၂၀၁၈ ကားတင်သွင်းမှုဆိုင်ရာမူဝါဒသုံးသပ်ချက်နှင့် တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက် အခြေအနေ


၂၀၁၈ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို အောက်တိုဘာ ၁၇ရက်က နိုင်ငံပိုင်သတင်းစာမျက်နှာမှတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

မိုဒယ်သတ်မှတ်ချက်တွင် ရောက်ရှိခုနှစ်မှ ငါးနှစ်အတွင်း ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်ရာ မူဝါဒမထွက်ပေါ်ခင်ကတည်းက အားလုံးကြိုတင်ခန့်မှန်းထားကြပြီးဖြစ်သောကြောင့် ဝေဖန်သံများ ဆိုးဆိုးရွားရွား ထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရပါသည်။

လာမည့်နှစ်များမှစ၍ ဂျပန်ညာမောင်းကားများ တင်သွင်းခွင့် မရတော့သည့် အခြေအနေတွင် ရောက်ရှိပြီးသား ညာမောင်းကားများ၏ စျေးကွက်မှာ ခေတ္တရပ်ဆိုင်းသွားပြီး စျေးကွက်အပြောင်းအလဲကို စောင့်ကြည့်ကာ ကားများကို မဖြစ်နိုင်သည့်စျေးများဖြင့် ခေါ်ရောင်းနေကြသည်။

မူဝါဒတစ်ခု ချမှတ်လိုက်သည်ဆိုပါက သတ်မှတ်ထားသည့်အတိုင်း တစ်ပြေးညီ လိုက်နာရမည် ဖြစ်ပါသည်။

မူဝါဒအသစ်မှာ ရောက်ရှိ မိုဒယ်ငါးနှစ်အတွင်းကားများကို ဘယ်မောင်းသာတင်သွင်းခွင့်ပေးသော်လည်း တစ်ချိန်တွင် ယခုလိုဖြစ်လာမည်ကို ကြိုသိထားသည့်အတွက် ထိခိုက်နစ်နာမှု ကြီးကြီးမားမားဖြစ်သွားသည်ကို မတွေ့ရပါ။

လာမည့်နှစ်မှစ၍ ညာမောင်းကားများ တင်သွင်းခွင့်မပေးတော့သည့်အခြေအနေတွင် မည်သို့ဆက်လုပ်မည်ကို ပြင်ဆင်ရမည်ဖြစ်ပါသည်။

ညာမောင်းကားများတင်သွင်းခွင့်မရသော်လည်း ဒီမှာထုတ်လုပ်သော ဂျပန်ညာမောင်းကားများရှိနေသည့်အတွက် စျေးကွက်သည် အများကြီးရိုက်ခတ်သွားမည် မဟုတ်ပါ။

အမြင့်ကားများတွင် အထိုက်အလျောက်စျေးများ ပြောင်းလဲသွားနိုင်ပါသည်။

သို့သော်  Brand New ကားများရှိနေသည့်အတွက် စျေးနှုန်းများစွာမြင့်မတက်သွားနိုင်ပါ။

အနာဂတ်ကားစျေးကွက်အခြေအနေက စျေးကွက်လိုအပ်ချက်အတိုင်း Brand New ကားများ လုံလုံလောက်လောက် ရောင်းချပေးနိုင်မည့် အခြေအနေပေါ်တွင် မူတည်သွားမည်ဖြစ်ပါသည်။

လာမည့်နှစ်မှစ၍ ၂၀၁၄မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်ကာ ကိုရီးယား၊ တရုတ်ကားများကို တင်သွင်းမည့်လိုင်း၊ ဥရောပထုတ်ဘယ်မောင်းကားများကို တင်သွင်းမည့်လိုင်း၊ ဒူဘိုင်းကဲ့သို့ဘယ်မောင်းကားများအသုံးပြုသည့် အာရှနိုင်ငံများမှ ဂျပန်ဘယ်မောင်းကားများကို တဆင့်ပြန်လည်သွင်းမည့်လိုင်း အစရှိသဖြင့် တင်သွင်းမည့်ပုံစံအမျိုးမျိုးပြောင်းလဲသွားမည်ဖြစ်သည်။

ထို့ပြင်စျေးကွက်အတွင်း၌ အသစ်ဝင်ရောက်လာမည့် ဘယ်မောင်းကားစျေးကွက်နှင့် ရောက်ရှိပြီးသား ညာမောင်းကားစျေးကွက်ဟူ၍ စျေးကွက်နှစ်မျိုးကွဲပြားသွားမည်ဖြစ်သည်။

