2023  Singapore Motorshow နောက်ဆုံးထုတ် ကားမော်ဒယ်အသစ်များ ပြသ


2023  Singapore Motorshow နောက်ဆုံးထုတ် ကားမော်ဒယ်အသစ်များ ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

စင်ကာပူ ကားကုန်သည်များအသင်း Singapore Motor Traders Association of Singapore မှ ကြီးမှူးပြသသည့်  2023  Singapore Motorshow ကို ကြာသပတေးနေ့ (ဇန်-၁၂)တွင် စတင်ခဲ့ပြီး တနင်္ဂနွေနေ့ (ဇန် ၁၅)အထိ ကျင်းပသွားမည်ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ရပ်နားထားပြီးနောက် Singapore Motorshow ကို ယခုနှစ်တွင် ပြန်လည်ပြသပါသည်။ ယခုပြပွဲသည် သတ္တမအကြိမ်မြောက်ပြသခြင်း ဖြစ်ပါသည်။
ကား brand ၂၅ ခု ပါဝင်ပြသပါသည်။ အင်ဂျင်ဝိုင် အပါအဝင် မော်တော်ယာဉ်သုံး ပစ္စည်းများလည်း ခင်းကျင်းပြသပါသည်။


ဂျာမနီမှ Volkswagen Group က အီးဗီများ ပြသရာ Volkswagen အီးဗီမော်ဒယ် ၃ မျိုး၊ Skoda က အီးဗီမော်ဒယ် ၁ မျိုး ပြသပါသည်။ Audi က Electric Dreams ဟု အမည်ပေးထားသည့် Audi e-tron GT မော်ဒယ်ကို ပြသသည်။ Skoda က Skoda Enyaq Coupe iV ကို ပွဲထုတ်ထားသည်။

Skoda Enyaq Coupe iV

 

ဆွီဒင်မှ Polestar က ပထမဆုံး အကြိမ် ပါဝင်ပြသပါသည်။  ဂျပန်မှ Nissan က အီးဗီ crossover မော်ဒယ် Ariya ကို ပွဲထုတ်ပါသည်။ လျှပ်စစ်ကားစစ်စစ်များသာမက ဓာတ်ဆီအင်ဂျင်ကားစစ်စစ် မော်ဒယ်များလည်း ပါဝင်ပြသကြရာ Lotus Emira နှင့် Subaru Impreza WRX တို့ ပါဝင်သည်။

 

Lotus Emira

 


Subaru Impreza WRX ပုံ

ကားမောင်းစွမ်းရည် ပြသပွဲကို ဗြိတိသျှ နိုင်ငံသား  Guinness World Record စံချိန် ၃ ခုရ Russ Swift ၏ Russ Swift Stunt Show လည်း ပါဝင်ပါသည်။ ယခင် ကျင်းပခဲ့သည့် Singapore Motorshow မှ Swift Stunt Show မှတ်တမ်းဗီဒီယိုကို ဖော်ပြပေးထားပါသည်။ 

 


Singapore Motorshow 2023
နေရာ : Suntec City Convention & Exhibition Centre, Levels 3 and 4, 3 Temasek Boulevard
ပြသချိန် : Till Sunday, Friday, 11.30am to 9pm; Saturday and Sunday, 10.30am to 9pm
ဝင်ကြေး :  ၈ စင်ကာပူဒေါ်လာ  (အရပ် ၁.၂ မီတာအောက် ကလေး အခမဲ့)
တရားဝင် ဝဘ်ဆိုက် 
https://motorshow.com.sg/2023/


 

 

BMW M3 Competition Touring

ပါဝါ 510hp အထိ ပေးနိုင်သည့် အဖြောင့်အတန်းဆလင်ဒါ ၆ လုံးတန်း တာဘိုအင်ဂျင်၊ အော်တိုဂီယာ ၈ ချက်၊ ၄ ဘီးယက်။

 

 

BYD Dolphin

ရေနေနို့တိုက်သတ္တဝါအမည်ဖြင့် ကားမော်ဒယ် အမည်ပေးသော BYD က ဖျံနှင့် လင်းပိုင်၊ Seal နှင့် Dolphin အီးဗီ မော်ဒယ် ၂ မျိုးပြသပါသည်။
Dolphin ကိုယ်ထယ်ဒီဇိုင်းသည် BMW i3 နှင့် ဆင်ဆင်တူပါသည်။ အရွယ်အစား ကျစ်လစ်သည်။ 
Seal က အရွယ်ကြီးသည်။ တရုတ်ပြည်တွင်းဈေးကွက်တွင် Tesla Model 3 ၏ ပြိုင်ဘက် မော်ဒယ် ဖြစ်ပါသည်။ ရောင်းအား အလွန်ကောင်းသည့် မော်ဒယ်ဖြစ်ပါသည်။

 

