Update Version အနေဖြင့် ဖန်တီးထားသည့် 2020 Nissan Sylphy


Nissan Sylphy Model အသစ်အား ရှန်ဟိုင်းကားပြပွဲတွင် မိတ်ဆက်ပြီး၎င်းအား မြောက်အမေရိက ဈေးကွက်တွင် 2020 Nissan Sentra အနေဖြင့် တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

၎င်းတွင် လက်ရှိ Nissan ၏ Design Language ကို အခြေခံ၍ Update Version အနေဖြင့် ဖန်တီးထားပြီး Flooting Root ကဲ့သို့ ထူးခြားသည့် လက်ရာများကို တွေ့ရှိရမည်ဖြစ်သည်။ V–Shape ဖြစ်ပြီး အနက်ရောင် Grill ပုံစံသည် များစွာဆွဲဆောင်မှုရှိမည်ဖြစ်ကာ ကား၏ ကိုယ်ဟန်အနေအထားသည် ယခင် Model ထက် ပိုကျယ်ပြီး ပို၍ ရှည်လာပါသည်။ ဒီဇိုင်းအား Sporty ဆန်ဆန်ခင်းကျင်းထားပြီး ယာဉ်မောင်းဗဟိုပြု Dashboard ကို ထူးခြားစွာဖန်တီးထားပြီး Carmel – Colored Leatherette ဖြင့်ချုပ်လုပ်ထားမှုသည် Sylphy ၏ ထူးခြားချက်တစ်ရပ် ဖြစ်သည်။

ထိုင်ခုံများအား သပ်ရပ်လှသည့် ချုပ်ရိုးများဖြင့်ခင်းကျင်းထားပါမည်။ လက်ရှိ B 17 Generation Sentra အား 2013 မှ စတင်ထုတ်လုပ်ခဲ့ပြီး မြေဆွဲအားနှင့် အညီအညွတ်ဖြစ်စေသည့် Low Center of Gravity ပုံစံဖြင့် ဖန်တီးထားကာ အဆိုပါနည်းပညာကို ယခု Sylphy တွင်ဆက်လက် အသုံးပြုထားပါမည်။ New Sylphy တွင် အင်ဂျင်အနေဖြင့် တတိယမျိုးဆက် ( HR 16 DE 14 Engine ) ကို ထည့်သွင်းထားကာ လုံခြုံရေးစနစ်များအနေဖြင့် ( တရုတ် ဈေးကွက်အတွက် – Forward Collision warning / Blind Sport / Lana Departure warning / Intelligent Driving Alert စသည်တို့ ပြည့်စုံစွာထည့်သွင်းထားပါသည် ) ထို့အပြင် ထူးခြားသော နည်းပညာများအနေဖြင့် ( Integrated Dynamic Control Module – ၎င်းသည် အထူးအဆင့်မြင့် အရေးပေါ် ယာဉ်ထိန်းချုပ်ခြင်းစနစ် ဖြစ်သည်) ( အလိုအလျောက်အရေးပေါ် ဘရိတ်စနစ် ) စသည်တို့ကို 2010 Nissan Syphy တွင်ထည့်သွင်းထားကြောင်း သိရသည်။

Read 584 times