တရုတ်နိုင်ငံတွင် ၂၀၂၃ ပထမ ၉ လ အရောင်းရဆုံး ကားအမှတ်တံဆိပ်များ


တရုတ်နိုင်ငံတွင် ၂၀၂၃ ပထမ ၉ လ အရောင်းရဆုံး ကားအမှတ်တံဆိပ်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက် တရုတ်ပြည်မှာ အိမ်စီးကား ၁၅,၂၃၉ သန်း ရောင်းချခဲ့သည်ဟု တရုတ်နိုင်ငံ အိမ်စီးကား အသင်း  China Passenger Car Association (CPCA) မှ အချက်အလက် ထုတ်ပြန်သည်။

စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) ကဏ္ဍတွင် ဘက်ထရီသုံးအီးဗီ အစီးရေ ၃,၅၁၃,၀၀၀ နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အစီးရေ ၁,၆၇၈,၀၀၀ ရောင်းချခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အရောင်းရဆုံး ကားအမှတ်တံဆိပ် ထိပ်တန်း(၁၀) စာရင်းတွင် BYD က အစီးရေ ၁၈ သိန်းနီးပါး ရောင်းချပြီး ပထမနေရာကို ရရှိသည်။

Volkswagen က အစီးရေ ၁၅ သိန်းကျော် ရောင်းချခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်နေသည်။

အစီးရေ ၁၂ သိန်းကျော် ရောင်းချခဲ့သော Toyota က တတိယနေရာ ရရှိသည်။

စတုတ္ထနေရာ ရရှိသည့် Honda က အစီးရေ ၈ သောင်းကျော် ရောင်းချခဲ့သည်။

Changan က အစီးရေ ၇ သိန်းကျော် ရောင်းချပြီး ပဉ္စမနေရာ ရရှိပါသည်။


 

 

 

အီးဗီစစ်စစ်ကဏ္ဍတွင်လည်း BYD က ကြီးစိုးထားသည်။ အစီးရေ ၉ သိန်းနီးပါး ရောင်းချခဲ့သည်။

Tesla က အစီးရေ ၄ သိန်းကျော် ရောင်းချပြီး ဒုတိယနေရာ ရရှိသည်။

ပထမနှင့် ဒုတိယ အစီးရေ ၂ ဆ ကွာသည်။

တတိယနေရာမှ Aion က အစီးရေ ၃ သိန်းကျော် ရောင်းချခဲ့သည်။

 

မော်ဒယ်အရ အရောင်းရဆုံးကို ကြည့်လျှင်  Tesla Model Y က အစီးရေ ၃ သိန်း ၂ သောင်း‌ေကျာ် ရောင်းချခဲ့ပြီး ပထမနေရာ ရရှိသည်။ နောက်မှာ နီးနီးကပ်ကပ် ရှိနေသည်မှာ BYD Qin Plus ဖြစ်ပြီး အစီးရေ ၃ သိန်း ၁ ကျော် ရောင်းချခဲ့သည်။

BYD သည် ဒုတိယနေရာကို Qin Plus ဖြင့် ရယူခဲ့ပြီး တတိယနေရာကို Song Plus ဖြင့် ရယူထားသည်။

Source: Dongchedi; Yiche
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1346 times