2021 Suzuki Swift Series II ၏ စျေးနှုန်းနှင့် သတ်မှတ်ချက်များ


2021 Suzuki Swift Series II သည် ဒစ်ဂျစ်တယ်မြန်နှုန်းပြ အပါအ၀င် အော်တိုပြတင်းပေါက်များ၊ ပိုမိုကောင်းမွန်သောအသံစနစ်တို့ ကားတိုင်းမှာ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ဝယ်ယူသူမှ အပိုထပ်ဆောင်းပေးချေပြီး တပ်ဆင်ခိုင်းမှ တပ်ဆင်ပေးမှာ မဟုတ်ပါဘူး။GL Navigator Plus နှင့် GLX Turbo လုံခြုံစိတ်ချရသော နည်းပညာ ထည့်သွင်းထားပါတယ်။ အဆင့်မြှင့်ခြင်း အမျိုးမျိုးလည်း ပြုလုပ်လို့ရအောင် စီစဉ်ထားပါတယ်။  အရင်ကလို Suzuki Swift Series II သည် ၇.၀ လက်မအကျယ်အ၀န်းရှိ Apple CarPlay နှင့် Android Auto စွမ်းဆောင်နိုင်မှု မျက်နှာပြင် စခရင်ဖြင့် တပ်ဆင်ထားပါတယ်။

Swift GL Navigator Plus နှင့်အထက် ၀ယ်သူထားသူများသည် ယာဉ်မောင်း မမြင်ကွယ်ရာ ရှုထောင့်တွေကို ကြည့်ပေးတဲ့ blind-spot assist အကူအညီ ထည့်ပေးထားပါတယ်။ ယာဉ်နောက်ဘက် အသွားအလာကိုလည်း စောင့်ကြည့်သတိပေးစနစ် ထည့်ပေးထားတယ်။ အပူပေး တံခါးမှန်များ ယာဉ်ရပ်နားဖို့ နေရာယူတာအတွက် အာရုံခံကိရိယာမျာလည်း ပါဝင်တယ်။

 

ရာသီဥတုထိန်းချုပ်မှု၊ မြန်နှုန်းကန့်သတ်မှုနှင့်Cruise ထိန်းချုပ်မှု၊ LED ရှေ့မီးများ၊ သားရေ စတီယာရင်၊ အားကစားထိုင်ခုံများနှင့် ၁၇ လက်မ alloy ဘီးများပါ၀င်ပါတယ်။ GL Navigator နှင့် GL Navigator Plus မော်ဒယ် နှစ်ခုလုံးသည် 66kW / 120Nm ၁.၂ လီတာ ဆလင်ဒါလေးလုံး အင်ဂျင် အသုံးပြုထားတယ်။ GXL Turbo ကတော့ ၁.၀ လီတာ turbocharged ဆလင်ဒါသုံးလုံး အင်ဂျင်ဖြစ်ပြီး 82kW / 160Nm စွမ်းဆောင်ရည် ရှိပါတယ်။

 

GL Navigator နှင့် GL Navigator Plus တို့မှာ CVT ခါးပတ်ကြိုသုံး အော်တိုဂီယာ သုံးထားပါတယ်။ လက်ထိုးဂီယာ ၅ ချက် ဖြင့်လည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အော်တိုနဲ့ လက်ထိုး နှစ်သက်ရာကို ရွေးနိုင်မှာ ဖြစ်ပါတယ်။

GLX Turbo သည် ဂီယာ ၆ ချက် အော်တိုဂီယာဖြင့်သာ ထုတ်လုပ်ပါတယ်။

 

စွမ်းဆောင်ချက်မြင့်သော Suzuki Swift Sport သည် လက်ထိုး ဂီယာ၆ ချက် သို့မဟုတ် အော်တိုဂီယာ ၆ ချက် နှစ်သက်ရာ ရွေးလို့ရတယ်။ ၎င်း၏ 103kW / 230Nm ၁.၄ လီတာ turbo ဆလင်ဒါလေးလုံး အင်ဂျင် သုံးထားပါတယ်။Suzuki Swift Series II ကားသစ်သည် အပြင်ဘက် အလှအပြင်အဆင်တွင် ဘန်ပါနဲ့ ရှဲလ် (grille ) တို့ကို အသွင်သစ် ဖန်တီးပေးထားပါတယ်။ ၁၆ လက်မ အလွိုင်ဝှီးကလည်း ပုံစံအသစ် ဖြစ်ပါတယ်။ alloy wheels အသစ်များပြုလုပ်ထားပါတယ်။

 

 

2021 Suzuki Swift Series II စျေးနှုန်းများမှာအောက်တွင်ဖော်ပြထားပါတယ်…

Suzuki Swift GL Navigator manual – $18,990

Suzuki Swift GL Navigator auto – $19,990

Suzuki Swift GL Navigator Plus auto – $21,490

Suzuki Swift GLX Turbo auto – $25,290

Suzuki Swift Sport manual – $29,990

Suzuki Swift Sport auto – $31,990

 

By Myanmar Automobile Guide

Ref:caradvice

Read 10036 times