2024 Ora 07 EV ဘတ် တသန်းကျော်ဖြင့် ရောင်းချ


2024 Ora 07 EV ဘတ် တသန်းကျော်ဖြင့် ရောင်းချ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Great Wall Motor (GWM) Ora 07 ကို ထိုင်းနိုင်ငံ၌ ယမန်နှစ် Thailand International Auto Expo တွင် မိတ်ဆက်ခဲ့သည်။

Lightning Cat သို့မဟုတ် Grand Cat ဟုလည်း လူသိများသော 07 သည် GWM ၏ Lemon E ပလက်ဖောင်းပေါ်တွင် တည်ဆောက်ထားသော လျှပ်စစ်ကားစစ်စစ် ဆီဒင်ဖြစ်ပြီး ဗားရှင်းနှစ်မျိုးဖြင့် ရရှိနိုင်သည်။

ဗားရှင်းတမျိုးမှာ Long Range ဖြစ်ပြီး ဘတ် ၁.၂၉၉ သန်းဖြင့် ဈေးဖွင့်သည်။ 

ကျန်တမျိုးမှာ Performance ဖြစ်ပြီး ရောင်းဈေး ဘတ် ၁.၄၉၉ သန်း ဖြစ်ပါသည်။ 

၎င်းဈေးနှုန်းများသည် ထိုင်းအစိုးရ၏ အီးဗီ ထောက်ပံ့သည့် အစီအစဉ် ထည့်သွင်းတွက်ချက်ထားပါသည်။ သို့ဖြစ်ရာ ဈေးသက်သာပါသည်။

 ထောက်ပံ့သည့် အစီအစဉ် မပါလျှင် 07 ဈေးနှုန်းမှာ ဘတ် ၂၈၂,၆၁၁ နှင့်အထက် ဖြစ်ပါသည်။

 

07 ဗားရှင်း နှစ်မျိုးစလုံးတွင် 83.5-kWh  လီသီယမ်ဘက်ထရီ သုံးထားပါသည်။ 

၃၀-၈၀% ကို DC အမြန်အားသွင်း မိနစ် ၃၀ ကျော် ကြာပါသည်။

 

• Long Range ယာဉ်ရှေ့ပိုင်းတွင် 150 kW လျှပ်စစ်မော်တာတလုံး တပ်ဆင်ပေးထားပါသည်။ ရုန်းအား 340 Nm အထိ ရနိုင်ပါသည်။ အမြန်ဆုံး အမြန်နှုန်းမှာ 170 km/h ဖြစ်ပါသည်။ ခရီးတာ 640 km အထိ သွားနိုင်ပါသည်။

• Performance တွင် ရှေ့နှင့်နောက် မော်တာတလုံးစီ တပ်ဆင်ပေးထားပြီး ၄ ဘီးယက် ဖြစ်ပါသည်။ မော်တာ ၂ လုံး စုစုပေါင်း 300 kW ဖြစ်ပြီး ရုန်းအား 680 Nm အထိ ရနိုင်ပါသည်။

Performance သည် 0-100 km/h အရှိန်တင်ရန် ၄.၃ စက္ကန့် ကြာပါသည်။ အမြန်ဆုံး အမြန်နှုန်းမှာ 180 km/h ဖြစ်ပါသည်။

ခရီးတာ 550 km အထိ သွားနိုင်ပါသည်။

 

နှစ်မျိုးစလုံးတွင် မောင်းနှင်သည့် မုဒ် mode များမှာ Eco, Well Being, Normal, Sport, Individual  တို့ဖြစ်ပြီး Performance တွင် Sport+ ပါဝင်ပါသည်။

စတီယာရင် စနစ် ၃ မျိုး Light, Comfort, Sport ရွေးချယ်နိုင်ပါသည်။ 

Source paultan

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 267 times