လာမည့်၂၀၁၈ခုနှစ်တွင် ၂၀၁၄မိုဒယ်ကစပြီး တင်သွင်းရမည့်အပြင် ဘယ်မောင်းတစ်မျိုးသာ တင်သွင်းရမည်ဖြစ်သည့်အတွက် ကားရှားပြီး ဝယ်စျေးလည်းများသွားမည်ဖြစ်ပါသည်။

ထိုနောက် CIF တန်ဖိုးမရှိတော့ဘဲ Invoice အတိုင်းပေးဆောင်ရမည်ဖြစ်ပြီး ဝယ်ယူရသောစျေးအပေါ်တွင် ပေးဆောင်ရမည့်အခွန်များကလည်း များသွားမည်ဖြစ်သည့်အတွက်  ကားတန်ဖိုးမြင့်တက်သွားရန်ရှိပါသည်။

အသစ်တင်သွင်မည့်ကားများ၏တန်ဖိုးမှာ မြင့်သွားမည်ဖြစ်သကဲ့သို့ ရောက်ရှိပြီးသား ဂျပန်ညာမောင်းကားများ၏ တန်ဖိုးများသည်လည်း မြင့်တက်သွားမည်ဖြစ်ပါသည်။

လူစီးကားများမှာ ဒီမှာထုတ်လုပ်ရောင်းချနေသော Brand New ကားများရှိနေသည့်အတွက် ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိသာ မြင့်တက်သွားရန်ရှိပါသည်။

သိုသော် လုပ်ငန်းသုံးကားများဖြစ်သော ထရပ်နှင့် ဘတ်စ်ကားများမှာ ၂၀၁၄မိုဒယ်မှစပြီး တင်သွင်းရမည်ဖြစ်သည့်အတွက် အပြောင်းအလဲ ပိုမိုကြီးမားသွားပါသည်။

ယခုအချိန်မှာ ရသလောက်အခွင့်အရေးနှင့် နှစ်မကုန်ခင်ထိ ဂျပန်ကားများကို စလစ်စျေးကပ်ပြီး တင်သွင်းမည်ဆိုလျှင် ဆုံးရှုံးမှုများရှိလာနိုင်ပါသည်။

စလစ်စျေးများ မြင့်တက်နေသလို ဂျပန်တွင်လည်း လေလံစျေးမြင့်တက်နေသည့်အတွက် ယခုအချိန်တွင် ကားတင်သွင်းမည်ဆိုပါက သတိထားသင့်ပါသည်။

Brand New ကားများရှိသည့်အတွက် ကားတင်သွင်းမည်ဆိုလျှင် စျေးအနေအထားကိုချိန်ပြီးမှသာ တင်သွင်းသင့်ပါသည်။

နှစ်မကုန်ခင်အထိ စလစ်စျေးသည် မြင့်တက်နေမည်ဖြစ်ပါသည်။

လက််ရှိအချိန်တွင် နံပါတ်ထွက်ပြီးသား ညာမောင်းကားများကို အရောင်းစင်တာနှင့် ဝယ်/ရောင်းများက လိုက်လံဝယ်ယူနေကြဖြင့် စျေးများမြင့်တက်လျက်ရှိပါသည်။

ကားစျေးများမြင့်တက်သွားသကဲ့သို့ ညာမောင်းကားများကို ကြိုတင် တင်သွင်းခြင်းကြောင့်လည်း စလစ်စျေးမှာ ကျပ်သိန်း ၁၃၀အထိ မြင့်တက်သွားခဲ့သည်။

ကားစျေးနှုန်းများ

စဉ်       ကားအမျိုးအစား နံပါတ်   မိုဒယ်   စျေးနှုန်း
၁ Honda Fit ယာယီ 2012 220
၂ Toyota Wish YGN 2004 340
၃ Toyota Kluger YGN 2004 375
၄ Toyota Vitz ယာယီ 2011 193
၅ Suzuki Swift ယာယီ 2011 190
၆ Honda Civic YGN 2005 220
၇ Toyota Hilux Vigo MDY 2010 270
၈ Nissan Juke MDY 2011 320
၉ Mitsubishi RVR MDY 2010 360
၁၀ Honda Insight MDY 2010 195

 


(Unicode)

 

၁        Honda Fit      ယာယီ  2012   220

၂        Toyota Wish  YGN    2004   340

၃        Toyota Kluger YGN    2004   375

၄        Toyota Vitz    ယာယီ  2011   193

၅        Suzuki Swift   ယာယီ  2011   190

၆        Honda Civic    YGN    2005   220

၇        Toyota Hilux Vigo     MDY   2010   270

၈        Nissan Juke    MDY   2011   320

၉        Mitsubishi RVR         MDY   2010   360

၁၀      Honda Insight MDY   2010   195

 

Source:automobile

 

 

 

 

Read 2090 times