နောက်တွဲဆွဲနိုင်တဲ့ကားအမျိုးအစားတွေမှာ မိမိတို့ရဲ့နောက်တွဲမှာဘာဖြစ်နေသလဲ၊ ဘယ်လိုပါကင်ထိုးရမလဲနဲ့ ဘယ်လိုမျိုးအနေအထားနဲ့ အမြန်လမ်းတွေကိုချဉ်းကပ်ရမလဲဆိုတဲ့ ပြဿနာကယာဉ်မောင်းတွေကို တော် တော်လေးခေါင်းစားစေခဲ့မှာအသေအချာဖြစ်ပါတယ်
ဒီအတွက် GMC ကနေအဖြေရှာပေးလိုက်ပါပြီ။ ဒါက တော့ heavy-duty truck အမျိုးအစား ကားသစ်ဖြစ်တဲ့ 2020 GMC Sierra Heavy Duty မှာပါဝင်တဲ့ tailgate နဲ့ bed-view mirror တွေကြောင့်ပဲဖြစ်ပါတယ်။
အဆိုပါစနစ်အတွက် နောက်မြီးပိုင်းကကင်မရာနဲ့ အကူကင်မရာစုစုပေါင်း ၁၅ လုံးတို့ရဲ့ပေါင်းစပ်မှုကနေ နောက်ဘက်အတွက်ဖြတ်ဖောက်မြင်နေရသလား ကြည့်ရှုနိုင်မယ့် မြင်ကွင်းကိုပေးစွမ်းစေမှာဖြစ်ပါတယ်။
ဒါ့အပြင် Pro Grade Trailering System ကိုရွေးပိုင်ခွင့်အနေနဲ့ပါရရှိစေပြီး ယင်းမှာတော့ နောက်တွဲထဲမှာတောင်ကင်မရာတစ်ခုကိုတပ်ဆင်ထားနိုင်မှာဖြစ်ပြီး နောက်တွဲထဲမှာဘာဖြစ် နေသလဲဆိုတာကို အချိန်နဲ့တစ်ပြေးညီကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။
နောက်ဖုံးအတွက်လည်း ပြီးခဲ့တဲ့ ၂၀၁၈ခု နှစ်က Sierra 1500 အမျိုးအစားမှာတပ်ဆင်ပေးထားခဲ့တဲ့ နှစ်ထပ်ပုံစံနဲ့အလွှာလိုက်ပုံစံဖွဲ့စည်းထားတဲ့ ဟာသ ဆန်ဆန် နောက်ဖုံးကိုတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။
တာဘိုဒီဇယ်အင်ဂျင်အမျိုးအစား 6.6 litre V8 အင်ဂျင်ကိုအော်တိုဂီယာ ၁၀ ချက်နဲ့တွဲဖက်တပ်ဆင်ပေးထားခဲ့ပြီး မြင်းကောင်ရေ ၄၄၅ ကောင်အားနဲ့ အင်ဂျင်ရုန်းအား 910 lb-ft တို့ကိုရရှိစေမှာဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်မှုကနေပဲ ပေါင် ၃၀,၀၀၀ လောက်ရှိတဲ့ နောက်တွဲကို ကောင်းကောင်းဆွဲသွားနိုင်စေမှာဖြစ်ပါတယ်။
Automobile Directory