Tesla အပါအဝင် တရုတ်ပြည်ဖြစ် ကားများ အရည်အသွေးအဆင့်များ


Tesla အပါအဝင် တရုတ်ပြည်ဖြစ် ကားများ အရည်အသွေးအဆင့်များ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်မော်တော်ယာဉ်အရည်အသွေးကွန်ရက် Chinese Automobile Quality Network မှ ၂၀၂၂ ခုနှစ်အတွက် တရုတ်ပြည်တွင်းမှာ ထုတ်လုပ်သည့် ကား brand များအတွက် အရည်အသွေးအဆင့် စာရင်း 2022 Brand Quality Ranking ကို ထုတ်ပြန်ပါသည်။
လျှပ်စစ်မော်တော်ယာဉ် brand များအတွက်လည်း အလားတူ အရည်အသွေးအဆင့် စာရင်းကို ၂၀၂၂ အတွက် ထုတ်ပြန်ပါသည်။

အဆိုပါ လေ့လာမှုသည် တရုတ်နိုင်ငံရှိ မော်တော်ယာဥ် အရည်အသွေးဆိုင်ရာ တိုင်ကြားမှုများအပေါ် စျေးကွက် ထိန်းကျောင်းကြပ်မတ်ရေးအတွက် နိုင်ငံတော်အဆင့်မှ ကမကထပြုသော  စောင့်ကြည့်ရေး တရားဝင် ပလက်ဖောင်းမှ အချက်အလက်များကို စုဆောင်းပြီး ဆန်းစစ်၍ အဆင့်အတန်း သတ်မှတ်ပါသည်။
 State Administration for Market Regulation သည် ၂၀၂၂ ခုနှစ်မှာ မော်တော်ယာဉ်များတွင် ပါလာသည့် ချို့ယွင်းချက်များအတွက် တိုင်ကြားမှု စုစုပေါင်း ၃၅,၈၉၆ ခု ရရှိခဲ့ပါသည်။ 
၎င်းတိုင်ကြားချက်များကို ဆန်းစစ်ပြီး ကားများကို ပြန်လည်ခေါ်ယူပြီး ပြုပြင်ပေးရန် ၂၀၄ ကြိမ် စေခိုင်းခဲ့ပြီး ကားစုစုပေါင်း ၄.၄၈ သန်း ပြန်လည်ခေါ်ယူပြီး ပြုပြင်ပေးခဲ့ကြပါသည်။ 

၂၀၂၂ ခုနှစ်တွင် တိုင်ကြားချက်များ၏ ၃၀.၇ ရာခိုင်နှုန်းသည်  အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ပါနေခြင်း ဖြစ်ပါသည်။  လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ပါလာခြင်းကို တိုင်းကြားချက်များက ၂၃.၃ ရာခိုင်နှုန်း၊ ကိုယ်ထည်ဘော်ဒီမှာ ချို့ယွင်းချက် ပါနေခြင်းကို တိုင်းကြားချက်များက ၁၈.၁ ရာခိုင်နှုန်း၊ မောင်းနှင်မှုဆိုင်နှင့် ပတ်သက်သော တိုင်းကြားချက်များက ၁၂.၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ 

ပလပ်ထိုး ဟိုက်ဘရစ်၊ လျှပ်စစ်မော်တော်ယာဉ်များ အကျုံးဝင်သည့် စွမ်းအင်သစ်ယာဉ်များအတွက် တိုင်ကြားချက်များ ၄,၃၀၀ ဝန်းကျင် ရှိခဲ့ပြီး ၄၁.၉ ရာခိုင်နှုန်းသည် ဘက်ထရီ၊ လျှပ်စစ်မော်တော်၊ ထိန်းချုပ်စနစ်တို့တွင် ပြဿနာများ ချို့ယွင်းချက်များ ရှိနေခြင်းကို တိုင်ကြားကြခြင်း ဖြစ်ပါသည်။ 


အင်ဂျင်ကားများ 

အင်ဂျင်ကားများအတွက် စာရင်းတွင် brand ၆၂ ခု ပါဝင်ပါသည်။ 

Chinese Automobile Quality Network ၏ ရမှတ် သတ်မှတ်ပုံအရ တိုင်ကြားမှုများ များလျှင် Score  ရမှတ်ပိုများပါသည်။ Score နည်းလျှင် အရည်အသွေး အဆင့် ပိုမြင့်မားပါသည်။ 
Dongfeng Honda က ၁၃၁ မှတ်ဖြင့် ထိပ်ဆုံးမှာ ရှိပါသည်။
ဒုတိယနေရာတွင်  ရမှတ် ၁၄၄ ဖြင့် အမှတ်တူနေသည့် brand ၃ ခုကို တွေ့ရပါသည်။  Volkswagen ၏ Jetta ၊ GAC Mitsubishi နှင့်  Volvo တို့ ဖြစ်ပါသည်။ 

