2018 Nissan 370Z


Nissan မှ နိုင်ငံတကာစျေးကွက်အတွင်း အဆင့်မြင့်တင်မှုများ လုပ်ဆောင်ထားသည့် 2018 Nissan 370Z ပြိုက်ကားမော်ဒယ်သစ်ကို စတင်ပွဲထုတ်မိတ်ဆက်ပေးသွားခဲ့ပါသည်။

ဂျပန်နိုင်ငံတွင် Fairlady Z ဟူ၍ ရောင်းချကာ ဥရောပနှင့် အခြားနိုင်ငံများတွင် Nissan 370Z ဟူ၍ အောင်မြင်ကျော်ကြားသည့် ထိပ်တန်းပြိုင်ကားတစ်မျိုးဖြစ်ပါသည်။

ယခုတွင် နောက်ဆုံးနည်းပညာ စုံစုံလင်လင်နှင့် အလှဆုံးသော 370Z၏ ခေတ်အမှီဆုံးသော latest မော်ဒယ်ကို စတင်မိတ်ဆက်ပေးလိုက်ပါသည်။

အပြင်ပိုင်းအပြောင်းအလဲများအနေဖြင့် အသွင်ဆန်းသည့် အနက်ရောင် တံခါးလက်ကိုင်၊ နောက်ဘက်ဘန်ပါ fascia ဒီဇိုင်းသစ်၊ အနက်ရင့်ရောင်သန်းလာသည့် ရှေ့နောက်မီးခွက် ဒီဇိုင်းသစ်တို့အပြင် အရွယ်အစား ပိုမိုကြီးမားသည့် 19 လက်မ အလွိုင်းသစ်တို့ဖြင့် တွဲဖက်ထွက်ရှိလာခဲ့ကာ ၀င့်ဝင့်ကြွားကြွားနှင့် ဆွဲဆောင်မှု ကေင်းလွန်းလာခဲ့ပါသည်။

စွမ်းအားအတွက် 3.7 လီတာ V6 အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံး စွမ်းအား 245kW နှင့် ရုန်းအား 363Nm ထိထုတ်ပေးနိုင်စွမ်းရှိပါသည်။

နောက်ဘီးယပ်စနစ် ပြိုင်ကားအမျိုးအစားဖြစ်ပြီး ခြောက်ချက်ထိုး Manual ဂီယာနှင့် ခုနှစ်ချက်ထိုး auto ဂီယာစနစ်တို့ဖြင့် တွဲဖက်ရွေးချယ်နိုင်မည်ဖြစ်သည်။

ပြိုငက်ားမောင်းနှင်သူတို့ ပိုမိုအကြိုက်တွေ့သည့် Manual ဂီယာတွင် manual ဂီယာတွင် high-performance clutch စနစ်သစ်တွဲဖက်ပေးလာခဲ့သည့်အတွက် ဂီယာအပြောင်းအလဲတွင် အချော့မွေ့ဆုံး ဖြစ်လာမည်ဟု ဆိုပါသည်။

မော်ဒယ်သစ် 2018Nissan 370Z အားရောင်းချသွားမည့် စျေးနှုန်းအား ထုတ်ပြန်ဖော်ပြခြင်းမရှိသေးဘဲ လာမည့် 2017 နှစ်အကုန်ပိုင်းတွင် စျေးကွက်ထဲ စတင်ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

Read 2072 times