Citroen e-C4

e-C4 သည် Citroen ၏  စင်ကာပူဈေးကွက်သို့ အဦးဆုံးဝင်ရောက်သည့် အီးဗီမော်ဒယ်ဖြစ်ပါသည်။ Peugeot e-2008 ပလက်ဖောင်းဖြင့် တည်ဆောက်ထားပါသည်။ 
 
 

Kia Niro EV

Kia Niro EV ဒုတိယမျိုးဆက်ကို ပွဲထုတ်ထားပါသည်။ ပထမမျိုးဆက်ထက် ဘက်ထရီပိုကြီးပြီး ခါးအလျား wheelbase 20mm ပိုရှည်ပါသည်။ 

 

Lexus RZ

Lexus ၏ အဦးဆုံး အီးဗီမော်ဒယ် UX300e သည် စမ်းသပ်အဆင့် ဖြစ်ပါသည်။ အမြောက်အမြား မထုတ်လုပ်သေးပါ။ 
 RZ450e သည် ရှေ့မော်တာ 150kW နှင့် နောက်မော်တာ 80kW ဖြစ်ပြီး ၄ ဘီးယက် ဖြစ်ပါသည်။ ခရီးတာ 360km အထိ သွားနိုင်ပါသည်။

 

Mercedes-AMG SL55

၁၉၅၀ ပြည့်နှစ်လွန် 300SL Gullwing ၏ နောက်ဘိတ်ဆုံး မျိုးဆက် ဖြစ်ပါသည်။ အမိုးပျော့ ရှေ့ ၂ ယောက်၊ နောက် ၂ ယောက် ၄ ယောက်စီး မော်ဒယ် ဖြစ်ပါသည်။ twin-turbo 4-litre V8 အင်ဂျင်၊ ပါဝါ 476hp နှင့် ရုန်းအား 700Nm အထိ ထုတ်ပေးနိုင်သည်။ SL တွင် ပထမဆုံး ၄ ဘီးယက်မော်ဒယ် ဖြစ်ပါသည်။
SL43 ကိုလည်း ပြသထားသည်။ ပါဝါ 381hp နှင့် ရုန်းအား 480Nm အထိ ထုတ်ပေးနိုင်သော 2-litre ဆလင်ဒါ ၄ လုံး အင်ဂျင်သုံးထားသည်။ 

 

MG 4

နောက်ဘီးယက်၊ လျှပ်စစ်ကား MG 4 သည် ပါဝါ 150kW နှင့် ရုန်းအား 250Nm အထိ ရနိုင်သည်။ 64kWh ဘက်ထရီ ထည့်ပေးထားပြီး ခရီးတာ ၄၅၀ ကီလိုမီတာအထိ သွားနိုင်သည်။

 

Nissan Ariya

၂၀၁၀ တွင် Nissan Leaf သည် ကမ္ဘာ့ပထမဆုံး အမြောက်အမြား ထုတ်လုပ်သည့် လျှပ်စစ်ကား ဖြစ်ခဲ့သည်။ Leaf ကို ထုတ်လုပ်မှု ရပ်လိုက်ပြီ ဖြစ်သည်။ Ariya သည် Nissan ၏ ဒုတိယမြောက် အမြောက်အမြား ထုတ်လုပ်သည့် လျှပ်စစ်ကားဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် စတင်ရောင်းချခဲ့သည်။ အရှေ့တောင်အာရှ ဈေးကွက်များတွင် Tan Chong Motor က အေးဂျင့်အဖြစ် တာဝန်ယူကာ  ဖြန့်ဖြူးရောင်းချပေးမည်။ 

 

Toyota GR86

 

Subaru BRZ ပလက်ဖောင်းဖြင့် တည်ဆောက်ထားသည်။ ဆလင်ဒါများ ရေပြင်ညီအတိုင်း လှုပ်ရှားသည့် Boxer အင်ဂျင် ဆလင်ဒါ ၄ လုံး၊ လက်ထိုးဂီယာ ၆ ချက်။ ပါဝါ 231hp နှင့် ရုန်းအား 250Nm အထိ ရနိုင်သည်။

 

Volkswagen ID Buzz

လျှပ်စစ်မီနီဗင် မျက်နှာပေါက်က ပြုံးပြနေသည့်နှယ်။ ထိုင်ခုံ ၅ လုံး၊ ကုန်တင်ရန် နေရာအကျယ်ကြီး ပေးထားသည်။ ခရီးတာ 400km အထိ သွားနိုင်သည်။


2023  Singapore Motorshow တွင်  ကားမောင်းစွမ်းရည် ပြသသည့်  Russ Swift stunt show ၃ ကြိမ် ပါဝင်ပါမည်။

ကားမောင်းစွမ်းရည် ပြသသည့်  Russ Swift stunt show မှတ်တမ်းဗီဒီယို

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

Read 773 times