2020 Mini Cooper SE သည် စျေးအသက်သာဆုံး လျှပ်စစ်ကားတစ်စီး ?


Cooper SE သည် Mini ၏ ပထမဆုံး Electric ကားတစ်စီးဖြစ်ပြီး BMW i3 ၏နည်းပညာကို ယူ၍ Cooper ဒီဇိုင်းသို့ ပြန်လည်ထည့်သွင်းခြင်း ဖြစ်ပါသည်။ သာမန်ကြည့်လျှင် Mini Cooper SE သည် ပုံမှန် Mini များနှင့် ဆင်တူသော်လည်း ဆွဲဆောင်မှုရှိသော နီယွန်အဝါရောင်လိုင်းများ၊ ပုံမှန်မဟုတ်သော အနားကွပ်များနှင့် ပိတ်ထားသော radiator grille တို့သည် ဤ Mini Cooper ကို သာမန် Mini မဟုတ်ဘဲ Electric Vehicle (EV) တစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည့် အသေးစိတ် အချက်အလက်များ ပါဝင်ပါသည်။ 

EV မော်ဒယ်များနည်းတူ Mini Cooper သည်အနည်းငယ်မျှသာ ဒီဇိုင်းအပြောင်းအလဲ ရှိသည်။ Power Spoke ဟုခေါ်သော Cooper SE ဘီးသည် ခေတ်မီဆန်းသစ်၍ စတိုင်ကျသည်။ အခြားစိတ်ဝင်စားဖွယ် အသေးစိတ်အချက်အလက်များမှာ highlighter yellow accents နှင့် mirror caps များလည်းပါဝင်သည်။

Mini Cooper ၏ အတွင်းဘက် ကိရိယာများတွင် LED ရှေ့မီးများ၊ ဘက်စုံသုံးသားရေစတီယာရင်၊ ၆.၅ လက်မ  တပ်ဆင်ထားပြီး အပူပေးရှေ့ထိုင်ခုံများ တပ်ဆင်ထားသည်။ အသုံး၀င်သောထပ်ဆောင်းအင်္ဂါရပ်များမှာ Apple CarPlay၊ နောက်ဘက်ကင်မရာ၊ လမ်းလျှောက်သူသတိပေးချက်၊ active driving-assistant နှင့် မိုးရေကို အလိုအလျောက် အာရုံခံ သုတ်ပေးသော မှန်သုတ်တံများ ဖြစ်သည်။

BMW i3s မှ အင်ဂျင်များကို အသုံးပြု၍ Mini Electric သည် မြင်းကောင်ရေအား ၁၈၄ နှင့်  ရုန်းအား 270Nm ကို ထုတ်လုပ်နိုင်သည်။ အမှန်မှာ ၎င်းသည် BMW i3 ထက် ပိုမိုဆွဲဆောင်မှုရှိ၍ စျေးနှုန်းလည်း သင့်တင့်သည်။

၂၀၂၀ Mini Cooper SE လျှပ်စစ်ကားသည် ၃၂.၆ kWh ဘက်ထရီတပ်ဆင်ထားပြီး fast-charging သွင်းနိုင်သည့် နေရာများတွင် ၃၅ မိနစ်ခန့်အတွင်း ဘက်ထရီကို ၀ မှ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည်။ 
တစ်ကြိမ် အားအပြည့်သွင်းထားပြီးလျှင် မောင်းနိုင်သည့် ခရီးတာ  ခန့်မှန်းခြေအကွာအဝေးမှာမိုင် ၁၁၀ ဖြစ်ပြီး၊ သွာနိုင်သည့် ခရီးတာ မလုံမလောက် ဖြစ်နိုင်သည်ဟု ထင်စရာ ရှိသော်လည်း လူတိုင်းသည် အိမ်မှ အလုပ်သို့ သွားရန် မိုင်ပေါင်းရာနှင့်ချီ မမောင်းသောကြောင့် အဆင်ပြေသည်ဟု ယူဆနိုင်သည်။  

Cooper SE သည် စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့်  ၆.၉ စက္ကန့်အတွင်း သုညမိုင်မှ တစ်နာရီမိုင် ၆၀ အမြန်နှုန်းအထိ ရောက်ရှိနိုင်သည်။ ၂၀၂၀ ထုတ် Mini Cooper SE သည် အမေရိကန်ဒေါ်လာ သုံးသောင်း ဝန်းကျင်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ 

အသေးစိတ်အချက်အလက်

Motor Type - 1 AC synchronous electric motor, 32.6-kWh Lithium-ion battery pack
Transmissions - single-speed direct-drive
0-60 mph - ၆.၉ စက္ကန့်
အလေးချိန် - ၃,၁၅၃ ပေါင်
Top Speed - ၉၃ မိုင်
Layout -  ၄ ယောက်စီး၊ တံခါးနှစ်ပေါက် နှင့် FWD coupe

Ref : automobilemag

Read 458 times