2024 Toyota Land Cruiser SUV မိနစ် ၃၀ အတွင်း ပထမအသုတ် စီးရေ ၁,၀၀၀ အကုန်ရောင်းရ 


2024 Toyota Land Cruiser SUV မိနစ် ၃၀ အတွင်း ပထမအသုတ် စီးရေ ၁,၀၀၀ အကုန်ရောင်းရ 

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

The 2024 Toyota Land Cruiser SUV ဥရောပတွင် ပွဲဦးထွက်မှာ တာထွက်ကောင်းခဲ့သည်။ ပထမအသုတ် ထုတ်လုပ်မည့် အစီးရေ ၁,၀၀၀ ကို ဂျာမနီတွင် အမှာစာ စတင်လက်ခံခဲ့ရာ မိနစ် ၃၀ အတွင်း အကုန်ရောင်းရသည်။ 


မျိုးဆက်သစ်  Land Cruiser ကို ဒီဇင်ဘာလ ၂၁ ရက် မနက် ၈ နာရီတွင် အမှာစာ စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။

ဂျာမနီအတွက် Land Cruiser ကို
• Executive
• Tec
• First Edition
ဗားရှင်းသုံးမျိုး ထုတ်လုပ်မည်။
ဥရောပဈေးကွက် တစ်ခုလုံးအတွက် First Edition ဗားရှင်းကို အစီးရေ ၃,၀၀၀ သာ ထုတ်လုပ်မည်ဟု တိုယိုတာက ကြေညာထားသည်။
ယခု ပထမအသုတ်အတွက် ကားများကို ၂၀၂၄ ခုနှစ် တတိယ ၃ လပတ်တွင် ရရှိမည် ဖြစ်သည်။

ဥရောပမော်ဒယ်များကို 2.8-liter turbodiesel အင်ဂျင်၊ အော်တိုဂီယာ ၈ ချက် ဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ်မည်။

၂၀၂၅ ခုနှစ်တွင် 48-volt စနစ် ဟိုက်ဘရစ် စတင်ထုတ်လုပ်မည်။ 

 


 
Source carscoops 
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 2996 times