ဝန်ထမ်းပါမစ် နဲ့ သက်သာခွင့်များ


ရာထူးအလိုက် ခွင့်ပြုသည့် ငွေပမာဏ

============

- အမြဲတမ်းအတွင်းဝန်

- ညွှန်ကြားရေးမှူးချုပ်

သိန်း ၅၀၀ CIF တန်ဖိုးသွင့်ခွင့် ရရှိ

- ဒုတိယညွှန်ကြားရေးမှူးချုပ်

- ညွှန်ကြားရေးမှူး

- ဒုတိယညွှန်ကြားရေးမှူး

သိန်း ၃၀၀ CIF တန်ဖိုးသွင့်ခွင့် ရရှိ

လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ အောက်အဆင့်

SKD သိန်း ၃၀၀ စက်ရုံထုတ်ရောင်းစျေး

ကားတင်သွင်းမယ်ဆိုရင်

====

ပြည်တွင်း အခွန်အမျိုးမျိုးကတော့ အစိုးရ သတ်မှတ်သည့်နှုန်းအတိုင်း ကင်းလွတ်ခွင့်ရပါမည်။
EU လေလံ USA လေလံ ကားဝယ်ယူတဲ့အခါ လေလံပေါ်မူတည်ပြီး ဈေးအနည်းအများ ကွာမယ်။ ခွင့်ပြုချက်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ကားဈေးကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။

လေလံဆောင်ရွက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းနဲ့ လုပ်ကိုင်တဲ့အခါ များသောအားဖြင့် ယာဉ်ခန့်မှန်းတန်ဖိုးရဲ့ ၁၀% ကို စရံပေးသွင်းရလေ့ ရှိပါတယ်။ သိန်း ၄၀ သိန်း ၅၀ ဆိုပြီး ပုတ်ပြတ်ယူတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ရှိပါတယ်။ အရေးကြီးတာက လေလံမအောင်ရင် စရံကို တစ်လုံးတစ်ခဲတည်း ပြန်အမ်းပေးတာ သေချာစေဖို့ ဖြစ်ပါတယ်။

ကားရွေးချယ်တဲ့အခါ တစ်ပတ်စာအတွက် လေလံတင်တဲ့ ကားတွေထဲမှ ရွေးချယ်ရပါတယ်။ ကားရွေးပြီးရင် လေလံဆွဲတဲ့အခါ ဘယ်လောက်အထိ ပေးမလဲဆိုတာ ဆုံးဖြတ်ပေးရပါတယ်။ လေလံအောင်ပြီးရင် သင်္ဘောတင်မယ် ရန်ကုန်ကို ပို့မယ်။ ပုံမှန်အားဖြင့် ၃ လ အချိန်ယူပါတယ်။

သက်သာခွင့်များ

===========

ညွှန်ချုပ်နဲ့ အမြဲတမ်း အတွင်းဝန် - 3.5L အင်ဂျင်အောက် သိန်း ၅၀၀ အောက်ကား

ဒုညွှန်ချုပ် - 2.5L အင်ဂျင်အောက် သိန်း ၃၀၀ အောက်ကား

ညွှန်မှူး - 2L အင်ဂျင်အောက် သိန်း ၃၀၀ အောက်ကား

ဒုညွှန်မှူး - 1.8L အင်ဂျင်အောက် သိန်း ၃၀၀ အောက်ကား

Custom Duty 2L အောက် (ပုံမှန် 20%) – 0% FREE

Custom Duty 2L အထက် (ပုံမှန် 30%) – 5%

Special Goods Tax 1.5L အောက် - 0% FREE

Special Goods Tax 1.5L -2L ကြား - 10%

Special Goods Tax 2L -4L ကြား - 30%

Special Goods Tax 4L အထက် - 50%

Commercial Tax – 5%

Income Tax – 0% FREE

RTAD Tax ကညနခွန် (ပုံမှန် 15% to 60%) - 0% FREE

သိန်း ၅၀၀ ကားအား CIF 37,500 နဲ့ သိန်း ၃၀၀ ကားအား CIF 22,500 နဲ့ ဒေါ်လာပေါက်ဈေး ၁၃၃၀ ကျပ်နဲ့ ခန့်မှန်းတွက်ချက်ပေးထားပါတယ်

3.5L သိန်း ၅၀၀ တန်ကား ပုံမှန်အခွန် - သိန်း ၆၁၀ ခန့်

ဝန်ထမ်းပါမစ် ဆောင်ရမည့်အခွန် - သိန်း ၂၂၀ ခန့်

သက်သာနိုင်ခွင့် - သိန်း ၃၉၀ ခန့်

2.5L သိန်း ၃၀၀ ကား ပုံမှန်အခွန် - သိန်း ၃၆၅ ခန့်

ဝန်ထမ်းပါမစ် ဆောင်ရမည့်အခွန် - သိန်း ၁၃၀ ခန့်

သက်သာနိုင်ခွင့် - သိန်း ၂၃၅ ခန့်

1.8L – 2L သိန်း ၃၀၀ ကား ပုံမှန်အခွန် - သိန်း ၂၀၅ ခန့်

ဝန်ထမ်းပါမစ် ဆောင်ရမည့်အခွန် - သိန်း ၅၀ ခန့်

သက်သာနိုင်ခွင့် - သိန်း ၁၅၅ ခန့်

ခြုံငုံသုံးသပ်ကြည့်ရမယ်ဆို အင်ဂျင်ကြီးတဲ့ကားသွင်းလေ သက်သာခွင့်များလေဖြစ်ပါတယ်။

 

 

By Aung Win (Myanmar Automobile Guide)

Read 11783 times