လူငယ်များအကြိုက် Sport Type အမျိုးအစား 2018 Kawasaki Z 1000 ဆိုင်ကယ်


ဂျပန်နိုင်ငံထုတ် ဘီးကြီးဆိုင်ကယ် Sport Type အမျိုးအစားလို့ ပြော လိုက်တာနဲ့ အခုခေတ်မှာ Kawasaki အမှတ်တံဆိပ်ကိုပဲ ပြေးမြင်ကြပါ လိမ့်မယ်။

Kawasaki ဆိုင်ကယ်ဟာ မြန်မာနိုင်ငံကို Brand New အနေနဲ့ ဝင်ရောက်လာတာ သုံးနှစ်ကျော်ရှိလာပြီဖြစ်သလို အခုဆိုရင်လည်း လူငယ်အကြိုက် Kawasaki Z 1000 ဆိုင်ကယ်အမျိုးအစား ၂ဝ၁၈ မိုဒယ်ကို

UMG Motors ကနေ စတင် တင်သွင်းလာပါတယ်။ ဒါကြောင့် အခုတစ်ပတ် Motorbike Brand New ကဏနေ ဆိုင်ကယ်ချစ်သူတွေ အတွက် Kawasaki Z 1000 ဆိုင်ကယ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Kawasaki Z1000 ဆိုင်ကယ်ရဲ့ အင်ဂျင်ပါဝါဟာ 1000 CC နဲ့ ထုတ်လုပ်ထားသလို 4 Stroke အင်ဂျင်အမျိုးအစား အသုံးပြုထားပြီး ဆလင်ဒါ လေးလုံး အသုံးပြု တည်ဆောက်ထားတာကြောင့် လမ်းချော မှာ

အရှိန်နဲ့မောင်းချင်တဲ့ လူငယ်တွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။
အမြင့်ဆုံး အမြန်နှုန်းအနေနဲ့ 258 kmph မောင်းနှင်နိုင်မှာဖြစ်ပြီး အခု ၂ဝ၁၈ မိုဒယ်မှာ ကိုယ်ထည်ကြီးကြီးနဲ့ လက်ကိုင် Handle ကို Smart ကျအောင် ဖန်တီးပေးထားပါတယ်။

ထူးခြားတာက ဘရိတ်စနစ်ကို ABS စနစ် အသုံးပြုထားတဲ့အပြအင် နှစ်ဖက်ကုပ်အားရှိတဲ့ Dual Disc အသုံးပြုထားတာကြောင့် မြန်နှုန်းမြှင့် မောင်းနှင်တဲ့အချိန်မျိုးမှာ အရှိန်ကို တိတိကျကျနဲ့ ထိန်းချုပ်ပေးနိုင်မှာ ဖြစ်သလို

ရေတိုင်ကီ ပါဝင်တဲ့ Liquid Cooled စနစ် အသုံးပြုထားခြင်းကလည်း Highway သွားတဲ့အချိန်မျိုးမှာ အင်ဂျင်အပူနှုန်းကို များစွာလျော့ ကျစေမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ၂ဝ၁၈ မိုဒယ် Kawasaki Z1000 ဆိုင်ကယ်ကို Smart ဖြစ်စေမယ့် Naked Type နဲ့ ထုတ်လုပ်ပေးထားသလို အလူ မီနီယမ် Twin-tube Frame အသုံးပြုပေးထားတာကလည်း ဆိုင်ကယ် အရှိန်နှုန်းနဲ့

စီးနေရင်း ချိုင့်ခွက်တွေအပေါ် ဖြတ်သန်းမိတဲ့အချိန်မှာ ဆိုင် ကယ်ဝိတ်ကို မျှတစွာ ထိန်းညှိပေးစေမှာလည်း ဖြစ်ပါတယ်။

နောက်ထူးခြားမှုက နောက်ကြည့်မှန်တွေကို Die-cast Mirror အသုံးပြုထားတာကြောင့် နောက်မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင် နိုင်သလို နောက်ကြည့်မှန်တန်းကိုလည်း လဲတဲ့အခါမကျိုးပဲ့အောင် စနစ်တကျ

တည်ဆောက်ထားတာ တွေ့ရပါတယ်။ အခု ၂ဝ၁၈ မိုဒယ်မှာ ဆိုင်ကယ်ခွေရဲ့ဝိတ်ကို အရင် ၂ဝ၁၆ မိုဒယ်ထက် သုံးပေါင်ကျော်ကျော် လျော့အောင် လျှော့ချထုတ်လုပ်ပေးထားတာကြောင့် လူငယ်တွေ စီးနင်း တဲ့အခါ

ဆိုင်ကယ်ကို ပေါ့ပေါ့ပါးပါး ထိန်းနိုင်မှာလည်း ဖြစ်ပါတယ်။

၂ဝ၁၈ မိုဒယ်မှာ ရှေ့ LED မီးခွက်ဒီဇိုင်းကို အနည်းငယ်ပြောင်း ထားသလို EFI Type နဲ့ ထုတ်လုပ်ထားတာကြောင့် ဆိုင်ကယ်ဆီကိုတော့ အောက်တိန်း ၉၅ ဆီကိုပဲ အသုံးပြုသင့်ပြီး ဆီတိုင်ကီဟာ ၁၇ လီတာ

ဝင်ဆံ့တယ်လို့ Kawasaki ဆိုင်ကယ်ရဲ့ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် UMG Motors က သိရပါတယ်။

၂ဝ၁၈ မိုဒယ် Kawasaki Z 1000 Brand New သုညကီလိုကို အရောင်အနေနဲ့ နက်ပြာခဲရောင်နဲ့ အစိမ်းရောင် နှစ်မျိုး ထုတ်လုပ်ပေးထား ပြီး အင်ဂျင် တစ်နှစ်အာမခံ၊ ဒါမှမဟုတ် ကီလိုမီတာ ၁၂,ဝဝဝ အာမခံ

ပေးထားသလို တစ်စီးကို မြန်မာငွေ ကျပ်သိန်း ၂၁ဝ နဲ့ ရောင်းချပေးသွား မှာဖြစ်ပါတယ်။

Kawakai Z 1000 ဟာ အင်ဂျင်အရုန်းအဆွဲကောင်းပြီး အိပ်ဇော သံ ဆူညံမှု များစွာသက်သာစေတာကြောင့် လက်ရှိ နိုင်ငံတကာဈေးကွက်မှာ နာမည်ရထားသလို ထည်ဝါခံ့ညားတဲ့ ကိုယ်ထည်တည်ဆောက်မှု

ဒီဇိုင်းကြောင့် မြန်မာနိုင်ငံက Sport Type ကြိုက်တဲ့ လူငယ်တွေအတွက် ပိုပြီးစမတ်ကျစေမယ်လို့ UMG Motos မှ သိရပါတယ်။

Read 3415 times