2023 Japan EV Of The Year Awards


2023 Japan EV Of The Year

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကားတင်ပို့ရောင်းချသူအဖြစ် ကာလကြာရှည်စွာရှိခဲ့ရာမှ တရုတ်နိုင်ငံက ပထမနေရာရကို ရယူခဲ့သည်။

တရုတ်နိုင်ငံသည် အီးဗီခေတ်သို့ ကူးပြောင်းနေစဉ် ဂျပန်တွင် လျှပ်စစ်ကား ဝယ်လိုအား အလွန်နည်းပါသည်။ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကားအသစ် ရောင်းအားတွင် ဘက်ထရီသုံး အီးဗီစစ်စစ်များ (hybrids မပါဝင်) ရောင်းအား ၂% သာ ပါဝင်သည်။

ဂျပန်တွင် လျှပ်စစ်ကို ချွေတာသုံးစွဲရသည့် အချိန်အခါများ ရှိနေပါသည်။ ရုံးများ၊ အိမ်များတွင် လေအေးပေးစက်များ မသုံးကြသည်အထိ လျှော့သုံးကြသည်။ သို့ဖြစ်ရာ လျှပ်စစ်ကား ဝယ်စီးဖို့ တွန့်ဆုတ်ကြပါသည်။

တိုယိုတာနှင့် ဟွန်ဒါတို့ ကဲ့သို့သော ပြည်တွင်းကားထုတ်လုပ်သူများသည် ဘက်ထရီပါဝါသုံး မော်ဒယ်များကို လက်တစ်ဆုပ်စာမျှသာ ထုတ်လုပ်သည်။

သို့ဖြစ်ရာ 2023 Japan EV of the Year Awards တွင် ပထမဆုကို တရုတ်ကားလုပ်ငန်း BYD ရရှိသည်မှာ သဘာဝ ကျပါသည်။ 

BYD သည် ပထမဆုသာမက တတိယဆုကိုလည်း ရရှိပါသည်။ 

 BYD သည် ဂျပန်တွင် မော်ဒယ် ၂ ခုသာ ရောင်းချလျက် ရှိရာ၌ မော်ဒယ်၂ ခုစလုံး ဆုစာရင်းဝင်ပါသည်။ 

မော်ဒယ်တခုက ပထမ၊ ကျန်မော်ဒယ်တခုက တတိယ ရရှိပါသည်။ 

 

 

 

2023 Japan EV of the Year ဆုအား EV စက်မှုလုပ်ငန်း မီဒီယာ EVsmart နှင့် စွမ်းအင်အတိုင်ပင်ခံ Enechange တို့မှ ကြီးမှူးကျင်းပခဲ့ပြီး ဂျာနယ်လစ်များနှင့် စာဖတ်သူများထံမှ မဲများ ရယူပါသည်။

တရားမျှတစေရန်အတွက် ယခုနှစ် စာရင်းတွင် နိုင်ငံများစွာမှ အီးဗီများ ပါ၀င်သည် ။  Volkswagen ID.4၊ Tesla Model S ၊ X နှင့် 3 ၊ Fiat 500e နှင့် Hyundai Kona တို့ မဲပေးရန် ရွေးချယ်မှုတွင် ပါဝင်ခဲ့သည်။

 

 ယမန်နှစ်က လူကြိုက်များသော Nissan Sakura လျှပ်စစ်ကားသည် ထိပ်တန်းဆုများ ရရှိခဲ့သည်။

 

၂၀၂၃ ခုနှစ်တွင် BYD သည် ဂျပန်ဈေးကွက်ထဲသို့ မောင်းဝင်လာခဲ့သည်။

ပထမဆုရ မော်ဒယ် BYD Dolphin လျှပ်စစ်ကားစစ်စစ် နောက်ဖုံးဖွင့် (hatchback) အရွယ်အစား အငယ်စားကို ဂျပန်ပြည်အတွက် တရုတ်ပြည်မှာ သီးသန့် ထုတ်လုပ်ပြီး   တင်ပို့သည်။ ဂျပန်ဗားရှင်းသည် ဉရောပဗားရှင်းထက် အမြင့်ကို လျှော့ပေးထားသည်။ ဂျပန်တွင်တွေ့ရလေ့ရှိသော အဆင့်အထပ် ကားရပ်နားရန် အဆောက်အဦများမှ အလိုအလျောက်စနစ်နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် အမြင့်ကို လျှော့ပေးထားခြင်း ဖြစ်သည်။

ဥရောပတွင် Dolphin လင်းပိုင်သည် အမြင့် 61.81 လက်မ (1,570 မီလီမီတာ) ရှိပြီး ဂျပန်တွင် 61.02 လက်မ (1,550 မီလီမီတာ) ရှိသည်။

 

 

 

BYD Dolphin သည် ၂၄၁ မှတ်ဖြင့် ပထမဆု ရရှိသည်။

BYD Atto 3 crossover သည် ဂျပန်နိုင်ငံတွင် စတင်ရောင်းချသည့် ပထမဆုံး မော်ဒယ်ဖြစ်ပြီး ၁၄၅ မှတ်ဖြင့် တတိယနေရာကို ရရှိသည်။

တောင်ကိုရီးယားတွင် ထုတ်လုပ်သည့် Hyundai Kona EV က ၁၅၁ မှတ်ဖြင့် ဒုတိယဆု ရရှိသည်။ 

ဆုရွေးချယ်မည့်စာရင်းတွင် မော်ဒယ် ၁၈ ခု ပါဝင်ပြီး ဂျပန်ကားမော်ဒယ် ၄ ခုသာ ပါသည်။ Lexus RZ နှင့် လုပ်ငန်းသုံး အီးဗီမော်ဒယ် ၃ ခုတို့ ဖြစ်ပါသည်။

 

ဂျပန်တွင် အရောင်းရဆုံး အီးဗီ Mitsubishi eK X EV သည် ဆုမရပါ။ 

 

Source Japan times


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 141 times