၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာမယ့် Alfa Romeo ရဲ့ 1,000 BHP ထွက် လျှပ်စစ် စူပါဆလွန်းကား


 

အီတလီဇိမ်ခံကား ကုမ္ပဏီဖြစ်တဲ့ Alfa Romeo Quadrifoglio ဟာ ငွေကြေးအရ ထိန်းထားနိုင်ဖို့ ပျင်းစရာကောင်းတဲ့ Crossover တွေကို အတင်းအကျပ် ထုတ်လုပ်ပေးနေရပေမယ့် နောက်ပိုင်းမှာ ဇိမ်ခံလျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့အတွက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဥ်တွေ ရှိနေတယ်လို့ Alfa Romeo ရဲ့ CEO ဖြစ်သူ Jean-Philippe Imparato က ပြောကြာခဲ့တယ်လို့ Top Gear သတင်းဌာနအရ သိရပါတယ်။ 

 

Alfa Romeo ဟာ ကားဈေးကွက်မှာ နေရာသေးသေးတစ်ခုသာ ရထားပေမယ့်လည်း အရင်နှစ်ကစပြီး တဖြေးဖြေးကြီးထွားလာခဲ့ကာ Europe မှာ ရောင်းအား ၂၂% အထိ တိုးလာခဲ့ပါတယ်။ ကုန်ကျစရိတ် နည်းလာပြီး အမြတ်ပိုရနေတယ်လို့ Imparato က‌ ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ Alfa ရဲ့ Tonale က အမြတ်ပိုထွက်လာဦးမှာ ဖြစ်တယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။ 

 

Alfa Romeo ရဲ့ CEO ဖြစ်သူ Jean-Philippe Imparato

 

နောက်နှစ်မှာ Alfa ရဲ့ ပထမဆုံး လျှပ်စစ်ကားထွက်ရှိလာမှာ ဖြစ်ပါတယ်။ Crossover ပုံစံပဲ ထွက်ရှိလာမှာဖြစ်ပြီး Tonale ထက် အနည်းငယ်ပိုသေးမယ်လို့လည်း သိရပါတယ်။ Jeep Avenger နဲ့ Vauxhall Mokka ကားပုံစံမျိုး ထွက်ရှိလာမှာဖြစ်ပြီး လျှပ်စစ်အပြင် ဓာတ်ဆီကားအနေနဲ့ပါ ထုတ်လုပ်မှာဖြစ်တယ်လို့ Imparato က Stellantis CMP Platform မှာ အတည်ပြုခဲ့ပါတယ်။ 

 

၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်မှာ လျှပ်စစ်ကားနှစ်စီးကို Saloon အနေနဲ့ရော Crossover အနေနဲ့ပါ စုံလိုက်ထုတ်လုပ်မှာဖြစ်ပြီး အဲ့ဒီ Saloon အသစ်ကို New Giulia လို့ ခေါ်ဆိုမှာဖြစ်တဲ့အပြင် Alfa Romeo ရဲ့ Chief Designer ဖြစ်သူ Mesonero Romanos က အတိတ်ကို မဖျက်ဆီးပစ်မယ့် အနာဂါတ်တစ်ခုကို Design ဆွဲရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

 

Advertisement

Click Here >>> King Metal

 

Performance အပိုင်းမှာလည်း တော်တော်စိတ်ကျေနပ်စရာကောင်းနေပြီး 350 BHP နဲ့စတင်ကာ Veloce က 800 BHP ထွက်မှာဖြစ်တဲ့အပြင် Quadrifoglio က 1,000 BHP အထိ ထွက်မှာ ဖြစ်ပါတယ်။ ဒီကားတွေမှာ Stellantis Group STLA ကနေ ထွက်ရှိလာမယ့် Platform ကို အသုံးပြုထားပြီး 800 V၊ Ultra-rapid Charging နဲ့ တစ်ခါအားသွင်းပြီး မိုင် ၅၀၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

ဒါ့အပြင် Romanos က လျှပ်စစ်ကားကို ပြောင်းပြီး စီးတဲ့အခါ အဆင်မပြေမှုတွေ ကြုံရတာမျိုး မဖြစ်စေချင်တဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ 

 

Alfa Romeo Giulia Concept by Carcoops

 

အဲ့ဒီ လျှပ်စစ်ကားအသစ်တွေဖြစ်တဲ့ Saloon Type Giulia နဲ့ Crossover Type Stelvio တို့ကို ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း ထုတ်လုပ် မိတ်ဆက်ပြီးတဲ့နောက်မှာ နောက်ထပ် ပိုကြီးတဲ့ လျှပ်စစ်ကားတွေကို ၂၀၂၇ ခုနှစ်မှာ ထပ်မံ မိတ်ဆက်ပေးသွားဖို့ အစီအစဥ်တွေလည်း ရှိတယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် Alfa Romeo က ကားထုတ်လုပ်မယ့် Slot တွေကို ဝယ်ယူသူတွေထံကနေ Deposits ကောက်ခံ ထားပြီး ထုတ်လုပ်ဖြစ်မဖြစ်ကိုတော့ ဧပြီလ ၁၇ ရက်နေ့မှာ ဆုံးဖြတ်ချက် ချရမှာပါ။ 

 

ဒါ့အပြင် Romanos က ကား Design က အကုန်မပြီးသေးတဲ့အပြင် ကားကို အပြီးပိုင် ရောင်းလိုက်ချင်တာမျိုးမဟုတ်ပဲ ဝယ်ယူသူတွေနဲ့ ပူးတွဲ ပိုင်ဆိုင်ချင်တာမျိုး ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။ 

 

Maserati ရဲ့ Grecale ကားက Alfa ရဲ့ Stelvio ကနေ ဆင်းသက်လာတာဖြစ်ပြီး Grecale က ဓာတ်ဆီကားနဲ့ လျှပ်စစ်ကား ရွေးချယ်လို့ ရတဲ့အတွက် Romanos က Stelvio ကိုလည်း ရွေးချယ်ခွင့်ထားရှိလို့ ရနိုင်အောင် ပြုလုပ်လို့ရနိုင်ပြီး ဒီ ဓာတ်ဆီကားဟာ Alfa ရဲ့ နောက်ဆုံးဓာတ်ဆီကားဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

 

Source - Top Gear

Read 286 times