2018 Lamborghini Aventador S


အီတလီက ကမ္ဘာ့ထိပ်တန်း ပြိုင်ကားများကို အစဉ်ဆက် မွေးထုတ်ပေးနေသော Lamborghini မှ Aventador ၏ နောက်ဆုံးမြောက် 2018 အမိုးပွင့် (Roadster) မော်ဒယ်သစ်ကို တရားဝင် စတင်ပွဲထုတ် မိတ်ဆက်လိုက်ပါသည်။

Aventador မှာ ကမ္ဘာ့ကျော်ဆယ်လီများ ကမ္ဘာ့ထိပ်တန်းအားကစားသမားများနှင့် ချမ်းသာကြွယ်ဝလွန်းသူများ အများဆုံးရွေးချယ်စီးနင်းသော အဆင့်မြင့်ထိပ်တန်း ပြိုင်ကားစီးရီးဖြစ်ကြောင်း သိရပါသည်။

ပိုမိုခန့်ညားပြီး ဆွဲဆောင်မှု အကောင်းဆုံးသော 2018 မော်ဒယ်သစ်ကို စတင်ချပြခဲ့ခြင်းဖြစ်ပြီး ဒီဇိုင်းပိုင်းသာမက နည်းပညာပိုင်းကိုပါ အဆင့်မြင့် မွမ်းမံမှုများနှင့် ထပ်ဆောင်းထွက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

ခေါက်မိုးစနစ်ကို မောင်းနှင်နေစဉ် ဖွင့်ရပိုမိုလွယ်ကူစေရန် technical ပိုင်းအဆင့်မြင့်ထားသလို အဖွင့်/ ပိတ် ပိုမိုမြန်ဆန်စေရန် ပေါ့ပါးလှသော ကာဗွန်ဖိုက်ဘာနှင့် အစားထိုးဆင်ယင်လာပြီး 6kg (13 ပေါင်) ခန့်အထိ အလေးချိန်လျှော့ချထားသည်ဟု သိရပါသည်။

အမိုးအဖွင့်/ ပိတ် စနစ်မှာလည်း touch-button စနစ်နှင့် ဖြစ်လာခဲ့ပြီး မောင်းနှင်နေစဉ်တွင် လေတိုးသည့်ဆူညံသံ အနိမ့်ဆုံးဖြစ်အောင် လျှော့ချထားသည်ဟု သိရပါသည်။

စွမ်းအားပိုင်းတွင် ကြီးမားလှသော 6.5 လီတာ V12 အင်ဂျင်ဆင်ယင်ထားပြီး အမြင့်ဆုံးစွမ်းအား 740PS (730 hp) နှင့် ရုန်းအား 690Nm (509 lb-ft) ထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိကာ တစ်နာရီ ကီလိုမီတာ100 (62 မိုင်) နှုန်းကို 3 စက္ကန့်တည်းဖြင့် အရှိန်တင်နိုင်စွမ်းအားမြင့် ပြိုင်ကား ဖြစ်ကြောင်းသိရပါသည်။

ထိန်းချုပ်မောင်းနှင်ရပိုကောင်းသော four-wheel စတီယာရင်၊ ပိုမိုငြိမ့်ညောင်းစေမည့် geometry-suspension စနစ်သစ်၊ ရွေးချယ်မောင်းနှင်၍ရမည့် EGO driving-modes သစ်၊ software အဆင့်မြင့်ထားသော ESC စနစ် စသည်ဖြင့် အကောင်းဆုံး တွဲဖက်ထွက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် အကောင်းဆုံးဆိုသော carbon ceramic ဘရိတ်စနစ်၊ 20/21 လက်မရှိ Pirelli P Zero တာယာ၊ TFT ဒစ်ဂျစ်တယ် ဒိုင်ခွက်စနစ်၊ Apple CarPlay ဖြင့် ချိတ်ဆက်နိုင်မည့် infotainment system များပါ ၀င်လာမည် ဖြစ်ပါသည်။

စျေးနှုန်းမှာ ယူရို 313666 ( ဒေါ်လာ 373366) ခန့်ဖြင့် သတ်မှတ်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရပါသည်။

Read 1176 times