၂၀၂၃ ပထမနှစ်ဝက် ကားရောင်းအား  ကမ္ဘာ့ထိပ်တန်း(၁၀) နှင့် တရုတ်ပြည် ထိပ်တန်း(၁၀)


၂၀၂၃ ပထမနှစ်ဝက် ကားရောင်းအား 
ကမ္ဘာ့ထိပ်တန်း(၁၀) နှင့် တရုတ်ပြည် ထိပ်တန်း(၁၀)

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 
တရုတ်နိုင်ငံ အိမ်စီးကားအသင်း CPCA (China Passenger Car Association) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်တွင် ကမ္ဘာ့ဈေးကွက်ထဲ ကားရောင်းအား စီးရေ ၄၂.၄၃ သန်း ရှိသည်။

တရုတ်ကားကုမ္ပဏီများ၏ ဈေးကွက်ဝေစုမှာ ၃၁% ရှိသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကားရောင်းအား ကမ္ဘာ့ ထိပ်တန်း(၁၀) ကားကုမ္ပဏီစာရင်းတွင် Toyota, Volkswagen, Hyundai-Kia, Stellantis, Renault-Nissan, GM, Ford, Honda, Suzuki, နှင့် Mercedes-Benz တို့ အစဉ်အတိုင်း  ပါဝင်သည်။


တရုတ်ပြည်မှ ကားကုမ္ပဏီများသည် ကမ္ဘာ့ရောင်းအားအရ ထိပ်တန်း(၁၀) စာရင်းတွင် မပါဝင်ချေ။ 
တရုတ်ပြည်မှ အကြီးဆုံး ကားလုပ်ငန်း BYD သည် အဆင့် (၁၁) တွင် ရောက်ရှိနေပြီး ထိပ်တန်း(၁၀) စာရင်းထဲ ပါဝင်လာနိုင်ဖွယ် ရှိသည်။
 
ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ပြည်ကားဈေးကွက် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကားရောင်းအားထိပ်တန်း(၁၀) စာရင်းတွင် Volkswagen, BYD, GM, Changan, Geely, Toyota, Chery, SAIC, Honda,  Great Wall တို့အစဉ်အတိုင်း ပါဝင်သည်။

Source: CPCA
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1318 times