အသွင်သစ် အမြင်သစ်များဖြင့် ဖန်တီးထုတ်လုပ်ထားသော 2018 Jaguar E-Pace


2018 Jaguar E-Pace သည် ကမ္ဘာကျော်ကားအမှတ်တံဆိပ် Jaguar ၏ ထင်ရှားလှသည့် Compact SUV ကားအမျိုးအစား ဖြစ်သည်။

E-Pace တွင် ဗြိတိသျှတို့၏ ခံ့ထည်မှုနှင့် အနုစိတ်လက်ရာ၊ ခေတ်မီဆန်းသစ်ပြီး Sporty ဖြစ်သည့် ဒီဇိုင်း၊ လက်တွေ့အသုံးပြုနိုင်ခြင်း စသည်တို့ကို ထင်ထင်ရှားရှားတွေ့မြင်ရမည်ဖြစ်ပြီး အဆင့်မြင့် AWD System ၊ ဆီစားသက်သာပြီး စွမ်းဆောင်ရည်မြင့်မားသည့် အင်ဂျင်စနစ်၊ နောက်ဆုံးပေါ်နည်းပညာသုံး Feature များနှင့် ဇိမ်ခံပစ္စည်းများ၊ အထူးအဆင့်မြင့် လုံခြုံရေးစနစ်များကိုလည်း ထည့်သွင်းထားသည့်အတွက် Compact SUV ချစ်ပရိသတ်များ အကြိုက်တွေ့စေမည်လည်း ဖြစ်သည်။

2018 Jaguar E-Pace ၏ အပြင်ဘက်ဒီဇိုင်းကို အထူးလှပဆန်းသစ်စွာ ဖန်တီးထားပြီး Jaguar Model များ၏ ဝင့်ကြွားမှုကို အခြေခံထားသည့်ပုံစံဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ 2018 Jaguar E-Pace သည် Compact SUV ဖြစ်သော်လည်း Sporty ဆန်စွာ မောင်းနှင်နိုင်ရန် အဓိကဖန်တီးထားသည့် Model ဖြစ်၍ အပြင်ဘက်ကိုယ်ထည်ဒီဇိုင်းကို ပေါ့ပါးသွက်လက်မှုရှိအောင် အလေးထား ဖန်တီးထားပါသည်။

လမ်းအခြေအနေမျိုးစုံအတွက် အထူးသက်သောင့်သက်သာမောင်းနှင်နိုင်ရန် Passive Suspension စနစ်များ ထည့်သွင်းထားပြီး Jaguar Drive Selector နှင့် Jaguar Drive Control တို့သည် E-Pace ကို ပေါ့ပါးသွက်လက်၍ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်သည့် မောင်းနှင်မှုကို ဖော်ဆောင်ပေးမည် ဖြစ်သည်။ အရှေ့ဘက်ရှဲလ်(Grille) သည် Black Mesh ဒီဇိုင်းဖြစ်ပြီး Chrome များဖြင့် လှပစွာဖန်တီးထားကာ Jaguar ၏ သကေင်္တ(ကျားသစ်ခေါင်း) ကိုလည်း ဝင့်ကြွားစွာ တွေ့မြင်ရပါမည်။

ရှေ့မီးကြီးများ၏ ဒီဇိုင်းကို ခေတ်ဆန်စွာ ဖန်တီးထားပြီး LED Headlamp with DTR Lighting အမျိုးအစား မီးကြီးများ ထည့်သွင်းထားပါသည်။ လေခွင်းအားကောင်းစွာတုံ့ပြန်နိုင်သည့် ဘေးဘက်ကိုယ်ထည်ဒီဇိုင်းကို တွေ့မြင်ရမည်ဖြစ်ပြီး ဆွဲဆောင်မှုရှိသည့် နောက်ဖုံးဧရိယာကိုလည်း ဖန်တီးပေးထားသည်။ E-Pace ၏ အနောက်ဘက်ခြမ်းတွင် ဆန်းသစ်လှပသည့် Taillight များ တပ်ဆင်ထားပြီး ကားနောက်ဖုံးသည် အလိုအလျောက်ဖွင့်/ပိတ်ပုံစံဖြစ်၍ အသုံးပြုသူများအတွက် များစွာအဆင်ပြေမှုရှိစေမည်ဖြစ်သည်။

