ပိုအဆင့်မြင့်သော အတွင်းခန်းမျိုးကို တွေ့မြင်နိုင်သည့် 2018 Speedback Silverstone Edition


၂၀၁၄ ခုနှစ်တုန်းက ထုတ်လုပ်ဈေးကွက်တင်ခဲ့ပါသည်။

ယခုအချိန်တွင် ထိုကားမိုဒယ်ကိုသာ အခြေခံထားသော Speedback Silverstone Edition မိုဒယ်သစ်ကို ထပ်တိုးဖန်တီးခဲ့ပြီး လာမည့် ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် ဂျီနီဗာ ကားပြပွဲကြီးတွင်ထုတ်လုပ်မှုမိုဒယ်အဖြစ် ပွဲထုတ်ပြသရန် စီစဉ်ထားပါသည်။

စွမ်းဆောင်ရည်မြင့် ခရီးဝေးမောင်း ပြိုင်ကားမိုဒယ်သစ် 2018 Speedback Silverstone Edition ကို ပိုတင့်တယ်လှပသော ဒီဇိုင်းအယူအဆများနှင့် ဖန်တီးထားပြီး DBA ထုတ် တခြားကားမိုဒယ်များကဲ့သို့ကုမ္ပဏီ၏  ကားတည်ဆောက်ရေး အစဉ်အလာ နည်းများအတိုင်း လက်ဖြင့်တည်ဆောက်ထားပါသည်။

ကုမ္ပဏီတည်ထောင်သူလည်းဖြစ် CEO လည်းဖြစ်သော David Brown သည် Speedback မိုဒယ်၏ စွမ်းဆောင်ရည်မြင့် မိုဒယ်ခွဲကို ထုတ်လုပ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ ယခုကဲ့သို့ မြင့်မားသော စွမ်းဆောင်ရည်နှင့်ကားမိုဒယ်သစ်သည် DBA အမှတ်တံဆိပ်အတွက် စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတစ်ခုကို ယူဆောင်လာမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့သည်။

၂၀၁၈ မိုဒယ် David Brown Automotive Speedback Silverstone Edition ကို ကားအစီးရေ ၁၀ စီးသာ ထုတ်လုပ်ဈေးကွက်တင်မည်ဖြစ်ပြီး ကားဈေးကို အတိအကျ မသိရသေးသော်လည်း ယခင် SpeedbackGT မိုဒယ်၏ ဈေး ယူရို ခြောက်သိန်းဝန်းကျင်ထက်တော့ မနည်းနိုင်ကြောင်းသိရပါသည်။

တံခါးနှစ်ပေါက်နှင့် Speedback Silverstone Edition မိုဒယ်သစ်သည် ယခင် Speedback GT မိုဒယ်ကိုသာ အခြေခံတည်ဆောက်ထားသောကြောင့်  ယခင်ကဲ့သို့ ခေတ်ဟောင်းပုံစံနွယ်သော ကားကိုယ်ထည်ဒီဇိုင်းကိုသာ ပိုင်ဆိုင်ထားပါသည်။

ကားကိုယ်ထည်သည် ခေတ်သစ် Jaguar XKR ပလက်ဖောင်းပေါ်တွင်သာ တည်ဆောက်ထားပြီး ယခင်မိုဒယ်ကဲ့သို့ Aston Martin DB5 ခေတ်ဟောင်းကားက ကောက်ကြောင်းလိုင်းများ၏ အငွေ့အသက်မျိုး တွေ့မြင်ရသကဲ့သို့  Jaguar XKR ၏ ခေတ်သစ်ဟန်များလည်း ရောစပ်နေပါသည်။

သို့သော် ကုမ္ပဏီ၏ အဆိုအရ ယခင်ထက် ပိုပြီး တင့်တယ်လှပသော ဒီဇိုင်းအယူအဆနှင့် ဖန်တီးတည်ဆောက်ထားသော Silverstone ပြိုင်ကားသစ်မှာ ပါဝင်သော ထပ်တိုးအပြင်အဆင်သစ်များသည် ကားကိုပြိုင်ကားပိုဆန်စေမည်ဖြစ်ပါသည်။

ကားကိုယ်ထည်မှာ ပိုအဆင့်မြင့်သော စွမ်းဆောင်ရည်ကို ထင်ဟပ်နေရန် ၁၉၅၀ ပြည့်လွန်နှစ်နှင့် ၁၉၆၀ ပြည့်လွန်နှစ်များက ပြိုင်ပွဲဝင် GT ကားများ၏ ပြိုင်ကားဆန်သော အလှအပဒီဇိုင်းပုံစံများကို မှီငြမ်းရယူထားပါသည်။

ယခင်နှင့်မတူဘဲ နောက်ထပ်ထူးခြားကွဲပြားမှုများမှာ အနက်နှင့် မီးခိုးဖျော့ကဲ့သို့ ခပ်မှိုင်းမှိုင်းအရောင်များနှင့် ဖန်တီးထားသော လိုဂိုတံဆိပ်ဖြစ်ပြီး ကားဘေးဘက် လေစုပ်ပေါက်များကိုလည်း Silverstone ဆိုသောစာလုံးတံဆိပ်ကို အထင်အရှား တပ်ဆင်ထားပါသည်။

ကားကိုယ်ထည် တည်ဆောက်ပုံနှင့် ပတ်သတ်၍ COE ဖြစ်သူ David Brown ကလည်း Silverstone Edition တွင် အဆင့်မြင့် စွမ်းဆောင်ရည်ကို ရရှိရန်အတွက် အလိုက်ဖက်ဆုံး ပလက်ဖောင်းကိုအသုံးပြုထားသည်ဟု ဆိုပါသည်။

Speedback Silverstone Edition မှာ ယခင်မိုဒယ်၏ 5.0 Liter Supercharged V8 အင်ဂျင်ကို ထပ်တိုး အဆင့်မြှင့် တင်ထားသောကြောင့် မြင်းကောင်ရေအား ခြောက်ရာကျော်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီးယခင် မြင်းကောင်းရေ ၅၁၀ အားထက် အများကြီး ပိုသာပါသည်။

တခြားစွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို အတိအကျ မသိရသေးသော်လည်း စွမ်းအင်ပိုများသော Silverstone Edition သည် ကုမ္ပဏီထုတ်ကားများထဲတွင် စွမ်းဆောင်ရည်ကို အသားအပေးဆုံး ကားမိုဒယ်ဟုလည်းဆိုနိုင်ပါသည်။

ကားအတွင်းခန်းနှင့် ပတ်သတ်၍လည်း အတိအကျမသိရသေးသော်လည်း ကိုယ်ထည်ပုံစံအရဆိုလျှင် ယခင်လို ခေတ်ဟောင်းနှင့် ခေတ်သစ်ဟန်နှောထားသော ပိုအဆင့်မြင့်သော အတွင်းခန်းမျိုးကို တွေ့မြင်ကြရပါမည်။

 

Read 692 times