2023 Nissan Serena MPV မိတ်ဆက်


2023 Nissan Serena MPV မိတ်ဆက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Nissan က ဂျပန်နိုင်ငံတွင်  Serena MPV အသစ်ကို မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာ လကုန်မှာ ကျင်းပခဲ့ပါတယ်။
မိသားစုများအတွက် အရောင်းရဆုံး MPV ဖြစ်လာမယ်လို့လည်း မျှော်မှန်းထားပါတယ်။


ယခုမော်ဒယ်က Serena ဆဋ္ဌမမြောက် မျိုးဆက်ပါတယ်။ ကားဖြင့် သွားရင်းလာရင်း အဆင်ပြေပြေဖြင့် ဗဟီရတွေ လုပ်ကိုင်နိင်ဖို့ စီစဉ်ပေးထားပါတယ်။

လမ်းပေါ်တွင် ကားစီးရင်း သက်တောင့်သက်သာအရှိဆုံးနှင့် စိတ်ရှုပ်စရာမရှိသော အတွေ့အကြုံကို ရရှိမယ်လို့ ဆိုပါတယ်။

 

 

 

2023 Nissan Serena MPV မိတ်ဆက်ပွဲမှာ Nissan အမှုဆောင် ဒုဥက္ကဌ Asako Hoshino က မိသားစုတစ်ခုလုံး ကားအတူစီးဖြစ်ကြတဲ့ အဖိုးတန်အချိန်ကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စီးနိုင်ဖို့အတွက် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
 Serena မှာ  နှစ်ရောင်စပ် အရောင်ပေါင်းစပ်မှု လေးမျိုး အပါအဝင် အရောင် ၁၄ ရောင်အထိ ရွေးချယ်နိုင်ပါတယ်။ 

ယာဉ်မောင်းထောက်ကူစနစ်အဖြစ် Nissan ProPILOT 2.0 အဆင့်မြင့် မောင်းနှင်ထောက်ကူစနစ် ထည့်ပေးထားပါတယ်။
အဝေးပြေးလမ်း ယာဉ်ကြောမပြောင်းဘဲ အမြန်နှုန်း တစ်နာရီ ၄၀ ကီလိုမီတာနှင့်အထက် မောင်းနှင်နေစဉ် ယာဉ်မောင်းက စတီယာရင်ကို လက်လွှတ်ထားလို့ ရတဲ့ စနစ် ဖြစ်ပါတယ်။ ယာဉ်ကြောအတွင်း ရှိနေအောင် ထိန်းကျောင်းပေးထားမှာ ဖြစ်တဲ့အပြင် ရှေ့က ကားနဲ့လည်း ဘေးကင်းတံ့ အကွာအဝေးမှာ အစဉ်ရှိနေစေမှာ ဖြစ်ပါတယ်။

 

 

 

ကားရပ်နားဖို့ ProPILOT Remote Park လည်း ထည့်ပေးထားပါတယ်။ ကားပေါ်က လူဆင်းပြီး ကားကို ပတ်ကက်ထိုးခိုင်းနိုင်ပါတယ်။ 
ProPILOT Park လည်း ထည့်ပေးထားပြီး ရပ်နားနေကျ နေရာကို မှတ်သားပေးထားပါတယ်။ 

 


ယာဉ်အောက်ပိုင်း ဆိုင်းထိန်းစနစ်မှာ ကားကို မြမ်နှုန်းမြင့်မြင့်ဖြင့် မောင်းနှင်တဲ့အခါ မလူးအောင် စီမံပေးထားပါတယ်။ 
ထိုင်ခုံတွေကို ရေမစုပ်တဲ့အသားဖြင့် ချုပ်ပေးထားပါတယ်။ အရည်ဖိတ်ကျရင် သုတ်သင်ပေးပြီးတဲ့အခါ ထိုင်ခုံမှာ စိုစိစိ ဖြစ်မကျန်ရစ်တဲ့ အသားမျိုး ဖြစ်ပါတယ်။

 


ထိုင်ခုံ ၃ တန်းပါပြီး 2:3:3 အဖြစ်လည်းကောင်း၊ ဒုတိယတန်း အလယ်ခုံကို ခေါက်ထားပြီး 2:2:3 အဖြစ်လည်းကောင်း စီမံနိုင်ပါတယ်။
ကားကို ကြိုတင်အအေးပေးထားဖို့ pre-cooling air conditioning system ပါဝင်ပါတယ်။ ကားပေါ်မှာ WiFi ပါပါတယ်။ 

အင်ဂျင်က 1.4-litre နှင့် 2.0-litre ၂မျိုး ထုတ်လုပ်ပါတယ်။

 

 

 

 

Source Motorist.

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 282 times