Stratos ပြိုင်ကားကို ခေတ်သစ်မိုဒယ်တစ်ခုအဖြစ် ပြန်လည်ထွက်ပေါ်လာသည့် 2018 MAT Lancia Stratos


လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်လောက်ကတည်းက ထုတ်လုပ်ဈေးကွက်တင်ခဲ့ပြီး ကားပြိုင်ပွဲသမိုင်းမှာ နာမည်ကျော်လူသိများခဲ့သည့် Lancia Stratos ပြိုင်ကားသည် ယခုအချိန်အထိ ကမ္ဘာအနှံ့အပြားက

လူသန်းပေါင်းစွာအတွက် အမှတ်ရစရာ ဖြစ်နေသည့် ကားမိုဒယ်တစ်ခုဟု ဆိုနိုင်ပါသည်။ ယခုနှစ်တွင် ဆယ်စုနှစ်များ စွာ စောင့်ဆိုင်းနေခဲ့ရသော Stratos ပြိုင်ကားသည် ခေတ်သစ် မိုဒယ်တစ်ခုအဖြစ် ပြန်လည်

ထွက်ပေါ်လာပြီဖြစ်ပါသည်။
သို့သော် Lancia မှ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ခေတ်သစ် Stratos ပြိုင်ကားကို ထုတ်လုပ်လိုက်သည်ကတော့ အီတလီနိုင်ငံက ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော Manifattura Automobile Torino ပဲဖြစ်ပြီး

၂ဝ၁ဝ ပြည့်နှစ်ကတည်းက Stratos ကားသစ်၏ နမူနာပုံစံကို ပွဲထုတ်ပြသခဲ့ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်တုန်းကတော့ MAT သည် Brose Group ၏ ဥက္ကဋ Micheel Stoschek အတွက် တစ်စီးတည်းထုတ် ကားအဖြစ်

2010 Stratos ကို အထူးထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ယခု ၂ဝ၁၈ မိုဒယ်အဖြစ် ထုတ်လုပ်မယ့် MAT Lancia Stratos ပြိုင်ကားသစ်ကိုတော့ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဂျီနီဗာကားပြပွဲမှာ ပွဲထုတ်ပြသခဲ့ပြီး

စုစုပေါင်းကားအစီးရေ ၂၅ စီးသာ ထုတ်လုပ်ရောင်းချရန် စီစဉ်ထားပါသည်။

2018 MAT Stratos ပြိုင်ကားသစ်ကို အများသုံးလမ်းပေါ်မှာ နေ့စဉ်အသုံးပြုမောင်းနှင်နိုင်သော်လည်း Supercar ၊ ကားပြိုင်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် GT Racer နှင့် Safari Package Rally Racer ဆိုပြီး

ဗားရှင်းသုံးမျိုး ခွဲခြားထုတ်လုပ်ထားပါသည်။ ကား၏ဈေးကို အတိအကျ မသိရသေးသော်လည်း ကျွမ်းကျင်သူများက Stratos ကားသစ်တစ်စီးသည် ပေါင်ခြောက်သိန်းဝန်းကျင်ဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။

Stratos ပြိုင်ကားသစ်၏ ကိုယ်ထည်ဒီဇိုင်းသည် မူလ Strats မိုဒယ်ကို အလေးအမြတ်ပြုဖန်တီးထားသည့် 2010 Stratos Concept ကားကိုသာ အခြေခံတည်ဆောက်ထားခြင်းကြောင့် ခေတ်ဟောင်းဟန် မပျောက်သော

ခေတ်သစ်ပြိုင်ကား တစ်စီး၏ ရုပ်ထွက်မျိုးဖြစ်ပါသည်။ ကား၏ ကိုယ်ထည်ကောက်ကြောင်းများသည်လည်း နာမည်ကျော်ကြားသော မူလလက်ဟောင်း Stratos မိုဒယ်နှင့် ခပ်ဆင်ဆင်တူခြင်းကြောင့် ယခုခေတ်တွင် ရှားပါးပြီး

တွေ့ရခဲသော Rally ပြိုင်ကားတစ်စီး၏ဟန်ကို ဆန်းသစ်လှပစွာ တွေ့မြင်ကြရမည်ဖြစ်ပါသည်။

ခေတ်ဟောင်းနှင့် ခေတ်သစ်ဒီဇိုင်းပုံစံတို့ကို ရောနှောဖန်တီး ဒီဇိုင်းထွင်ထားသော Stratos ကားသစ်ကို ခေတ်သစ်နည်းပညာများနှင် အကောင်းဆုံးတည်ဆောက်ထားပြီး ကားကိုယ် ထည်တစ်ခုလုံးနီးပါးကိုလည်း

