ကောင်းမွန်မှုများစွာနှင့် ထုတ်လုပ်ထားပြီး လူသိများကျော်ကြားသော 2018 KIA Optima GT Line


Optima GT Line သည် ကမ္ဘာကျော် KIA ၏ အထူးထင်ရှားလှသည့် Sporty Sedan ကားဖြစ်ပြီး GT Line ဖြစ်သည့်အတွက် များစွာဝင့်ကြွား ဆန်းသစ်သည့် ဒီဇိုင်းပုံစံ၊ လူငယ်ကြိုက်ဒီဇိုင်း ဖန်တီးထားပြီး အကောင်းဆုံးသော Driving Experiences ရရှိနိုင်မည့် အတွင်းခန်းအပြင်အဆင်၊ ဆီစားသက်သာပြီး စွမ်းဆောင်ရည်မြင့်မားသည့် အင်ဂျင်စနစ်၊ နောက်ဆုံးပေါ် နည်းပညာများစွာနှင့် အဆင့်မြင့်လုံခြုံရေးစနစ်များစွာပါရှိမှု စသည့် ထူးခြားချက်များနှင့်ပြည့်စုံသော ကားမိုဒယ်လည်းဖြစ်သည်။

ဒီဇိုင်းကို အထူးအလေးပေးထားသည့် Optima ၏ 2018 Optima GT Line အပြင်ဘက်ဒီဇိုင်းမှာ အထူးဆန်းသစ်ပြီး လူငယ်ကြိုက်ဒီဇိုင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ အရှေ့ဘက်ရှဲလ်(Grille) သည် လှပသည့် ဆန်ခါကွက်ပုံစံဖြစ်ပြီး အောက်ဘက်တွင် ဘမ်ပါနှင့် Ait Curtain Intake တို့ ပါရှိကာ အရှေ့မီးကြီးများသည်လည်း Bi-Xenon Headlamp အမျိုးအစားများ ဖြစ်သည်။

ထိုမှတစ်ဖန် သွယ်လျလှပသည့် Aerodynamic Body Type ဘေးဘက်ကိုယ်ထည်ကို ဖန်တီးထားပြီး တံခါးအားလုံးတွင် Keyless Entry/Ignition စနစ် ပါရှိမည်ဖြစ်ကာ GT Line တွင်သာ သီးသန့်ပါရှိသည့် Black High Gloss Side Sill Molding ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ ထို့ပြင် လှပဆန်းသစ်သည့် ကားနောက်ဘက်ပိုင်းတွင် LED-Type Black-bezelled ဒီဇိုင်း နောက်မီးတန်းနှင့် Rear Diffuser and Exhaust Tail Trim တို့ကို တွေ့မြင်ရမည် ဖြစ်သည်။

ကားနောက်ဖုံးတပ်ဆင်ထားသည့် Smart Trank System ကလည်း ဝန်စည်များဖြင့် မအားလပ်သည့်ယာဉ်မောင်းအတွက် အထူးလွယ်ကူအဆင်ပြေစွာဖြင့် အလိုအလျောက် နောက်ဖုံးဖွင့်ပေးမည် ဖြစ်သည်။ ကားဘီးများတွင်လည်း GT Line အတွက်သာ ထုတ်လုပ်ထားသည့် ၁၈ လက်မ အလွိုင်းခွေများ တပ်ဆင်ပေးထားမည် ဖြစ်သည်။

2018 KIA Optima GT Line ၏ အတွင်းခန်းကို သပ်ရပ်လှပစွာ ဖန်တီးထားပြီး Sporty Design ဖြင့် ခင်းကျင်းထားပါသည်။ ထိုင်ခုံများ သည် GT-Emblazoned Sport Seat များဖြစ်ပြီး Red Leather Suede/Black Leather Suede အမျိုးအစားထိုင်ခုံများဖြစ်ကာ အရှေ့ဘက်ထိုင်ခုံများတွင် အပူ/အအေးပေးစနစ်များ ပါရှိပါမည်။

ထို့အတူ အနောက်ဘက် ထိုင်ခုံတန်းကို ၆ဝ/၄ဝ အချိုး ခေါက်သိမ်းနိုင်ပါမည်။ ယင်းသည် GT Line Version ဖြစ်၍ အတွင်းခန်းကို ထူးခြားစွာဖန်တီးထားပြီး Black Color Head Lining ၊ Real Aluminium Floor Console Cover စသည့် အခင်းအကျင်းများဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ထို့ပြင် ခေတ်မီနည်းပညာသုံးနှင့် တခြားစိတ်ဝင်စားဖွယ်ရာ လုပ်ဆောင်ချက်များ ဖြစ်ကြသည့် စပီကာ ၁ဝ လုံးနှင့် ရှစ်လက်မပတ်လည် Subwoofer ပါဝင်သည့် Harman/Kardon Premium Sound System ၊ Wireless Smartphone Charger ၊ Dual Zone Full Auto Temperature Control-DFATC ၊ Auto DeFog System ၊ Electronic Parking Brake-EPB ၊ Rear Power Outlet စသည့် ပါဝင်မှုများ စုံလင်စွာထည့်သွင်းထားပါသည်။

2018 KIA Optima GT Line တွင် အင်ဂျင်အနေဖြင့် Turbo GDi Engine ၊ Max Power 245 ps@6000 Rpm အင်ဂျင်နှင့် Electronically Control စနစ်ဖြင့်ဖန်တီးထားသည့် 6 Speed Automatic Gear Box တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။

2018 KIA Optima GT Line ၏ ကိုယ်ထည်ကို Advanced High Strength Steel ဖြင့် ဖန်တီးထား၍ အထူးခိုင်ခံ့ပြီး ကာလကြာရှည်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ပြင် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များဖြစ်ကြသည့် အသက်ကယ်လေအိတ်ခုနစ်လုံး၊ Electronics Control Suspension-ECS ၊ Parking Assist System-PSA ၊ Rear Cross Traffic Alert-RCTA စသည့် လုံခြုံရေးဆိုင်ရာပါဝင်မှုများ ကို စုံလင်စွာထည့်သွင်းထားပါသည်။

2018 KIA Optima GT Line ကို အပြင်အရောင်အနေဖြင့် အရောင် ငါးမျိုးရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၅၂,၅ဝဝ ဝန်းကျင်ဖြစ်ကာ ဝန်ဆောင်မှုအနေဖြင့် 7 Years/150000 km Warranty သတ်မှတ်၍ KIA Myanmar မှ ရောင်းချပေးမည်ဖြစ်သည်။

Read 736 times