်ကုန်လိုင်စင်ကားများသာ အရောင်းအဝယ်အနည်းငယ်ရှိနေသည်။

အများစုမှာ ရန်ကုန်လိုင်စင်ထုတ်ပေးမည့်အချိန်ကို စောင့်ကြည့်နေသောကြောင့် ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် Consignment ကားများလည်း အရောင်းအဝယ်အေးနေပြီး Toyota Wish၊ Toyota Kluger၊ Toyota Fielder တို့သာအမေးရှိနေကြောင်း သိရပါသည်။

နယ်အဝယ်များဆင်းလာသော်လည်း ၁၃၀၀ စီစီကားများသာ အဝယ်များသဖြင့် Honda Fit GE6 (ပုံပြောင်း)၊ Honda Insight နှင့် Honda Fit Shuttle တို့ အရောင်းအဝယ်ပြန်ဖြစ်လာပါသည်။

သင်္ကြန်ကာလအပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌လည်း ၁၃၀၀ စီစီကားဈေးကွက် ပြန်ပြီးလှုပ်ခတ်လာကာ Toyota Vitz၊ Toyota Belta၊ Toyota Ractis၊ Honda Fit၊ Honda Insight၊ Honda Fit Shuttle များအဝယ်လိုက်နေပါသည်။

အမြင့်ကားတစ်ချို့ အရောင်းအဝယ်ဖြစ်နေသော်လည်း Consignment ပါမစ်ဖြင့် တင်သွင်းထားသည့် စတိနံပါတ်ကားများမှာ ဝယ်လက်နည်းပါးနေကြောင်း သိရပါသည်။

၁၃၀၀ စီစီကားများ အရောင်းအဝယ်ဖြစ်လာချိန်တွင် ရန်ကုန်အဝယ်များက ရန်ကုန်လိုင်စင်ကားကိုသာ ရွေးချယ်ဝယ်ယူသောကြောင့် နယ်လိုင်စင်ကားများသည် နယ်အဝယ်ဆင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

Consignment ပါမစ်ကားများ အရောင်းအဝယ်ငြိမ်နေသည့်အတွက် စလစ်ဈေးများမှာ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အပြီးတွင် အပြောင်းအလဲမရှိ ငြိမ်သက်နေသည်။

စလစ်ဈေးကွက်တွင်လည်း ရန်ကုန်လိုင်စင် စလစ်ကိုသာ အဝယ်များနေသဖြင့် နယ်စလစ်များမှာ ဈေးကွက်အေးနေပါသည်။

သင်္ကြန်အပြီးတွင် ရန်ကုန်လိုင်စင် သက်တမ်းနှစ်နှစ်ဆယ်စလစ်သည် ကျပ် ၁၂၄ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ်သိန်းတစ်ရာဝန်းကျင်ရှိပြီး လိုအပ်သူအချို့သာ ဝယ်ယူကြသ ဖြင့် ဈေးကွက်အေးနေကြောင်းသိရပါသည်။

ကားဈေးနှုန်းများ

စဉ်   ကားအမျိုးအစား   နံပါတ်   မိုဒယ်   ဈေးနှုန်း
၁ Honda Isight MDY 2010 235
၂ Toyota Probox BGO 2012 145
၃ Honda Fit YGN 2011 192
၄ Toyota Kluger YGN 2004 360
၅ Toyota Wish YGN 2003 230
၆ Nissan Juke MDY 2011 340
၇ Toyota Land Cruiser YGN 2010 1955
၈ Toyota Axio BGO 2013 270
၉ Toyota Alphard YGN 2004 350
၁၀ Toyota Hiace YGN 2007 410

 

Read 1840 times