စူဇူကီးရဲ့ ၂၀၂၂ ဟိုင်ယာဘုစာ


နည်းပညာ ပြောင်းလဲခြင်းများနဲ့ မြင်းကောင်ရေ ကြီးထွားလာတယ်။ ဒါပေမဲ့လည်း ဟိုင်ယာဘုစာရဲ့ အကျော်ဇေယျ ထုံးဟောင်းက မပြောင်းလဲပါဘူးလို့ ဆိုကြတယ်။ လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး ဥပဒေတွေကြောင့် စူဇူကီးရဲ့ ဟိုင်ယာဘုစာ လမ်းပေါ် သုတ်သုတ်ပြေးတာ လက်ရှိထက် နည်းနည်းလေး ပိုနှေးသွားတယ်။
ဟိုင်ယာဘုစာ Hayabusa ဆိုတဲ့အမည်က  သိမ်းငှက်လို့ ဆိုလိုတယ်။ ဆိုင်ကယ်သမားတွေအကြားမှာတော့ မြန်ချက်ပဲလို့ ပြောရအောင် မြန်နှုန်းမြင့်တဲ့ မော်တော်ဆိုင်ကယ်လို့ သဘောပေါက်ကြတယ်။ 
လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး ဥပဒေကြောင့်  တောင်ပံကို နည်းနည်းလေး ညှပ်ပေးထားရပေမဲ့ မြန်ဆဲပါပဲ။ “ဘုစာက ပျံနိုင်ဆဲပါ” လို့ ၂၀၂၂ မော်ဒယ် ဟိုင်ယာဘုစာကို  2021 International Motorcycle Show’s Chicago ပြပွဲမှာ အစမ်းစီးကြည့်တဲ့သူက မှတ်ချက်ချတယ်။ 


Suzuki 2022 Hayabusa

Spec    
2022 Suzuki Hayabusa GSX1300RR

Engine    
1340cc liquid-cooled inline-four

Power    
188 hp (Cycle World)

Torque    
111 lb-ft (Cycle World)

Transmission    
Six-speed with slipper-assist clutch

Front suspension    
Fully-adjustable KYB inverted fork

Rear suspension    
Fully-adjustable KYB monoshock

Seat height    
31.5”

Curb weight    
582 lbs

0-60 mph time    
3.2 seconds 

 


Suzuki Hayabusa 2022 မော်ဒယ်က ဈေးပိုမြင့်ထားတယ်။ အနိမ့်ဆုံးဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၈,၅၉၉ ဖြစ်ပါတယ်။ ၂၀၂၀ မော်ဒယ်က အမေရိကန်ဒေါ်လာ ၃,၈၀၀ သက်သာတယ်။ 

အမြန်နှုန်း၊ ပါဝါ၊ အခင်းအကျင်း၊ ခေတ်မီနည်းပညာနဲ့ မောင်းနှင်သူအထောက်အကူများ စုံလင်လို့ ဈေးနည်းနည်း ပိုမြင့်တယ်လို့ သုံးသပ်ကြတယ်။ 

ကျစ်ကြိုးတွေနဲ့ ချိတ်ဆက်စေခိုင်းတာအစား အီလက်ထရွန်နစ် အချက်ပေး စေခိုင်းတဲ့ စနစ်တွေ သုံးထားတယ်။ ဝါယာကြိုးတွေနဲ့ပဲ ဆက်သွယ်ပေးထားတယ်။ ဂီယာအပြောင်းကအစ အီလက်ထရွန်နစ်အချက်ပေး စေခိုင်းစနစ်ကို သုံးထားတယ်။ 
ကူညီထိန်းကျောင်း မောင်းနှင်တဲ့ cruise control ပါတယ်။ ကုန်းတက် ရပ်ထားရင် နောက်မလှိမ့်အောင် ထိန်းပေးတဲ့စနစ် ပါတယ်။ အင်ဂျင်လည်နှုန်းနိမ့်နဲ့ မောင်းရတဲ့အခါ ကူညီပေးတဲ့ စနစ် ပါတယ်။ ဘီးတွေ မချော်အောင် ကူထိန်းပေးတဲ့စနစ် ပါတယ်။ 

 

 


 

Read 1580 times