ရမှတ်အများဆုံး ၂၃၂ ဖြင့် အောက်ဆုံးမှာ ရှိနေသည်မှာ SAIC Skoda ဖြစ်ပါသည်။ ချက်နိုင်ငံမှ brand ဖြစ်သော Skoda သည် ဖက်စပ်လုပ်ငန်းဖြင့် ထုတ်လုပ်သောကားများ ဖြစ်ပါသည်။ 

အင်ဂျင်ကားများအတွက် ပျမ်းမျှရမှတ်မှာ AVERAGE SCORE ၁၇၈ ဖြစ်ပါသည်။ 

 

Internal Combustion Full Dataset
MAKE PLACE SCORE
Honda (Dongfeng) 1st 131
Jetta (VW) 2nd (tied) 144
Mitsubishi (GAC) 2nd (tied) 144
Volvo 2nd (tied) 144
Honda (Guangqi) 5th (tied) 146
Hongqi (Red Flag) 5th (tied) 146
Dongfeng Fengon 7th 149
GAC Toyota 8th 153
Cadillac 9th 155
FAW Toyota 10th (tied) 156
FAW Audi 10th (tied) 156
Geely 12th (tied) 157
Wuling 12th (tied) 157
Fujian Benz 12th (tied) 157
Lynk & Co 15th 158
FAW Volkwagen 16th 160
Buick 17th 161
MAXUS 18th 162
Dongfeng Forthing 19th 165
Chang’an 20th 167
GWM Tank 21st (tied) 168
Karry Auto 21st (tied) 168
Chevrolet 23rd (tied) 169
Wey (GWM) 23rd (tied) 169
Lincon (Changan) 23rd (tied) 169
Land Rover Chery 26th (tied) 173
Ford Changan 26th (tied) 173
Jaguar Chery 28th (tied) 176
Changan Auchan 28th (tied) 176
Nissan Zhengzhou 28th (tied) 176
VW SAIC 31st (tied) 177
Haval 31st (tied) 177
DFPV (Dongfeng) 31st (tied) 177
Trumpchi (GAC) 31st (tied) 177
Roewe 31st (tied) 177
AVERAGE SCORE   178
Citroen Dongfeng 36th 178
Peugeot Dongfeng 37th (tied) 182
Venucia 37th (tied) 182
Sehol 39th (tied) 183
SWM Motors 39th (tied) 183
Chery 41st (tied) 184
Bestune 41st (tied) 184
MG 43rd (tied) 185
BMW Brilliance 43rd (tied) 185
Refine Automobile 45th 189
Kia Dongfeng Yueda 46th 190
Nissan Dongfeng 47th 191
Infiniti Dongfeng 48th (tied) 194
VGV SinoTruk 48th (tied) 194
Kaiyi Auto 49th 195
Mazda Changan 50th 197
FAW Haima
(Seahorse)
51st 200
Exeed 52nd 204
Ford JMC 53rd 207
SouEast 54th 208
Hyundai Beijing 55th 209
Beijing Auto 56th 211
Mercedes-Benz
Beijing
57th 212
Baojun 58th (tied) 224
Jetour 58th (tied) 224
Baicorv 60th 231
Skoda 61st 232

 

 

လျှပ်စစ်ကားများ
လျှပ်စစ်ကားများအတွက် စာရင်းတွင်  brand ၆၂ ခု ပါဝင်ပါသည်။ 

 

 

Electric Vehicle Full Dataset
MAKE PLACE SCORE
GAC Aion 1st 125
Arcfox 2nd 126
BYD 3rd (tied) 127
Geely Geometry 3rd (tied) 127
Neta 5th 129
Feifan 6th 134
NIO 7th 136
Lantu 8th 141
Weltmeister 9th (tied) 151
Hycan 9th (tied) 151
HiPhi 11th 152
Xiaopeng (Xpeng) 12th (tied) 154
Skyworth Auto 12th (tied) 154
Enovate 14th 157
Li Auto One 15th 160
JMEV 16th 163
Euler (GWM Ora) 17th 169
Chery New Energy 18th 171
Leap Motor 19th 193
Lingbao 20th 196
Zeekr 21st 224
Tesla 22nd 227
Denza 23rd 231
Yudo 24th 233
Cyrus 25th 251
Hengrun 26th 28

 

 Source CAQN


 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 419 times