2021 Lamborghini Sián Roadsters


၂၀၂၁ ခုနှစ်အတွက် အီတလီ စူပါပြိုင်ကား လန်ဘာဂီနီးက 2021 Lamborghini Sián Roadsters ကို ၁၉ စီးပဲ ထုတ်လုပ်တယ်။ ထုံးစံအတိုင်း ဈေးမသေးဘူး။ တစ်စီးကို အမေရိကန်ဒေါ်လာ ၃,၂၉၇၆၃၂ ရောင်းဈေး သတ်မှတ်တယ်။ ထုံးစံအတိုင်း ကားတွေကို မထုတ်လုပ်ရသေးခင်မှာပဲ ကြိုပွိုင့်ဖြင့် ၁၉ စီး အကုန်လုံး ရောင်းချထားပြီး ဖြစ်ပါတယ်။ ကြိုတင်ရောင်းချလို့ အရေအတွက်ကိုပဲ ထုတ်လုပ်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ 

အင်ဂျင်က 6.5-liter V-12 ဖြစ်ပြီး  785-horsepower ရှိတယ်။ အင်ဂျင်အပြင် ၄၈ ဗို့အားသုံး လျှပ်စစ်မော်တာလည်း ပါတယ်။ ဂီယာအုံမှာ ထည့်ပေးထားတယ်။ မော်တာအားနဲ့ အင်ဂျင်အား နှစ်ခုပေါင်းရင် 8,500 rpm မှာ 819 horsepower ရှိမယ်လို့ ဆိုပါတယ်။ ပြေးနိုင်စွမ်းက အမြန်ဆုံးအမြန်နှုန်း တစ်နာရီ ၂၁၇ မိုင် ဖြစ်ပါတယ်။ 

စိတ်ဝင်စားစရာကောင်းနေတာက  စူပါလျှပ်သို (ဝါ) စူပါကက်ပဲစတာ supercapacitor အသုံးပြုထားတာ ဖြစ်ပါတယ်။ 
မော်တာလည်ဖို့ လျှပ်စစ်အားအတွက် ဘက်ထရီ မသုံးဘဲ စူပါကက်ပဲစတာကို သုံးထားတယ်။ ကားဘရိတ်အုပ်လိုက်တိုင်း စူပါကက်ပဲစတာကို အားဖြည့်ပေးတယ်။ အခုလို စူပါကက်ပဲစတာကို သုံးတဲ့အတွက် ဘက်ထရီထက် အလေးချိန် အများကြီး လျော့သွားတယ်။ နေရာယူတဲ့ အရွယ်အစားလည်း သေးသွားတယ်။ အရွယ်အစားအတူတူဆိုရင် စူပါကက်ပဲစတာက ဘက်ထရီထက် အားသုံးဆ ပိုထွက်တယ်။ 
ကားကို တစ်နာရီ မိုင် ၈၀ အထိ ရောက်အောင် အရှိန်တင်ချိန်မှာ မော်တာလည်ပြီး အင်ဂျင်ကို အားဖြည့်ပေးတယ်။ ဒီတော့ မိုင်၈၀ အမြန်နှုန်းကို ကြာချိန် ၁၀% ပိုမြန်မြန်ရောက်တယ်လို့ ဆိုပါတယ်။ မိုင် ၈၀ ကျော်သွားရင် မော်တာ အနားယူတယ်။ ဂီယာအပြောင်းမှာ အမြန်နှုန်းကျတာကို ကျမသွားအောင် မော်တာထလည်ပေးပြီး ထိန်းပေးတယ်။ အင်ဂျင်ကို ကူပေးဖို့ မော်တာ ထည့်ပေးထားတာ ဖြစ်လို့ လျှပ်စစ်ကားအဖြစ်ဖြင့်တော့ မော်တာဖြင့် မောင်းလို့ မရပါဘူး။ ကားရပ်ဖို့ ရှေ့တိုးနောက်ဆုတ်လုပ်တဲ့အခါမျိုးလောက်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ 

2021 Lamborghini Sián Roadsterရဲ့ ကိုယ်ရေးအချက်အလက်များကို ဖော်ပြအပ်ပါတယ်။

Price: $3,297,632
819 horsepower (total)
Engine: 785 hp 6.5-Liter V-12
Electric motor: 48-volt, 25 kW (33.5 hp)
Battery: None, it has supercapacitor power!
0-62 mph: 2.9 sec
Top Speed: 217 mph
Total built: 19
Total sold: 19

 

 

 

 

 


 

Read 755 times