အေးစက်နေဆဲဖြစ်သော ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


နှစ်အစကတည်းက အေးစက်နေသော ကားစျေးကွက်သည် ဇန်နဝါရီလကုန်အထိတိုင် မလှုတ်ခတ်သေးဘဲ အေးစက်နေဆဲဖြစ်ပါသည်။

ရောင်းကားများပြီး အဝယ်နည်းနေသည့်အချိန်တွင် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ခြောက်ကပ်နေရာ အဝယ်ဆင်းမည့်အချိန်ကိုသာ မျှော်လင့်နေရကြောင်း သိရပါသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကားများကို အမြင့်စျေးဖြင့်ဝယ်ယူခဲ့ရ၍ ချမရောင်းချင်ကြဘဲ အဝယ်များကလည်း တက်စျေးဖြင့် ပေးပြီး မဝယ်လိုကြသဖြင့် အရောင်းအဝယ်အေးနေခြင်းဖြစ်ပါသည်။

ပုံမှန်စျေးအောက်ချရောင်းသည့် ၁၃၀၀ စီစီကားများသာ အရောင်းအဝယ်အနည်းငယ်ဖြစ်ပြီး စလစ်ကပ်ကားများထဲတွင် ကျပ်သိန်း သုံးရာအောက် Toyota Wish၊ Mark II (ရွှေငါး)၊ Toyota Caldina ကားများသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

ကားတင်သွင်းသူများကလည်း ယခုနှစ်မူဝါဒဖြင့် တင်သွင်း၍ ရနိုင်သည့် ဘယ်မောင်းကားများကို ချိန်ဆနေကြသဖြင့် ကားတင်သွင်မှုရပ်ဆိုင်းသွားပြီး ဂျပန်ညာမောင်းကားများကိုသာ အရောင်းအဝယ် ပြုလုပ်နေရပါသည်။

ဘယ်မောင်းကားများကို တင်သွင်းရန်အတွက် ဘယ်မောင်းအသုံးပြုသည့် နိုင်ငံများဖြစ်သော တရုတ်၊ ကိုရီးယား၊ ဒူဘိုင်းနှင့် ဥရောပနိုင်ငံများမှ ကားများ၏ စျေးကွက်ကို စုံစမ်းနေကြသော်လည်း စျေးကွက်အေးစက်နေသောကြောင့် တင်သွင်းရန်အခက်တွေ့နေပါသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအကုန်ပိုင်းလောက်မှစ၍ အရောင်းအဝယ်အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ အနည်းငယ်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃၀၀ စီစီကားများ စျေးအနည်းငယ်ဆင်းသွားပြီး စလစ်ကပ်ကားများမှာ စျေးအတက်အကျမရှိဘဲ အရောင်းအဝယ်အေးစက်နေကြောင်း သိရပါသည်။

အပ်ကားစျေးကွက်သည် စျေးအတက်အကျမရှိဘဲ ငြိမ်နေပြီး နှစ်နှစ်ဆယ်အမည်ပေါက်စလစ်သည် ကျပ် ၁၂၂ သိန်း ဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ် ၁၀၈ သိန်းဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်သည် ကျပ် ၁၀၆ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2012 247
၂ Honda Insight MDY 2010 225
၃ Toyota Vanguard ယာယီ 2011 600
၄ Toyota Vitz ယာယီ 2012 205
၅ Toyota Kluger YGN 2005 385
၆ Suzuki Swift ယာယီ 2011 185
၇ Nissan Juke MDY 2011 335
၈ Toyota Wish YGN 2004 320
၉ Toyota Hilux Vigo MDY 2012 320
၁၀ Mazda Demio ယာယီ 2011 195

 

Read 1533 times