ကာဗွန်ဖိုင်ဘာသားများနှင့်သာ ဖန်တီးထားပါသည်။ ထို့အပြင် ကိုယ်ထည် အလေးချိန်ပေါ့ပါးအောင် ဖန်တီးတည်ဆောက်ထားသော Stratos ကားသစ်သည် အချိုးအစားညီမျှပြီး အကောင်း ဆုံးထိန်းသိမ်းမောင်းနှင်နိုင်အောင်

စီမံထားပါသည်။ Mid-engined တပ် Stratos ကို ဘေးဘက်က ကြည့်လျှင် သပ်(စို့)ပုံစံ ကိုယ်ထည်အနေအထား၊ ခပ်ဝိုက်ဝိုက် ကားရှေ့လေကာမှန်နှင့် ဖြုတ်လို့ရသော ကားအရှေ့နှင့် အနောက် စက်ဖုံးများကို လိုက်ဖက်ညီစွာ

တပ်ဆင်ပေးထားပါသည်။

အလျား ၄ယ၁၈၁ မီလီမီတာ၊ အနံ ၁ယ၉၇၁ မီလီမီတာနှင့် အမြင့် ၁ယ၂၄ဝ မီလီမီတာရှိသော Stratos ကားသစ်၏ ကိုယ်ထည်အတိုင်းအတာသည် မူလ Stratos မိုဒယ်ဟောင်းထက်စာလျှင် နည်းနည်း ပိုကြီးသည်ဟု ဆိုရပါမည်။

ထိုကိုယ်ထည်အတိုင်းအတာအရဆိုလျှင် Stratos သည် Auti TT ၏ကိုယ်ထည် အရှည်နှင့် တူညီပါသည်။ ဗြက်ကျယ်ကျယ် ကားရှေ့ စက်ဖုံးနှင့် ခေတ်ဟောင်းပုံစံ ကားရှေ့မီးတို့သည် ကားရှေ့မျက်နှာစာကို

ဂန္ထဝင်ခေတ်ဟောင်းပြိုင်ကားတစ်စီး၏ အသွင်ရရှိစေပြီး ကားနောက်ဘက်ဒီဇိုင်းနှင့် ကားနောက်မီးဝိုင်းများကတော့ ခေတ်သစ်နှင့် ခေတ်ဟောင်းနွယ်သော ဒီဇိုင်းဟန်ပန်ကို သိသာပေါ်လွင်စေပါသည်။

Mid-engined အင်ဂျင်တပ် Stratos ပြိုင်ကားသစ်၏ အင်ဂျင်နှင့်ပတ်သက်၍ အတိအကျမကြေညာသေးသော်လည်း ကုမ္ပဏီ၏အဆိုအရ ကားသစ်သည် မြင်းကောင်ရေ ၅၅ဝ အား ကျော်လွန်သည်အထိ

ထုတ်လုပ်ပေးမည် ဖြစ်သောကြောင့် ယခင် Concept မိုဒယ်၏ 4.3 Liter V8 အင်ဂျင်ထက် စွမ်းဆောင်ရည်ပိုကောင်းမည်ဖြစ်ပါသည်။ Concept ကားတုန်းကတော့ အမြင့်ဆုံးအမြန်နှုန်း အနေဖြင့် တစ်နာရီကို မိုင် ၁၇ဝ မှ

၂ဝ၅ မိုင်ကြား သွားလာနိုင်ပြီး ၃ ဒသမ ၃ စက္ကန့်အတွင်းမှာ သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။ ထို့အပြင် ဆိုင်းထိန်းစနစ်ကိုလည်း အဆင့်မြှင့်တင် မွမ်းမံထားသော Stratos ကားသစ်သည်

ရှုပ်ထွေးကွေ့ကောက်သော လမ်းများတွင် ယုံကြည်စိတ်ချစွာ မောင်းနှင်အသုံးပြုနိုင်ပါသည်။ ကားအတွင်းခန်းကို မူလကား၏ သွင်ပြင် မပျောက်စေဘဲ ခေတ်သစ်ဟန်လွမ်းပြီး ဂန္ထဝင်ဆန်ဆန်နှင့် အရိုးရှင်းဆုံး အတွင်းခန်းမျိုး ဖန်တီးထားပါသည်။

Automobile

Read 686 times