2018 Jaguar E-Pace သည် ခရီးသည်ငါးဦး လိုက်ပါစီးနင်းနိုင်သည့် Compact SUV ဖြစ်ပြီး အတွင်းခန်းမှာ ကျယ်ဝန်းသပ်ရပ်သည့်အခင်းအကျင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။

ထိုင်ခုံများကို Soft Gain Perforated Leather ဖြင့် ချုပ်လုပ်ထားပြီး အရှေ့ဘက်ထိုင်ခုံနှစ်လုံးသည် အနေအထား ၁ဝ မျိုး ပြောင်းနိုင်ကာ ယာဉ်မောင်းထိုင်ခုံ၌ Driver Memory Setting ပါရှိပါသည်။

Dashboard Area ကို ခေတ်ဆန်၍ လှပသည့် ဒီဇိုင်းဖြင့် ဖန်တီးထားကာ Infotainment ဆိုင်ရာ ပါဝင်မှုများဖြစ်ကြသည့် SSD Navigation Systen ၊ 10 inch Full Color HD Touch Screen ၊ Media Hub with Bluetooth Audio Streaming စသည့် Feature များ စုံလင်စွာပါရှိပါသည်။ 2018 Jaguar E-Pace သည် ထိပ်တန်းအရည်အသွေးရှိသည့် ကားအမျိုးအစားဖြစ်၍ ယင်းတွင် အဆင့်မြင့်နည်းပညာသုံး ပါဝင်မှုများနှင့် အခြားစနစ်များစွာ ပါရှိကြပါသည်။

အဓိကပါဝင်သည့် Feature များမှာ Intelligent Stop/Start ၊ Forward Facing Camera ၊ 360 Degree Park Distance Control ၊ Heads-up Display ၊ Power Point Socket X2 ၊ Jaguar Sense ၊ Active Ventilated Front and Rear Seats ၊ 5 USB Ports ၊ Ambient Interior Lighting Phosphor Blue ၊ Rain Sensing Windscreen Wiper စသည်တို့ အဓိကပါဝင်ကြပါသည်။

2018 Jaguar E-Pace တွင် 2.0 L I4 Engine ဖြစ်သည့် ဓာတ်ဆီအင်ဂျင်နှင့် ဒီဇယ်အင်ဂျင်ဟူ၍ အမျိုးအစား နှစ်မျိုး ရွေးချယ်နိုင်ပြီး စွမ်းအင်ထွက်ရှိမှုအနေဖြင့် မြင်းကောင်ရေအား ၁၅ဝ မှ သုံးရာအထိ ထုတ်လုပ်ပေးနိုင်ပါသည်။ Gearbox များမှာ 9 Speed Auto Gear နှင့် 6 Speed Manual Gear တို့ရရှိနိုင်ပြီး 2018 Jaguar E-Pace သည် AWD System သုံးကား ဖြစ်သည်။

2018 Jaguar E-Pace တွင် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များစွာ ပါရှိကြပါသည်။ အဓိကပါဝင်သည့် Safety Feature များမှာ အသက်ကယ်လေအိတ် ၁၂ လုံး၊ ထိုင်ခုံအားလုံးအတွက် 3 Point Safety Belt များ တပ်ဆင်ထားမှု၊ Emergency Brake Assist-EBA ၊ Engine Drag Torque Control ၊ Dynamic Stability Control-DSC with Trac DSC Mode ၊ All Surface Progress Control ၊ Pedestrian Contact Sensing ၊ Front Seat Whiplash Reduction System စသည်တို့ ဖြစ်ကြသည်။

2018 Jaguar E-Pace Compact SUVသည် E-Pace ၊ E-Pace R Dynamic ဟူ၍ ပုံစံနှစ်မျိုးရရှိနိုင်ပြီး ယင်းတို့တွင် S ၊ SE ၊ HSE များ ပါရှိမည်ဖြစ်ကာ ဒီဇယ်အင်ဂျင်သုံးမျိုးနှင့် ဓာတ်ဆီအင်ဂျင် နှစ်မျိုးရရှိနိုင်ပါမည်။

ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ရှစ်သောင်းခွဲမှ ၁၁ဝ,ဝဝဝ အတွင်း ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်ရှစ်မျိုးအထိ ဝယ်ယူသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်လည်း ဖြစ်သည်။ ဝန်ဆောင်မှုအနေဖြင့် 3 Year Warranty up to 100000 km နှင့် 5 Years Free Services တို့ကိုလည်း Jaguar Land Rover Myanmar မှ သတ်မှတ်ပေးထားသည်။

 

Read 648 times