ခံ့ညားမှုအသွင်သဏ္ဍာန်နှင့် 2018 Volvo XC 60


ဆွီဒင်နိုင်ငံ၊ Gothenburg မြို့တွင်အခြေစိုက်တည်ထောင်ထားသည့် Volvo Cars ကုမ္ပဏီသည် ၁၉၇၂ ခုနှစ်တည်းကအဆင့်မြင့်ဇိမ်ခံကားများကိုထုတ်လုပ်ရောင်းချပေးနေပြီး လက်ရှိအချိန်တွင် SUV, Station Waon,Sedan နှင့် Compact Executive Sedan ကားအမျိုးအစားများကိုဈေးကွက်အတွင်းဖြန့်ဖြူးပေးနေပါသည်။

အကြီးဆုံးဈေးကွက်ရှိသည့်နေရာများမှာတရုတ်၊ အမေရိကန်၊ ဆွီဒင်နှင့် တခြားဥရောပနိုင်ငံများဖြစ်ပါသည်။

2018 Volvo XC 60 သည် Volvo ကားကုမ္ပဏီကိုတရုတ်နိုင်ငံတကာကားထုတ်လုပ်ရေးကုမ္ပဏီကြီး Geely မှလွှဲပြောင်းဝယ်ယူပြီးနောက်ပထမဆုံးအဆင့်မြှင့်ထုတ်လုပ်မည့် 60 series ကားဆိုရင်လည်းမမှားပါဘူး။

အရွယ်အစားသေးငယ်သည့် Crossover SUV ကားဖြစ်သည့် 2018 Volvo XC 60 ကိုပထမမျိုးဆက်တုန်းက Volvo P3 အောက်ခံပလက်ဖောင်းအသုံးပြုခဲ့သော်လည်း ဒုတိယမျိုးဆက်မှာတော့ SPA (Scalable Product Architecture) အောက်ခံပလက်ဖောင်းကိုပြောင်းလဲသုံးစွဲထားသောကြောင့် အလျားပိုရှည်လာသကဲ့သို့ဗြက်လည်း အနည်းငယ်ပိုကျယ်ပြီးအတွင်းပိုင်းနေရာပိုကျယ်လာပါသည်။

ကားခေါင်းပိုင်းမှာရှည်ပြီးဖင်ပိုင်းကတုံးတိတိပုံစံဖြစ်သောကြောင့် 2018Volvo XC 60 သည်ကျစ်ကျစ်လစ်လစ်နှင့် ဟန်ချက်ညီသည့်အသွေးအမွေးကိုပိုင်ဆိုင်ထားပါသည်။

Active High Beam နည်းပညာပါဝင်သည့် LED ရှေ့မီးသီးများကစူးရှကြည်လင်သည့်အလင်းတန်းထုတ်ပေး သောကြောင့်အကောင်းဆုံးမြင်ကွင်းတွေ့နိုင်မည် ဖြစ်သကဲ့သို့မျက်နှာချင်းဆိုင်မှလာသည့် ကားမောင်းသူ၏မျက်စိပြာသွားခြင်းမျိုးမဖြစ်စေပါဘူး။

ကားဘီးခွေများအတွက် ၂၂ လက်မအရွယ်စိန်ပွင့်ပုံ 5Double-spoke Matt Black နှင့် 10 Open-spoke နှစ်မျိုးထဲမှကြိုက်နှစ်သက်ရာရွေးချယ်နိုင်မည်ဖြစ်သည်။

ကားနောက်ခန်းထဲပစ္စည်းအတင်အချလုပ်သည့်အခါဘမ်ပါအောက်ခြေထောက်ထည့်လှုပ်ပြရုံနှင့် တံခါးပွင့်စေမည့် Tailgate စနစ်ပါသကဲ့သို့ဘမ်ပါမှာခြစ်ရာများမထင်အောင် Stainless Steel Rear Sill Plate နှင့်အုပ်ပေးထားပါသည်။

ကား၏ရှေ့နောက်ဘမ်ပါနှစ်ခုစလုံးတွင် Stainless Steel Skidplate များပါသကဲ့သို့အိပ်ဇောပိုက်လေးပိုက်၏အဝကို Stainless Steel ကွပ်ပေးထားခြင်းမှာ 2018 Volvo XC60 အပြင်ပိုင်းကိုပိုဆွဲဆောင်မှုရှိစေပါသည်။

Auto ဂီယာရှစ်ချက်၊ ရှေ့ဘီးယက်၊ သို့မဟုတ်လေးဘီးယက်စနစ်၊ အရှေ့ဘက်တွင် Wishbone နှင့်အနောက်ဘက်တွင် Multi-link ဆိုင်းထိန်းစနစ်များနှင့်တွဲသွားထားသည့် 2018 Volvo XC60 သည် Drive Mood Selector လည်းပါဝင်သောကြောင့်မည်သည့်လမ်းမျိုးမဆိုသွားနိုင်ပါသည်။

Air Suspension System ကိုအမေရိကန်ဒေါ်လာ ၁၈၀၀ လောက်ထပ်ဆောင်းတပ်ဆင်လိုက်ပါက 2018 Volvo XC60 ၏ကားဘီးနှင့်ကိုယ်ထည်ကြားအကွာအဝေးကိုနှစ်လက်မခန့်အနိမ့်အမြင့်လုပ်နိုင်မည် ဖြစ်သောကြောင့်ကားဝမ်းဗိုက်နှင့်မြေပြင်ကင်းလွတ်အမြင့်ကို ၁၀ လက်မနီးပါးအထိရှိသွားစေမည်ဖြစ်ပါသည်။

ထို့ကြောင့်မညီညာသည့်လမ်းမျိုးတွင် Off-road စွမ်းရည်နှင့်မောင်းရန်အကောင်းဆုံးကူညီပေးပါလိမ့်မည်။

ခေါင်းပိုင်းကဖင်ပိုင်းအထိအချိုးအစားကျနမှုရှိသကဲ့သို့စကင်ဒီနေဗီးယားအငွေ့အသက်များလွှမ်းခြုံထားသည့် 2018Volvo XC60 ကို 2017 ခုနှစ်သြဂုတ်လတွင်စတင်ရောင်းချတော့မည်ဖြစ်ပြီး အခြေခံမျိုးကွဲ Momentum အတွက်အမေရိကန်ဒေါ်လာ ၄၂၄၉၅ ၊ R-Design မျိုးကွဲများအတွက် အမေရိကန်ဒေါ်လာ ၄၅၇၉၅၊ Inscription မျိုးကွဲများအတွက်အမေရိကန်ဒေါ်လာ ၄၆၂၉၅ စီကျသင့်မည်ဟုသိရသည်။

 

Read 792 times