2020 Nissan Navara ထိုင်းမှာ စတင်ရောင်းချမည်


ထိုင်းနိုင်ငံမှ Nissan က Nissan Navara အသစ်ကို ကမ္ဘာဈေးကွက်ထဲ ပေးပို့ခြင်း မပြုခင် ထိုင်းနိုင်ငံမှာ ပထမဆုံး ရောင်းချမှာ ဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာလမှာ ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဉာဏ်ရည်ပါပြီး စွမ်းပကားကြီးတဲ့ ပစ်ကပ်အဖြစ် ထုတ်လုပ်မှာ ဖြစ်ပြီး အကြမ်းခံနိုင်အောင်လည်း လုပ်ပေးထားတယ်လို့ ဆိုပါတယ်။

၂.၃ လီတာ တွင်တာဘို ဒီဇယ်အင်ဂျင် တပ်ဆင်ပေထားတဲ့အပြင် ဘေးကင်းရေးဆိုင်ရာ နည်းပညာတွေနဲ့ ကိရိယာတွေကို နောက်ဆုံးပေါ်တွေ တပ်ဆင်ပေးထားတယ်။

 

ယာဉ်မောင်းထောက်ကူ စနစ်တွေလည်း ပါဝင်မယ်။ PRO-2X နဲ့ PRO-4X အဆင့်အတန်း နှစ်မျိုးနှစ်စားဖြင့် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

ကားအရောင် ၈ မျိုး ရွေးချယ်လို့ ရမယ်။ ကြယ်နက်Black Star, ပုလဲဖြူ White Pearl, မြေညို Earth Brown, ဆာဗားနားကန္တရ လိမ္မော်ရောင် Savanna Orange, မီးခိုရောင်ဆည်းဆာ Twilight Gray, အနီတောက်တောက် Burning Red, အပြာရင့် Dark Blue နဲ့ ငွေရောင်တောက်တောက် Briliant Silver တိုဖြစ်ပါတယ်။

Read 532 times